La Liga Premier League Transfer News

ပေါင် ၆၇ သန်းတန် စပိန်လာလီဂါကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဗီလာရီးရဲလ် ကြယ်ပွင့် ယယ်ရယ်မီ ပီနိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းဌာန Fichajes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပီနိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဗီလာရီးရဲလ်အတွက် ၆ ဂိုး သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ညာတောင်ပံတိုက်စစ်အနေနဲ့ ပြိုင်ဘက်အသင်း နောက်ခံတောင်ပံကစားသမားတွေကို ခြိမ်းခြောက်နိုင်သူဖြစ်ပါတယ်။

လီဗာပူးလ်အတွက်တော့ ပီနိုလိုမျိုး လူငယ် တိုက်စစ်ကစားသမားကို ခေါ်ယူတာက အဓိပ္ပာယ်ရှိပြီး အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ကလော့ပ်ရဲ့ တိုက်စစ်ပိုင်း ကစားအား အနှေးနဲ့အမြန် မကျဆင်းခင် သွေးသစ်လောင်းထားရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လူးဝစ္စ ဒီယက်ဇ်လိုမျိုး ကစားသမားကို ခေါ်ယူခဲ့တာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ အသင်းကနေ မာနေး ထွက်ခွာနိုင်တယ်ဆိုတာကို ကြိုတင် သတိပြုမိနေခဲ့တာဖြစ်ပါတယ်။

ပေါင် ၆၇ သန်း သတ်မှတ်ခြင်းခံထားရတဲ့ ပီနိုဟာ ယခုနွေရာသီ သို့မဟုတ် လာမယ့်နှစ် နွေရာသီမှာ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် မာနေးထွက်ခွာမှုကြောင့် အင်အားလျော့ပါးသွားတဲ့ တောင်ပံကို အင်အားဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ယယ်ရယ်မီ ပီနိုအနေနဲ့ အန်းဖီးက စီနီယာ တိုက်စစ် ကစားသမားတွေဆီကနေလည်း စစချင်းမှာ ပွဲဦးထွက်ကစားသမားနေရာအတွက် ဖိအားဒဏ်ခံစရာမလိုဘဲ လေ့လာသင်ယူနိုင်မှာဖြစ်ပြီး လီဗာပူးလ်အတွက် နောက်ထပ် တိုက်စစ်ကစားသမားခေါ်ယူဖို့ထက် ကွင်းလယ်ပြဿနာကို ဖြေရှင်းဖို့အတွက် အဓိကဖြစ်နေတာကြောင့် ဗီလာရီးရဲလ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ ရွှေ့ဆိုင်းခြင်းခံရဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းအနေနဲ့ အသက် ၁၉ နှစ်အရွယ် တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့ဆီကနေ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ Liverpool Echo က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ဗီလာရီးရဲလ္ ၾကယ္ပြင့္ ယယ္ရယ္မီ ပီႏိုကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ စပိန္သတင္းဌာန Fichajes ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ပီႏိုဟာ ၿပီးခဲ့တဲ့ရာသီမွာ ဗီလာရီးရဲလ္အတြက္ ၆ ဂိုး သြင္းယူေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး ညာေတာင္ပံတိုက္စစ္အေနနဲ႔ ၿပိဳင္ဘက္အသင္း ေနာက္ခံေတာင္ပံကစားသမားေတြကို ၿခိမ္းေျခာက္ႏိုင္သူျဖစ္ပါတယ္။

လီဗာပူးလ္အတြက္ေတာ့ ပီႏိုလိုမ်ိဳး လူငယ္ တိုက္စစ္ကစားသမားကို ေခၚယူတာက အဓိပၸာယ္ရွိၿပီး အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ကေလာ့ပ္ရဲ႕ တိုက္စစ္ပိုင္း ကစားအား အေႏွးနဲ႔အျမန္ မက်ဆင္းခင္ ေသြးသစ္ေလာင္းထားရမွာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ လူးဝစၥ ဒီယက္ဇ္လိုမ်ိဳး ကစားသမားကို ေခၚယူခဲ့တာျဖစ္ၿပီး မာေဆးဆိုဒ္အသင္းဟာ အသင္းကေန မာေနး ထြက္ခြာႏိုင္တယ္ဆိုတာကို ႀကိဳတင္ သတိျပဳမိေနခဲ့တာျဖစ္ပါတယ္။

ေပါင္ ၆၇ သန္း သတ္မွတ္ျခင္းခံထားရတဲ့ ပီႏိုဟာ ယခုေႏြရာသီ သို႔မဟုတ္ လာမယ့္ႏွစ္ ေႏြရာသီမွာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ မာေနးထြက္ခြာမႈေၾကာင့္ အင္အားေလ်ာ့ပါးသြားတဲ့ ေတာင္ပံကို အင္အားျဖည့္တင္းေပးႏိုင္မွာ ျဖစ္ပါတယ္။

ယယ္ရယ္မီ ပီႏိုအေနနဲ႔ အန္းဖီးက စီနီယာ တိုက္စစ္ ကစားသမားေတြဆီကေနလည္း စစခ်င္းမွာ ပြဲဦးထြက္ကစားသမားေနရာအတြက္ ဖိအားဒဏ္ခံစရာမလိုဘဲ ေလ့လာသင္ယူႏိုင္မွာျဖစ္ၿပီး လီဗာပူးလ္အတြက္ ေနာက္ထပ္ တိုက္စစ္ကစားသမားေခၚယူဖို႔ထက္ ကြင္းလယ္ျပႆနာကို ေျဖရွင္းဖို႔အတြက္ အဓိကျဖစ္ေနတာေၾကာင့္ ဗီလာရီးရဲလ္ၾကယ္ပြင့္ကို ေခၚယူဖို႔ ႀကိဳးပမ္းမႈဟာ ေ႐ႊ႕ဆိုင္းျခင္းခံရဖြယ္ရွိေနပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္အသင္းအေနနဲ႔ အသက္ ၁၉ ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမားကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့မယ္ဆိုရင္ မန္စီးတီး၊ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔ဆီကေန ယွဥ္ၿပိဳင္မႈကို ရင္ဆိုင္ရမွာျဖစ္တယ္လို႔ Liverpool Echo က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.