Premier League Transfer News

ချဲလ်ဆီးပရိသတ်တွေရဲ့အပျော်ကို ဖျက်ဆီးလိုက်တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းဟာ ချဲလ်ဆီးအသင်းက စပိန်နောက်ခံကစားသမားကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပြီလို့ သတင်းအများအပြားက ဖော်ပြခဲ့ကြပေမယ့်လည်း ကူကူရယ်လာအတွက် ဘာသဘောတူညီမှုမှ ရရှိခဲ့တာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်းဌာန အများအပြားက ချဲလ်ဆီးအသင်းဟာ ဘရိုက်တန် ဘယ်နောက်ခံကစားသးမား ကူကူရယ်လာအတွက် ပေါင် ၅၂.၅ သန်းဝန်းကျင်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ဖော်ပြခဲ့တာဖြစ်ပြီး စပိန်နောက်ခံကစားသမားဟာ ယခုနွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့တဲ့သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး အပြောင်းအရွှေ့ ပြီးမြောက်တဲ့အခါမှာ ကြေညာတဲ့အနေနဲ့ ပြောကြားလေ့ရှိတဲ့ ၎င်းရဲ့ လူသိများတဲ့ ‘Here we go’ကို တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရိုက်တန်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ လူသိရှင်ကြား ထုတ်ပြန်ကြေညာချက် ထုတ်ပြီး ပုံမှန်မဟုတ်တဲ့ ခြေလှမ်းကို လှမ်းခဲ့ပြီး သတင်းတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

“ယနေ့ညနေမှာ သတင်းဌာနအများအပြားကနေ ဖော်ပြခဲ့တဲ့ မမှန်ကန်တဲ့ သတင်းတွေကို ဆန့်ကျင်ပြီး မာ့စ် ကူကူရယ်လာကို ဘယ်အသင်းနဲ့မှ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့ခြင်းမရှိပါဘူး”လို့ ဘရိုက်တန်အသင်းက ၎င်းတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေ ရေးသားခဲ့ပါတယ်။

ပြောဆိုဆွေးနွေးမှုတွေဟာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး စပိန်နောက်ခံကစားသမား ကူကူရယ်လာဟာ ယခုနွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ များနေပုံ ပေါ်ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ခံစစ်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ချင်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သလို အက်ဇ်ပီလီကွေတာနဲ့ မားကို့စ် အလွန်ဆိုတို့ကလည်း စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘ႐ိုက္တန္အသင္းဟာ ခ်ဲလ္ဆီးအသင္းက စပိန္ေနာက္ခံကစားသမားကို ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာ ရွိေနၿပီလို႔ သတင္းအမ်ားအျပားက ေဖာ္ျပခဲ့ၾကေပမယ့္လည္း ကူကူရယ္လာအတြက္ ဘာသေဘာတူညီမႈမွ ရရွိခဲ့တာမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

သတင္းဌာန အမ်ားအျပားက ခ်ဲလ္ဆီးအသင္းဟာ ဘ႐ိုက္တန္ ဘယ္ေနာက္ခံကစားသးမား ကူကူရယ္လာအတြက္ ေပါင္ ၅၂.၅ သန္းဝန္းက်င္နဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ ေဖာ္ျပခဲ့တာျဖစ္ၿပီး စပိန္ေနာက္ခံကစားသမားဟာ ယခုေႏြရာသီမွာ မန္စီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဖက္ဘရီဇီယို ႐ိုမာႏိုက ခ်ဲလ္ဆီးရဲ႕ အေျပာင္းအေ႐ႊ႕ဟာ အၿပီးသတ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့တဲ့သူေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့ၿပီး အေျပာင္းအေ႐ႊ႕ ၿပီးေျမာက္တဲ့အခါမွာ ေၾကညာတဲ့အေနနဲ႔ ေျပာၾကားေလ့ရွိတဲ့ ၎ရဲ႕ လူသိမ်ားတဲ့ ‘Here we go’ကို တြစ္တာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘ႐ိုက္တန္အသင္းဟာ ဗုဒၶဟူးေန႔ညမွာ လူသိရွင္ၾကား ထုတ္ျပန္ေၾကညာခ်က္ ထုတ္ၿပီး ပုံမွန္မဟုတ္တဲ့ ေျခလွမ္းကို လွမ္းခဲ့ၿပီး သတင္းေတြကို ျငင္းပယ္သြားခဲ့တာျဖစ္ပါတယ္။

“ယေန႔ညေနမွာ သတင္းဌာနအမ်ားအျပားကေန ေဖာ္ျပခဲ့တဲ့ မမွန္ကန္တဲ့ သတင္းေတြကို ဆန႔္က်င္ၿပီး မာ့စ္ ကူကူရယ္လာကို ဘယ္အသင္းနဲ႔မွ ေရာင္းခ်ဖို႔ သေဘာတူညီမႈ ရရွိခဲ့ျခင္းမရွိပါဘူး”လို႔ ဘ႐ိုက္တန္အသင္းက ၎တို႔ရဲ႕ တရားဝင္တြစ္တာအေကာင့္ကေန ေရးသားခဲ့ပါတယ္။

ေျပာဆိုေဆြးေႏြးမႈေတြဟာ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ၿပီး စပိန္ေနာက္ခံကစားသမား ကူကူရယ္လာဟာ ယခုေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ မ်ားေနပုံ ေပၚပါတယ္။

ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္ဟာ ယခုေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္ ခံစစ္ကို အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ခ်င္ေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ကို ဆုံးရႈံးခဲ့ရၿပီးျဖစ္သလို အက္ဇ္ပီလီေကြတာနဲ႔ မားကို႔စ္ အလြန္ဆိုတို႔ကလည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ထြက္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.