Ligue1 Premier League Transfer News

အာဆင္နယ္နဲ႔ လန္ဒန္မွာ ၂၄ နာရီအတြင္း ေဆးစစ္သြားမယ့္ ဂါဘရီယယ္လ္

ျပင္သစ္ လီဂူးဝမ္းကလပ္ လိုင္လီအသင္းရဲ႕ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္အတြက္ ေျပာင္းေရႊ႕ေၾကးကို သေဘာတူညီႏုိင္ခဲ့ၿပီး ကစားသမားရဲ႕ ပုဂၢဳိလ္ေရးသေဘာတူညီမွဳကိုပါ ရရွိထားၿပီျဖစ္တဲ့ အာဆင္နယ္အသင္းအေနနဲ႔ သူ႕ကို ၾကာသပေတးေန႔မွာ လန္ဒန္ကို ေရာက္ရွိလာၿပီး ေဆးစစ္ႏုိင္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လိုင္လီအသင္းဆီမွာ တျခားဥေရာပအသင္းေတြနဲ႔ အၿပဳိင္ကမ္းကမ္းလွမ္းခဲ့ရၿပီး ေပါင္ ၂၂.၆ သန္း (ယူ႐ို ၂၅ သန္း)နဲ႔ တျခားခံစားခြင့္ေတြကို ထည့္သြင္းၿပီး သေဘာတူညီႏုိင္ခဲ့တာျဖစ္သလို အဓိက ၿပဳိင္ဘက္ျဖစ္ေနတဲ့ စီးရီးေအကလပ္ နာပိုလီအသင္းကို ဂါဘရီယယ္လ္က မေရြးခ်ယ္ခဲ့ေအာင္ ဆြဲေဆာင္ႏုိင္ခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ဘရာဇီးလ္ဗဟိုေနာက္ခံလူကို လုိင္လီအသင္းက ေရာင္းထုတ္မယ္လို႔ အတိအလင္းေၾကျငာထားခဲ့ၿပီးတဲ့ေနာက္ သူတုိ႔ဘက္က သတ္မွတ္တဲ့ ေဈးႏွဳန္းကို သေဘာတူညီႏုိင္တဲ့ အသင္းတုိင္းအတြက္ ကစားသမားကို လြတ္လြတ္လပ္လပ္ ေရြးခ်ယ္ခြင့္ေပးထားခဲ့တယ္လုိ႔လည္း သိရပါတယ္။

လိုင္လီအသင္းမွာ ၂၀၁၈-၁၉ ရာသီ ဒုတိယပုိင္းကစၿပီး အဓိက ကစားသမားျဖစ္လာတဲ့ ဂါဘရီယယ္လ္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ဘရာဇီးလ္သားအုပ္စုနဲ႔ ပူးေပါင္းႏုိင္ဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ၿပီး နာပုိလီက ေနာက္ဆုံးႀကဳိးစားမွဳ (Eleventh Hour Bid)အျဖစ္ အာဆင္နယ္ဘက္က ကမ္းလွမ္းတဲ့ လစာေငြထက္ ပုိေပးမယ္လုိ႔ ဆုိခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ကိုပဲ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔မွာ အာဆင္နယ္အသင္းဆီ ေရာက္ရွိလာေတာ့မယ့္ ဂါဘရီယယ္လ္ကို ႀကံ့ခိုင္ေရးဌာနကေန ၂၄ နာရီအတြင္း ေဆးစစ္သြားဖို႔ ရွိေနသလို အသင္းနဲ႔ ငါးႏွစ္သက္တမ္းရွိၿပီး ၂၀၂၅ ခုႏွစ္အထိ ေျမာက္လန္ဒန္ အမ္းမရိတ္ကြင္းမွာ သူ႕ကို ထိန္းသိမ္းထားႏုိင္မယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆုိသြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပြင်သစ် လီဂူးဝမ်းကလပ် လိုင်လီအသင်းရဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်အတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီနိုင်ခဲ့ပြီး ကစားသမားရဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုကိုပါ ရရှိထားပြီဖြစ်တဲ့ အာဆင်နယ်အသင်းအနေနဲ့ သူ့ကို ကြာသပတေးနေ့မှာ လန်ဒန်ကို ရောက်ရှိလာပြီး ဆေးစစ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လိုင်လီအသင်းဆီမှာ တခြားဥရောပအသင်းတွေနဲ့ အပြိုင်ကမ်းကမ်းလှမ်းခဲ့ရပြီး ပေါင် ၂၂.၆ သန်း (ယူရို ၂၅ သန်း)နဲ့ တခြားခံစားခွင့်တွေကို ထည့်သွင်းပြီး သဘောတူညီနိုင်ခဲ့တာဖြစ်သလို အဓိက ပြိုင်ဘက်ဖြစ်နေတဲ့ စီးရီးအေကလပ် နာပိုလီအသင်းကို ဂါဘရီယယ်လ်က မရွေးချယ်ခဲ့အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်ဗဟိုနောက်ခံလူကို လိုင်လီအသင်းက ရောင်းထုတ်မယ်လို့ အတိအလင်းကြေငြာထားခဲ့ပြီးတဲ့နောက် သူတို့ဘက်က သတ်မှတ်တဲ့ ဈေးနှုန်းကို သဘောတူညီနိုင်တဲ့ အသင်းတိုင်းအတွက် ကစားသမားကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးထားခဲ့တယ်လို့လည်း သိရပါတယ်။

လိုင်လီအသင်းမှာ ၂၀၁၈-၁၉ ရာသီ ဒုတိယပိုင်းကစပြီး အဓိက ကစားသမားဖြစ်လာတဲ့ ဂါဘရီယယ်လ်အနေနဲ့ အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်သားအုပ်စုနဲ့ ပူးပေါင်းနိုင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး နာပိုလီက နောက်ဆုံးကြိုးစားမှု (Eleventh Hour Bid)အဖြစ် အာဆင်နယ်ဘက်က ကမ်းလှမ်းတဲ့ လစာငွေထက် ပိုပေးမယ်လို့ ဆိုခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ အာဆင်နယ်အသင်းဆီ ရောက်ရှိလာတော့မယ့် ဂါဘရီယယ်လ်ကို ကြံ့ခိုင်ရေးဌာနကနေ ၂၄ နာရီအတွင်း ဆေးစစ်သွားဖို့ ရှိနေသလို အသင်းနဲ့ ငါးနှစ်သက်တမ်းရှိပြီး ၂၀၂၅ ခုနှစ်အထိ မြောက်လန်ဒန် အမ်းမရိတ်ကွင်းမှာ သူ့ကို ထိန်းသိမ်းထားနိုင်မယ့် စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.