Premier League

Fantasy League မှာ အရွေးချယ်အခံရဆုံးကစားသမားဖြစ်လာတဲ့ ဂျေဆူးစ်

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ဟာ လာမယ့်ရာသီသစ်မတိုင်ခင် Fantasy Premier League မန်နေဂျာ ကစားသူ ၇၂.၅ ရာခိုင်နှုန်းရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ဂျေဆူးစ်ဟာ ပြီးခဲ့တဲ့လမှာ မန်ချက်စတာစီးတီးအသင်းကနေ အာဆင်နယ်ကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်း တိုက်စစ်ရဲ့ အဓိကဗဟိုချက် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူးဟာ ဆီဗီလာကို ၆-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ အမ်းမရိတ်စ်ဖလားပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်အပါအဝင် အာဆင်နယ်အသင်းအတွက် ရာသီကြိုကာလမှာ ၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Fantasy Premier League ကစားသူတွေဟာ ပေါင် ၈ သန်းကုန်ကျမယ့် တိုက်စစ်မှူး ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ ဂျေဆူးစ်ကို ရွေးချယ်နိုင်မယ့် အခွင့်အရေးကို အရယူခဲ့ကြပုံ ပေါ်ပါတယ်။

ဂျေဆူးစ်ကို ရွေးချယ်တဲ့အတွက် ကုန်ကျမယ့် ပေါင် ၈ သန်းဟာ ၁၁.၅ သန်းတန်ကြေးရှိတဲ့ ဟာရီ ကိန်း၊ အာလင်း ဟာလန်းတို့ထက် သိသိသာသာ ဈေးပေါသလို ပေါင် ၁၀.၅ သန်း ကုန်ကျမယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက်လည်း ဈေးသက်သာနေတာဖြစ်ပါတယ်။

FPL မန်နေဂျာစုစုပေါင်းရဲ့ ၄ ပုံ ၃ ပုံနီးပါးက အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်မယ့်ဘက်ကနေ လောင်းကြေးထပ်နေကြတာဖြစ်ပြီး ဒီပမာဏဟာ Fantasy Premier League သမိုင်းမှာ ကစားသမားတစ်ဦးကို ပိုင်ဆိုင်မှုအမြင့်မားဆုံးစံချိန်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

အခြား ထင်ပေါ်ကျော်ကြားတဲ့ ရွေးချယ်မှုတွေကတော့ ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီ(၂၂ ရာခိုင်နှုန်း၊ အာနိုး(၅၇.၃ ရာခိုင်နှုန်း)၊ မိုဟာမက် ဆာလား(၅၉.၁ ရာခိုင်နှုန်း)တို့ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ နောက်ထပ် ပေါင် ၈ သန်းနဲ့ ရွေးချယ်လို့ရနိုင်တဲ့ ကစားသမား ၄ ဦးက ဘယ်သူတွေလဲဆိုတာ သိချင်နေကြမှာဖြစ်ပြီး အဲဒီကစားသမားတွေကတော့ ဒေါမနစ် ကဲလ်ဗတ်-လူဝင်၊ ခိုင် ဟာဗတ်ဇ်၊ တီမို ဗာနာနဲ့ ရောဘတ်တို ဖာမီနိုတို့ပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာ လာမယ့္ရာသီသစ္မတိုင္ခင္ Fantasy Premier League မန္ေနဂ်ာ ကစားသူ ၇၂.၅ ရာခိုင္ႏႈန္းရဲ႕ ေ႐ြးခ်ယ္ျခင္းကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

ေဂ်ဆူးစ္ဟာ ၿပီးခဲ့တဲ့လမွာ မန္ခ်က္စတာစီးတီးအသင္းကေန အာဆင္နယ္ကို ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္း တိုက္စစ္ရဲ႕ အဓိကဗဟိုခ်က္ ျဖစ္လာခဲ့သူ ျဖစ္ပါတယ္။ ဘရာဇီးလ္ တိုက္စစ္မႉးဟာ ဆီဗီလာကို ၆-၀ နဲ႔ ဂိုးျပတ္ အႏိုင္ရရွိခဲ့တဲ့ အမ္းမရိတ္စ္ဖလားပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ဟက္ထရစ္အပါအဝင္ အာဆင္နယ္အသင္းအတြက္ ရာသီႀကိဳကာလမွာ ၇ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ Fantasy Premier League ကစားသူေတြဟာ ေပါင္ ၈ သန္းကုန္က်မယ့္ တိုက္စစ္မႉး ၅ ဦးထဲက တစ္ဦးျဖစ္တဲ့ ေဂ်ဆူးစ္ကို ေ႐ြးခ်ယ္ႏိုင္မယ့္ အခြင့္အေရးကို အရယူခဲ့ၾကပုံ ေပၚပါတယ္။

ေဂ်ဆူးစ္ကို ေ႐ြးခ်ယ္တဲ့အတြက္ ကုန္က်မယ့္ ေပါင္ ၈ သန္းဟာ ၁၁.၅ သန္းတန္ေၾကးရွိတဲ့ ဟာရီ ကိန္း၊ အာလင္း ဟာလန္းတို႔ထက္ သိသိသာသာ ေဈးေပါသလို ေပါင္ ၁၀.၅ သန္း ကုန္က်မယ့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္လည္း ေဈးသက္သာေနတာျဖစ္ပါတယ္။

FPL မန္ေနဂ်ာစုစုေပါင္းရဲ႕ ၄ ပုံ ၃ ပုံနီးပါးက အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျပသႏိုင္မယ့္ဘက္ကေန ေလာင္းေၾကးထပ္ေနၾကတာျဖစ္ၿပီး ဒီပမာဏဟာ Fantasy Premier League သမိုင္းမွာ ကစားသမားတစ္ဦးကို ပိုင္ဆိုင္မႈအျမင့္မားဆုံးစံခ်ိန္တစ္ခု ျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

အျခား ထင္ေပၚေက်ာ္ၾကားတဲ့ ေ႐ြးခ်ယ္မႈေတြကေတာ့ ခ်ဲလ္ဆီးဂိုးသမား ေအဒူယာ မန္ဒီ(၂၂ ရာခိုင္ႏႈန္း၊ အာႏိုး(၅၇.၃ ရာခိုင္ႏႈန္း)၊ မိုဟာမက္ ဆာလား(၅၉.၁ ရာခိုင္ႏႈန္း)တို႔ ျဖစ္ပါတယ္။

စာဖတ္သူေတြအေနနဲ႔ ေနာက္ထပ္ ေပါင္ ၈ သန္းနဲ႔ ေ႐ြးခ်ယ္လို႔ရႏိုင္တဲ့ ကစားသမား ၄ ဦးက ဘယ္သူေတြလဲဆိုတာ သိခ်င္ေနၾကမွာျဖစ္ၿပီး အဲဒီကစားသမားေတြကေတာ့ ေဒါမနစ္ ကဲလ္ဗတ္-လူဝင္၊ ခိုင္ ဟာဗတ္ဇ္၊ တီမို ဗာနာနဲ႔ ေရာဘတ္တို ဖာမီႏိုတို႔ပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.