Ligue1 Premier League Transfer News

ပီအက္စ္ဂ်ီရဲ႕ ဝါရင့္ေနာက္ခံလူနဲ႔ သတင္းထြက္လာခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ခံစစ္ပုိင္းအတြက္ အားျဖည့္မွဳေတြ ျပဳလုပ္သြားဖို႔ စီစဥ္ေနရာမွာ ဗဟိုေနာက္ခံလူႏွစ္ဦး အလိုရွိေနေပမယ့္ အသုံးစရိတ္ကုိ ေခၽြတာတဲ့အေနနဲ႔ ပီအက္ဂ်ီအသင္းရဲ႕ Free Agent ျဖစ္လာမယ့္ ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို ေခၚယူသြားဖို႔ လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။

အသင္းရဲ႕ ခံစစ္ပုိင္းမွာ လူငယ္ကစားသမားေတြနဲ႔ အရြယ္ေကာင္းကစားသမားေတြ ရွိေနခဲ့ေပမယ့္ တည္ၿငိမ္မွဳနဲ႔ နည္းစနစ္က်က် ကစားႏုိင္တဲ့ သူမ်ဳိးကေတာ့ ရွားပါးေနၿပီး အားအကိုးရဆုံးျဖစ္ရမယ့္ ႐ူဒီဂါရဲ႕ ပ်ာယာခတ္တဲ့ အမွားေတြမွာ အနာဂတ္ေနာက္ခံလူေတြလုိ႔ ေမွ်ာ္လင့္ထားတဲ့ ဇူးမားနဲ႔ ခရစၥတင္ဆန္တုိ႔လည္း ပိုမိုပ်က္စီးလာခဲ့တာေၾကာင့္ သူတုိ႔ကို ထိန္းသိမ္းႏုိင္မယ့္သူမ်ဳိး အလိုရွိေနတာလည္းျဖစ္ႏုိင္ပါတယ္။

ဘ႐ိုက္တန္ေနာက္ခံလူ အဂၤလန္သား လူးဝစ္ ဒန္႔ခ္ကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူဖို႔ စီစဥ္ေနတဲ့ ခ်ဲလ္ဆီးအသင္းနည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ သူ႕အျပင္ အသက္ ၃၅ ႏွစ္အရြယ္ ဘရာဇီးလ္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို ခ်န္ပီယံလိဂ္ဖိုင္နယ္အၿပီးမွာ ေခၚယူႏုိင္ဖို႔ စိတ္ဝင္စားေနၿပီး ကစားသမားအေနနဲ႔ လစာေလွ်ာ့ယူသြားဖို႔ေတာ့ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

ပရီးမီယားလိဂ္ရာသီသစ္ ျပန္လည္စတင္ၿပီး ၁၀ ရက္အၾကာ စက္တင္ဘာလ ၂၂ ရက္ေန႔မွာ အသက္ ၃၆ ႏွစ္ျပည့္ေျမာက္မယ့္ ဘရာဇီးလ္ အသင္းေခါင္းေဆာင္ေဟာင္းဟာ ပီအက္စ္ဂ်ီအသင္းမွာ အသင္းေခါင္းေဆာင္အျဖစ္ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းေက်ာ္ ရရွိေနသူျဖစ္ၿပီး ခ်ဲလ္ဆီး အသင္းမွာေတာ့ လစာေလွ်ာ့ယူၿပီး ႏွစ္ႏွစ္စာခ်ဳပ္သြားဖို႔ ရွိေနတယ္လုိ႔ သတင္းေတြက ဆုိပါတယ္။

ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ သီယာဂို ေဆးလ္ဗားကေတာ့ သူ႕ရဲ႕ ကစားသမားဘဝကို ဥေရာပမွာပဲ ကုန္ဆုံးမွာျဖစ္တယ္လို႔ ေျပာၾကားထားၿပီး ၂၀၁၉ ခုႏွစ္အထိ က်င္းပထားတဲ့ ကမာၻ႕အဆင့္ၿပဳိင္ပြဲတုိင္းရဲ႕ အေကာင္းဆုံးလူစာရင္းေတြထဲကို ဝင္ေရာက္ထားတဲ့ ဝါရင့္ေနာက္ခံလူကို အေနာက္လန္ဒန္မွာ အျပာေရာင္အက်ႌနဲ႔ ေတြ႕ျမင္ရမလားဆုိတာ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ ခံစစ်ပိုင်းအတွက် အားဖြည့်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေရာမှာ ဗဟိုနောက်ခံလူနှစ်ဦး အလိုရှိနေပေမယ့် အသုံးစရိတ်ကို ချွေတာတဲ့အနေနဲ့ ပီအက်ဂျီအသင်းရဲ့ Free Agent ဖြစ်လာမယ့် နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ခေါ်ယူသွားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အသင်းရဲ့ ခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေနဲ့ အရွယ်ကောင်းကစားသမားတွေ ရှိနေခဲ့ပေမယ့် တည်ငြိမ်မှုနဲ့ နည်းစနစ်ကျကျ ကစားနိုင်တဲ့ သူမျိုးကတော့ ရှားပါးနေပြီး အားအကိုးရဆုံးဖြစ်ရမယ့် ရူဒီဂါရဲ့ ပျာယာခတ်တဲ့ အမှားတွေမှာ အနာဂတ်နောက်ခံလူတွေလို့ မျှော်လင့်ထားတဲ့ ဇူးမားနဲ့ ခရစ္စတင်ဆန်တို့လည်း ပိုမိုပျက်စီးလာခဲ့တာကြောင့် သူတို့ကို ထိန်းသိမ်းနိုင်မယ့်သူမျိုး အလိုရှိနေတာလည်းဖြစ်နိုင်ပါတယ်။

ဘရိုက်တန်နောက်ခံလူ အင်္ဂလန်သား လူးဝစ် ဒန့်ခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ စီစဉ်နေတဲ့ ချဲလ်ဆီးအသင်းနည်းပြ ဖရန့် လမ်းပတ်အနေနဲ့ သူ့အပြင် အသက် ၃၅ နှစ်အရွယ် ဘရာဇီးလ်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ချန်ပီယံလိဂ်ဖိုင်နယ်အပြီးမှာ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပြီး ကစားသမားအနေနဲ့ လစာလျှော့ယူသွားဖို့တော့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ပရီးမီယားလိဂ်ရာသီသစ် ပြန်လည်စတင်ပြီး ၁၀ ရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အသက် ၃၆ နှစ်ပြည့်မြောက်မယ့် ဘရာဇီးလ် အသင်းခေါင်းဆောင်ဟောင်းဟာ ပီအက်စ်ဂျီအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းကျော် ရရှိနေသူဖြစ်ပြီး ချဲလ်ဆီး အသင်းမှာတော့ လစာလျှော့ယူပြီး နှစ်နှစ်စာချုပ်သွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ သီယာဂို ဆေးလ်ဗားကတော့ သူ့ရဲ့ ကစားသမားဘဝကို ဥရောပမှာပဲ ကုန်ဆုံးမှာဖြစ်တယ်လို့ ပြောကြားထားပြီး ၂၀၁၉ ခုနှစ်အထိ ကျင်းပထားတဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတိုင်းရဲ့ အကောင်းဆုံးလူစာရင်းတွေထဲကို ဝင်ရောက်ထားတဲ့ ဝါရင့်နောက်ခံလူကို အနောက်လန်ဒန်မှာ အပြာရောင်အင်္ကျီနဲ့ တွေ့မြင်ရမလားဆိုတာ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.