Premier League

အာတီတာနဲ့ အာဆင်နယ်အတွက် စိုးရိမ်နေတဲ့အရာကို ပြောပြခဲ့တဲ့ ဂယ်ရီ နဗီး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်အသင်းနဲ့ အတွေ့အကြုံမရှိတဲ့ နည်းပြ အာတီတာနဲ့ပတ်သက်ပြီး ၎င်းရဲ့ စိုးရိမ်ပူပင်နေမှုကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာတီတာဟာ အမ်းမရိတ်စ်မှာ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေခဲ့တာ ၂ နှစ်ခွဲ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ ၂၀၂၀ ခုနှစ်မှာ အက်ဖ်အေဖလား ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဥရောပမှာတော့ တိုးမပေါက်သေးတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၄ နေရာနဲ့ ရာသီပြီးဆုံးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အာတီတာရဲ့အသင်းဟာ ရာသီနှောင်းပိုင်းမှာ ခြေချော်သွားခဲ့တာကြောင့် မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်အသင်းက အဆင့် ၄ နေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ယခုရာသီမှာ အာဆင်နယ်က ပရိသတ်တွေအနေနဲ့ အာတီတာရဲ့ နောက်မှာ ရပ်တည်ဖို့ မျှော်လင့်နေပေမယ့် စပိန်လူမျိုးနည်းပြနဲ့ပတ်သက်ပြီး သံသယတွေရှိနေဆဲဆိုတာ ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီရာသီ အာတီတာရဲ့နောက်မှာ ပရိသတ်တွေ ရပ်တည်ပေးမယ်လို့ တကယ်မျှော်လင့်မိပါတယ်။ တကယ့်ကို အစစ်အမှန် မျှော်လင့်မိပါတယ်။ လူငယ်နည်းပြနဲ့ပတ်သက်လို့ အတွေ့အကြုံပိုင်းကိုပဲ ကျွန်တော် စိတ်ပူတယ်။ မျှမျှတတ ပြောရမယ်ဆိုရင် အဲဒါက အခြေမခိုင်ပါဘူး။ သက်သေက ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်က ထိပ်ဆုံး ၄ နေရာအတွင်းမှာ ရာသီပြီးဆုံးခဲ့သင့်ပါတယ်”

“ဒါပေမယ့် အဆုံးမှာတော့ အတွေ့အကြုံရှိတဲ့ အန်တိုနီယို ကွန်တီက၊ အတွေ့အကြုံရှိတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကပဲ စားသွားတာပဲ။ အဲဒီပြိုင်ပွဲမှာ စပါးစ်ရဲ့ အဲဒီည အတွေအကြုံက အာဆင်နယ်က ဘယ်လောက်အထိ နုံအလဲဆိုတာနဲ့ ဘယ်လောက်အထိ အရည်အသွေး ကင်းမဲ့နေလဲဆိုတာကို သတိပေးသွားခဲ့တာပါ။ ကျွန်တော့်စိုးရိမ်မှုက အဲဒီအရာသက်သက်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီမှာ နောက်ထပ်တစ်ကြိမ် အလုပ်များတဲ့ နွေရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ဂါဘရီယယ်လ် ဂျေဆူးစ်၊ ဇင်ချန်ကို၊ ဖေဘီယို ဗီယာရာတို့ကို အမ်းမရိတ်စ်ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နဗီးက အာဆင်နယ်လူစာရင်းထဲမှာ ခေါင်းဆောင် ကင်းမဲ့နေဆဲဖြစ်ပြီး ချဲလ်ဆီးနဲ့ မန်ချက်စတယူနိုက်တက်သာ ပေါက်ကရမဖြစ်ဘူးဆိုရင် ယခုရာသီမှာလည်း ထိပ်ဆုံး ၄ နေရာကို လွဲချော်လိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

“အတွေ့အကြုံက ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ မရှိသေးပါဘူး။ ကျွန်တော် ဇင်ချန်ကို ကစားတာကို စောင့်ကြည့်ခဲ့တယ်။ ဒါပေမယ့် သူက ခေါင်းဆောင်မဟုတ်ပါဘူး။ ကျွန်တော် သူ့ကို နှစ်သက်ပေမယ့် သူက ခေါင်းဆောင်တစ်ယောက်မဟုတ်ပါဘူး။ သူ ရာသီရဲ့ ခက်ခဲတဲ့အခိုက်အတန့်မှာ အားလုံးကို အတူတူ စုစည်းနိုင်ပါ့မလားဆိုရင်တော့ သူ လုပ်ကောင်းလုပ်နိုင်ပါတယ်”

“ကျွန်တော် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုတွေကို နှစ်သက်ပါတယ်။ ခင်ဗျား လုပ်ခဲ့တာမှန်သမျှ အားလုံးကို ကျွန်တော် နှစ်သက်တယ်။ ပြီးခဲ့တဲ့ရာသီ အဆုံးမှာ ခြေချော်ခဲ့တာကြောင့် စိတ်ပျက်ခဲ့ကြတဲ့ အာဆင်နယ်ကစားသမားတွေ ရှိနေပါလိမ့်မယ်။ အဲဒီတော့ သူတို့တွေ နောက်ထပ်တစ်ကြိမ် တူညီတဲ့အခြေအနေရဲ့ ရိုက်ခတ်တာကို ခံရတဲ့အချိန်မှာ လုံလောက်တဲ့ အတွေ့အကြုံ ရှိထားပြီးသားဖြစ်နေပါပြီ။ သူတို့တွေ ၁၀ ပွဲလောက်ပဲ ကစားဖို့ ကျန်တော့ပြီး ဖိအားတွေအောက် ရောက်နေတဲ့အချိန်မှာ နောက်ထပ်တစ်ကြိမ် တူညီတဲ့အရာကို မလုပ်တော့ဘူးဆိုတာကို သေချာအောင် ကွင်းထဲမှာ သူတို့ကို ဘယ်သူက ဦးဆောင်မှာလဲ”

“အဲဒီအခိုက်အတန့်က ရောက်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက တတိယ သို့မဟုတ် စတုတ္ထနေရာအတွက် ယှဉ်ပြိုင်ကြမယ်လို့ ကျွန်တော် ထင်လို့ပါ။ အတိတ်က အာဆင်နယ်က ပျက်ပြယ်သွားခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့က သူတို့ရှိနေတဲ့နေရာနဲ့ပတ်သက်ပြီး နည်းနည်းတော့ ရုန်းကန်နေရတယ်ဆိုတာ ကျွန်တော် သိပြီး သူတို့တွေ အဲဒါကို ဒေါသထွက်ကောင်း ထွက်နိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ် ထိပ်ဆုံး ၄ နေရာထဲ ဝင်နိုင်ဖို့အတွက်က သူတို့တွေ ၂ သင်းစလုံး ခြေချော်မှ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက အာဆင္နယ္အသင္းနဲ႔ အေတြ႕အႀကဳံမရွိတဲ့ နည္းျပ အာတီတာနဲ႔ပတ္သက္ၿပီး ၎ရဲ႕ စိုးရိမ္ပူပင္ေနမႈကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

အာတီတာဟာ အမ္းမရိတ္စ္မွာ နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနခဲ့တာ ၂ ႏွစ္ခြဲ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ ၂၀၂၀ ခုႏွစ္မွာ အက္ဖ္ေအဖလား ရရွိခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ဥေရာပမွာေတာ့ တိုးမေပါက္ေသးတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၄ ေနရာနဲ႔ ရာသီၿပီးဆုံးၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျပန္လည္ပါဝင္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အာတီတာရဲ႕အသင္းဟာ ရာသီေႏွာင္းပိုင္းမွာ ေျခေခ်ာ္သြားခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္အသင္းက အဆင့္ ၄ ေနရာကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ယခုရာသီမွာ အာဆင္နယ္က ပရိသတ္ေတြအေနနဲ႔ အာတီတာရဲ႕ ေနာက္မွာ ရပ္တည္ဖို႔ ေမွ်ာ္လင့္ေနေပမယ့္ စပိန္လူမ်ိဳးနည္းျပနဲ႔ပတ္သက္ၿပီး သံသယေတြရွိေနဆဲဆိုတာ ဝန္ခံသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီရာသီ အာတီတာရဲ႕ေနာက္မွာ ပရိသတ္ေတြ ရပ္တည္ေပးမယ္လို႔ တကယ္ေမွ်ာ္လင့္မိပါတယ္။ တကယ့္ကို အစစ္အမွန္ ေမွ်ာ္လင့္မိပါတယ္။ လူငယ္နည္းျပနဲ႔ပတ္သက္လို႔ အေတြ႕အႀကဳံပိုင္းကိုပဲ ကြၽန္ေတာ္ စိတ္ပူတယ္။ မွ်မွ်တတ ေျပာရမယ္ဆိုရင္ အဲဒါက အေျခမခိုင္ပါဘူး။ သက္ေသက ရွိေနပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္က ထိပ္ဆုံး ၄ ေနရာအတြင္းမွာ ရာသီၿပီးဆုံးခဲ့သင့္ပါတယ္”

“ဒါေပမယ့္ အဆုံးမွာေတာ့ အေတြ႕အႀကဳံရွိတဲ့ အန္တိုနီယို ကြန္တီက၊ အေတြ႕အႀကဳံရွိတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကပဲ စားသြားတာပဲ။ အဲဒီၿပိဳင္ပြဲမွာ စပါးစ္ရဲ႕ အဲဒီည အေတြအႀကဳံက အာဆင္နယ္က ဘယ္ေလာက္အထိ ႏုံအလဲဆိုတာနဲ႔ ဘယ္ေလာက္အထိ အရည္အေသြး ကင္းမဲ့ေနလဲဆိုတာကို သတိေပးသြားခဲ့တာပါ။ ကြၽန္ေတာ့္စိုးရိမ္မႈက အဲဒီအရာသက္သက္ပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ယခုေႏြရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ အလုပ္မ်ားတဲ့ ေႏြရာသီကို ျဖတ္သန္းေနတာျဖစ္ၿပီး ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ ဇင္ခ်န္ကို၊ ေဖဘီယို ဗီယာရာတို႔ကို အမ္းမရိတ္စ္ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ နဗီးက အာဆင္နယ္လူစာရင္းထဲမွာ ေခါင္းေဆာင္ ကင္းမဲ့ေနဆဲျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတယူႏိုက္တက္သာ ေပါက္ကရမျဖစ္ဘူးဆိုရင္ ယခုရာသီမွာလည္း ထိပ္ဆုံး ၄ ေနရာကို လြဲေခ်ာ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

“အေတြ႕အႀကဳံက ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ မရွိေသးပါဘူး။ ကြၽန္ေတာ္ ဇင္ခ်န္ကို ကစားတာကို ေစာင့္ၾကည့္ခဲ့တယ္။ ဒါေပမယ့္ သူက ေခါင္းေဆာင္မဟုတ္ပါဘူး။ ကြၽန္ေတာ္ သူ႔ကို ႏွစ္သက္ေပမယ့္ သူက ေခါင္းေဆာင္တစ္ေယာက္မဟုတ္ပါဘူး။ သူ ရာသီရဲ႕ ခက္ခဲတဲ့အခိုက္အတန႔္မွာ အားလုံးကို အတူတူ စုစည္းႏိုင္ပါ့မလားဆိုရင္ေတာ့ သူ လုပ္ေကာင္းလုပ္ႏိုင္ပါတယ္”

“ကြၽန္ေတာ္ အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕ေဈးကြက္လႈပ္ရွားမႈေတြကို ႏွစ္သက္ပါတယ္။ ခင္ဗ်ား လုပ္ခဲ့တာမွန္သမွ် အားလုံးကို ကြၽန္ေတာ္ ႏွစ္သက္တယ္။ ၿပီးခဲ့တဲ့ရာသီ အဆုံးမွာ ေျခေခ်ာ္ခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ၾကတဲ့ အာဆင္နယ္ကစားသမားေတြ ရွိေနပါလိမ့္မယ္။ အဲဒီေတာ့ သူတို႔ေတြ ေနာက္ထပ္တစ္ႀကိမ္ တူညီတဲ့အေျခအေနရဲ႕ ႐ိုက္ခတ္တာကို ခံရတဲ့အခ်ိန္မွာ လုံေလာက္တဲ့ အေတြ႕အႀကဳံ ရွိထားၿပီးသားျဖစ္ေနပါၿပီ။ သူတို႔ေတြ ၁၀ ပြဲေလာက္ပဲ ကစားဖို႔ က်န္ေတာ့ၿပီး ဖိအားေတြေအာက္ ေရာက္ေနတဲ့အခ်ိန္မွာ ေနာက္ထပ္တစ္ႀကိမ္ တူညီတဲ့အရာကို မလုပ္ေတာ့ဘူးဆိုတာကို ေသခ်ာေအာင္ ကြင္းထဲမွာ သူတို႔ကို ဘယ္သူက ဦးေဆာင္မွာလဲ”

“အဲဒီအခိုက္အတန႔္က ေရာက္လာပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက တတိယ သို႔မဟုတ္ စတုတၳေနရာအတြက္ ယွဥ္ၿပိဳင္ၾကမယ္လို႔ ကြၽန္ေတာ္ ထင္လို႔ပါ။ အတိတ္က အာဆင္နယ္က ပ်က္ျပယ္သြားခဲ့ၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ မန္ယူႏိုက္တက္တို႔က သူတို႔ရွိေနတဲ့ေနရာနဲ႔ပတ္သက္ၿပီး နည္းနည္းေတာ့ ႐ုန္းကန္ေနရတယ္ဆိုတာ ကြၽန္ေတာ္ သိၿပီး သူတို႔ေတြ အဲဒါကို ေဒါသထြက္ေကာင္း ထြက္ႏိုင္ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ ထိပ္ဆုံး ၄ ေနရာထဲ ဝင္ႏိုင္ဖို႔အတြက္က သူတို႔ေတြ ၂ သင္းစလုံး ေျခေခ်ာ္မွ ျဖစ္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.