Premier League Serie A Transfer News

မန္စီးတီးအေနနဲ႔ ကူလီေဘလီကို လိုအပ္တယ္လို႔ ေထာက္ခံလုိက္တဲ့ ရစ္ခ်တ္ဒန္း

မန္ခ်က္စတာစီးတီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္း ရစ္ခ်တ္ဒန္းက အသင္းအေနနဲ႔ လက္ရွိခံစစ္ပုိင္းမွာ ဟန္ခ်က္မညီျဖစ္ေနမွဳအေပၚ ဦးေဆာင္မွဳေပးႏုိင္မယ့္ ကစားသမားေကာင္းတစ္ဦး လိုအပ္ေနၿပီး ဒီေနရာအတြက္ ခါလီဒူး ကူလီေဘလီဟာ အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ ေျပာၾကားလုိက္ပါတယ္။

နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဗင္းဆန္႔ ကြန္ပနီအသင္းကေန ထြက္ခြာသြားၿပီးေနာက္ပုိင္းမွာ ဒီေနရာအတြက္ တည္ၿငိမ္ၿပီး က်ားကုတ္က်ားခဲ ဖ်က္ထုတ္ႏုိင္မယ့္ ခံစစ္မွဴးမ်ဳိးကို ပုိင္ဆုိင္ထားျခင္းမရွိေသးသလို ဒီေနရာအတြက္ ကြင္းလယ္အဖ်က္ကစားသမားေတြကိုပါ အသုံးျပဳခဲ့ရၿပီး အသင္းရဲ႕ ဖလားေတြ လက္လႊတ္ရမွဳမွာ ဒါက အဓိက အေၾကာင္းလည္းျဖစ္ခဲ့ပါတယ္။

“ခံစစ္မွာလား… လူေတြေတာ့ ရွိတာေပါ့ဗ်ာ။ စတုန္းစ္နဲ႔ ေအာ့တာမန္ဒီတုိ႔ ရွိတယ္၊ အဲရစ္ ဂါစီယာလည္း ဝင္ကစားေနတယ္။ သူတုိ႔ေတြ ကစားတဲ့ ကစားပုံအရ လက္ရွိကစားသမားေတြက ကစားလို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ ကြန္ပနီ မရွိကတည္း ဦးေဆာင္သူ မဲ့ေနတာျဖစ္ၿပီး သူရွိတုန္းကလည္း သူ႕ရဲ႕ ဒဏ္ရာရခ်ိန္ေတြမွာ ဒီလိုပဲျဖစ္သြားတတ္ပါတယ္”

“အခု ကူလီေဘလီအေၾကာင္း ေျပာဖို႔ အခ်ိန္ေရာက္ေတာ့ သူက အဓိကကစားသမားေတြကို ေခၚယူေနက် အသက္ထက္ နည္းနည္းလြန္ေနတာက ျပႆနာျဖစ္ေပမယ့္ တကယ္တမ္းေတာ့ သူ႕လို ေခါင္းေဆာင္မ်ဳိးကို လိုအပ္ပါတယ္။ အူပါမီကာႏုိရဲ႕ ကစားပုံက ပုိေကာင္းတယ္ဆုိေပမယ့္လည္း သူကေတာ့ အသင္းရဲ႕ အာ႐ုံစူးစိုက္မွဳ လြတ္ေနတာေတြကို ထိန္းသိမ္းေပးဖို႔ ျဖစ္ႏုိင္မွာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တုိ႔ တကယ္လိုေနတာ ေခါင္းေဆာင္အျဖစ္ တာဝန္ယူေပးမယ့္သူမ်ဳိးပါ”လုိ႔ ရစ္ခ်တ္ဒန္းက သုံးသပ္လိုက္ပါတယ္။

ဒါ့အျပင္ ရစ္ခ်တ္ဒန္းက အသင္းရဲ႕ ခံစစ္ကစားပုံ ခ်ဳိ႕ယြင္းတာအတြက္ ေနာက္ခံလူေတြကိုခ်ည္းပဲ အျပစ္တင္လုိ႔ မရႏုိင္ဘဲ နည္းျပမွာလည္း တာဝန္ရွိေၾကာင္း၊ ဂြါဒီယိုလာရဲ႕ စဥ္ဆက္မျပတ္ တုိက္စစ္ကစားေနတဲ့အခ်ိန္မ်ဳိးမွာ ကြင္းလယ္နဲ႔ အဖ်က္ပုိင္းေတြက ကစားသမားေတြရဲ႕ အာ႐ုံစူးစိုက္မွဳ တစ္ခ်က္လြတ္တာနဲ႔ ဂိုးေပးေနရတာကိုလည္း ေတြ႕ရေၾကာင္းဆုိပါတယ္။

“ဒါက စီးတီးအတြက္ေတာ့ ခက္တဲ့ ကိစၥပဲဗ်။ အျမဲတမ္း တုိက္စစ္ကစားဖို႔ ေတြးထားၿပီးမွ ခံစစ္ျပန္ကစားဖို႔ ခ်က္ခ်င္းေျပာင္းလဲခ်ိန္မွာ သူတုိ႔ေတြ အငိုက္ဖမ္းခံရတာပဲ။ ကစားပုံက ခ်ီးက်ဴးေလာက္ေအာင္ ေကာင္းရဲ႕သားနဲ႔ ဒီလိုမ်ဳိး တုံ႔ျပန္ခံရခ်ိန္ေတြမွာ မတားဆီးႏုိင္တာက ဆုိးပါတယ္။ သူတို႔ေတြမွာ လိုအပ္ေနတာကေတာ့ အေတြ႕အႀကဳံနဲ႔ ေခါင္းေဆာင္မွဳျဖစ္ၿပီး ဒါေတြကို ပုိင္ဆုိင္ထားမွ ခံစစ္ကို စုစည္းညႊန္ၾကားေပးႏုိင္မွာပါ”လို႔ သူက ေျပာပါတယ္။

မန္စီးတီးအသင္းမွာ ၉ ႏွစ္ၾကာ ကစားခဲ့ဖူးၿပီး အသင္းရဲ႕ တစ္ရာသီစာ အေကာင္းဆုံးကစားသမားဆုကို ေလးႏွစ္ဆက္တုိက္ ရယူခဲ့ဖူးတဲ့ အုိင္ယာလန္ေနာက္ခံလူေဟာင္းႀကီးဟာ ပရီးမီးယားလိဂ္မွာေတာ့ မွတ္တမ္းဆိုးႏွစ္ခုျဖစ္တဲ့ အနီကတ္အထိဆုံး စံခ်ိန္နဲ႔ ကိုယ့္ဂိုးကိုယ္ အမ်ားဆုံးသြင္းတဲ့ စံခ်ိန္ေတြကို ပိုင္ဆုိင္ထားသူလည္းျဖစ္ၿပီး အသင္းအတြက္ေတာ့ ၃၅၂ ပြဲ ကစားထားခဲ့သူ ခံစစ္မွဴးတစ္ေယာက္အေနနဲ႔ ခုလို သုံးသပ္သြားခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ရစ်ချတ်ဒန်းက အသင်းအနေနဲ့ လက်ရှိခံစစ်ပိုင်းမှာ ဟန်ချက်မညီဖြစ်နေမှုအပေါ် ဦးဆောင်မှုပေးနိုင်မယ့် ကစားသမားကောင်းတစ်ဦး လိုအပ်နေပြီး ဒီနေရာအတွက် ခါလီဒူး ကူလီဘေလီဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အသင်းခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွန်ပနီအသင်းကနေ ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ဒီနေရာအတွက် တည်ငြိမ်ပြီး ကျားကုတ်ကျားခဲ ဖျက်ထုတ်နိုင်မယ့် ခံစစ်မှူးမျိုးကို ပိုင်ဆိုင်ထားခြင်းမရှိသေးသလို ဒီနေရာအတွက် ကွင်းလယ်အဖျက်ကစားသမားတွေကိုပါ အသုံးပြုခဲ့ရပြီး အသင်းရဲ့ ဖလားတွေ လက်လွှတ်ရမှုမှာ ဒါက အဓိက အကြောင်းလည်းဖြစ်ခဲ့ပါတယ်။

“ခံစစ်မှာလား… လူတွေတော့ ရှိတာပေါ့ဗျာ။ စတုန်းစ်နဲ့ အော့တာမန်ဒီတို့ ရှိတယ်၊ အဲရစ် ဂါစီယာလည်း ဝင်ကစားနေတယ်။ သူတို့တွေ ကစားတဲ့ ကစားပုံအရ လက်ရှိကစားသမားတွေက ကစားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကွန်ပနီ မရှိကတည်း ဦးဆောင်သူ မဲ့နေတာဖြစ်ပြီး သူရှိတုန်းကလည်း သူ့ရဲ့ ဒဏ်ရာရချိန်တွေမှာ ဒီလိုပဲဖြစ်သွားတတ်ပါတယ်”

“အခု ကူလီဘေလီအကြောင်း ပြောဖို့ အချိန်ရောက်တော့ သူက အဓိကကစားသမားတွေကို ခေါ်ယူနေကျ အသက်ထက် နည်းနည်းလွန်နေတာက ပြဿနာဖြစ်ပေမယ့် တကယ်တမ်းတော့ သူ့လို ခေါင်းဆောင်မျိုးကို လိုအပ်ပါတယ်။ အူပါမီကာနိုရဲ့ ကစားပုံက ပိုကောင်းတယ်ဆိုပေမယ့်လည်း သူကတော့ အသင်းရဲ့ အာရုံစူးစိုက်မှု လွတ်နေတာတွေကို ထိန်းသိမ်းပေးဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တကယ်လိုနေတာ ခေါင်းဆောင်အဖြစ် တာဝန်ယူပေးမယ့်သူမျိုးပါ”လို့ ရစ်ချတ်ဒန်းက သုံးသပ်လိုက်ပါတယ်။

ဒါ့အပြင် ရစ်ချတ်ဒန်းက အသင်းရဲ့ ခံစစ်ကစားပုံ ချို့ယွင်းတာအတွက် နောက်ခံလူတွေကိုချည်းပဲ အပြစ်တင်လို့ မရနိုင်ဘဲ နည်းပြမှာလည်း တာဝန်ရှိကြောင်း၊ ဂွါဒီယိုလာရဲ့ စဉ်ဆက်မပြတ် တိုက်စစ်ကစားနေတဲ့အချိန်မျိုးမှာ ကွင်းလယ်နဲ့ အဖျက်ပိုင်းတွေက ကစားသမားတွေရဲ့ အာရုံစူးစိုက်မှု တစ်ချက်လွတ်တာနဲ့ ဂိုးပေးနေရတာကိုလည်း တွေ့ရကြောင်းဆိုပါတယ်။

“ဒါက စီးတီးအတွက်တော့ ခက်တဲ့ ကိစ္စပဲဗျ။ အမြဲတမ်း တိုက်စစ်ကစားဖို့ တွေးထားပြီးမှ ခံစစ်ပြန်ကစားဖို့ ချက်ချင်းပြောင်းလဲချိန်မှာ သူတို့တွေ အငိုက်ဖမ်းခံရတာပဲ။ ကစားပုံက ချီးကျူးလောက်အောင် ကောင်းရဲ့သားနဲ့ ဒီလိုမျိုး တုံ့ပြန်ခံရချိန်တွေမှာ မတားဆီးနိုင်တာက ဆိုးပါတယ်။ သူတို့တွေမှာ လိုအပ်နေတာကတော့ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုဖြစ်ပြီး ဒါတွေကို ပိုင်ဆိုင်ထားမှ ခံစစ်ကို စုစည်းညွှန်ကြားပေးနိုင်မှာပါ”လို့ သူက ပြောပါတယ်။

မန်စီးတီးအသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ဖူးပြီး အသင်းရဲ့ တစ်ရာသီစာ အကောင်းဆုံးကစားသမားဆုကို လေးနှစ်ဆက်တိုက် ရယူခဲ့ဖူးတဲ့ အိုင်ယာလန်နောက်ခံလူဟောင်းကြီးဟာ ပရီးမီးယားလိဂ်မှာတော့ မှတ်တမ်းဆိုးနှစ်ခုဖြစ်တဲ့ အနီကတ်အထိဆုံး စံချိန်နဲ့ ကိုယ့်ဂိုးကိုယ် အများဆုံးသွင်းတဲ့ စံချိန်တွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး အသင်းအတွက်တော့ ၃၅၂ ပွဲ ကစားထားခဲ့သူ ခံစစ်မှူးတစ်ယောက်အနေနဲ့ ခုလို သုံးသပ်သွားခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.