Premier League

တန်ဟက်ဂ်ရဲ့ ပြစ်တင်ဝေဖန်မှုကို တုံ့ပြန်လိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေးဟာ စစချင်း ဆောက်နဲ့ထွင်းဆိုသလို ဖြစ်နေပြီဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ဒတ်ချ်နည်းပြကို ဒေါသထွက်နေတယ်လို့ သိရပါတယ်။

ဗုဒ္ဓဟူးနေ့မှာ တန်ဟက်ဂ်က ဗယ်လက်ကာနိုနဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ ချစ်ကြည်ရေးပွဲစဉ်မပြီးခင် စောစီးစွာ ထွက်ခွာခဲ့တဲ့ ရော်နယ်လ်ဒိုအပါအဝင် အသင်းကစားသမားအများအပြားရဲ့ လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ စပိန်လာလီဂါကလပ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမဆုံး ရာသီကြိုခြေစမ်းပွဲအဖြစ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခံရပြီးနောက် ပွဲမပြီးခင်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့က အသင်းအဖွဲ့ဖြစ်ပြီး အဲဒါက ခင်ဗျား အဆုံးအထိ ဆက်နေရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါက လက်မခံနိုင်စရာပါပဲ။ အစောကြီး ပြန်သွားခဲ့တဲ့သူအားလုံးရဲ့ လုပ်ရပ်အတွက်ပါ”လို့ တန်ဟက်ဂ် ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ Daily Star ရဲ့ဖော်ပြချက်အရ ရော်နယ်လ်ဒိုဟာ တန်ဟက်ဂ်ရဲ့ လူသိရှင်ကြား ပြစ်တင်ဝေဖန်မှုနဲ့ ပတ်သက်ပြီး ဒေါသထွက်ခဲ့ပြီး လက်ရှိမှာတော့ အရင်ကထက် အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်နေပြီလို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၄ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ ယခုနွေရာသီအစောပိုင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ကစားချင်တာကြောင့် အသင်းကို စွန့်ခွာချင်တဲ့အကြောင်း အသိပေးခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းတွေဆီကနေ ကမ်းလှမ်းမှုတွေ ရောက်မလာပေမယ့် ရော်နယ်လ်ဒိုဟာ တန်ဟက်ဂ်ရဲ့ ဝေဖန်ပြစ်တင်မှုအပြီးမှာ နည်းပြသစ်နဲ့ ဆက်ဆံရေး ဘယ်လိုမှ ကောင်းလာနိုင်စရာမရှိတော့တာကြောင့် အသင်းကို စွန့်ခွာဖို့ ထပ်မံ အားထုတ်သွားဖို့ ပြင်ဆင်နေပုံပေါ်ပါတယ်။

တန်ဟက်ဂ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂၀၂၂-၂၀၂၃ ရာသီအဖွင့်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ စနေနေ့မှာ ကစားရမယ့်ပွဲစဉ်အတွက် လူစာရင်းမှာ ရော်နယ်လ်ဒိုကို အရန်ခုံထိုင်ခိုင်းထားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္နဲ႔ ဆက္ဆံေရးဟာ စစခ်င္း ေဆာက္နဲ႔ထြင္းဆိုသလို ျဖစ္ေနၿပီျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ဒတ္ခ်္နည္းျပကို ေဒါသထြက္ေနတယ္လို႔ သိရပါတယ္။

ဗုဒၶဟူးေန႔မွာ တန္ဟက္ဂ္က ဗယ္လက္ကာႏိုနဲ႔ ကစားခဲ့တဲ့ တနဂၤေႏြေန႔ ခ်စ္ၾကည္ေရးပြဲစဥ္မၿပီးခင္ ေစာစီးစြာ ထြက္ခြာခဲ့တဲ့ ေရာ္နယ္လ္ဒိုအပါအဝင္ အသင္းကစားသမားအမ်ားအျပားရဲ႕ လုပ္ရပ္ဟာ လက္မခံႏိုင္စရာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ စပိန္လာလီဂါကလပ္အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပထမဆုံး ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ခံရၿပီးေနာက္ ပြဲမၿပီးခင္မွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာသြားတဲ့ ဓာတ္ပုံေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က အသင္းအဖြဲ႕ျဖစ္ၿပီး အဲဒါက ခင္ဗ်ား အဆုံးအထိ ဆက္ေနရမယ္ဆိုတဲ့ အဓိပၸာယ္ပါ။ ဒါက လက္မခံႏိုင္စရာပါပဲ။ အေစာႀကီး ျပန္သြားခဲ့တဲ့သူအားလုံးရဲ႕ လုပ္ရပ္အတြက္ပါ”လို႔ တန္ဟက္ဂ္ ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။ Daily Star ရဲ႕ေဖာ္ျပခ်က္အရ ေရာ္နယ္လ္ဒိုဟာ တန္ဟက္ဂ္ရဲ႕ လူသိရွင္ၾကား ျပစ္တင္ေဝဖန္မႈနဲ႔ ပတ္သက္ၿပီး ေဒါသထြက္ခဲ့ၿပီး လက္ရွိမွာေတာ့ အရင္ကထက္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္ေနၿပီလို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို အံ့အားသင့္ဖြယ္ ျပန္လည္ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၄ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ယခုေႏြရာသီအေစာပိုင္းမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာသာ ကစားခ်င္တာေၾကာင့္ အသင္းကို စြန႔္ခြာခ်င္တဲ့အေၾကာင္း အသိေပးခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္အသင္းေတြဆီကေန ကမ္းလွမ္းမႈေတြ ေရာက္မလာေပမယ့္ ေရာ္နယ္လ္ဒိုဟာ တန္ဟက္ဂ္ရဲ႕ ေဝဖန္ျပစ္တင္မႈအၿပီးမွာ နည္းျပသစ္နဲ႔ ဆက္ဆံေရး ဘယ္လိုမွ ေကာင္းလာႏိုင္စရာမရွိေတာ့တာေၾကာင့္ အသင္းကို စြန႔္ခြာဖို႔ ထပ္မံ အားထုတ္သြားဖို႔ ျပင္ဆင္ေနပုံေပၚပါတယ္။

တန္ဟက္ဂ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ၂၀၂၂-၂၀၂၃ ရာသီအဖြင့္ပြဲစဥ္အျဖစ္ ဘ႐ိုက္တန္နဲ႔ စေနေန႔မွာ ကစားရမယ့္ပြဲစဥ္အတြက္ လူစာရင္းမွာ ေရာ္နယ္လ္ဒိုကို အရန္ခုံထိုင္ခိုင္းထားဖို႔ ဆုံးျဖတ္ထားတယ္လို႔ ေျပာၾကားထားခဲ့ၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.