Premier League

ရာသီမစခင် ပရိသတ်တွေနဲ့အသင်းကို စိတ်ပူစေမယ့် သတင်းစကားပေးပို့ခဲ့တဲ့ စမစ်သ် ရိုး

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် စမစ်သ် ရိုးဟာ ယခုအပတ်မှာ အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်လည်ပါဝင်ဖို့ စီစဉ်နေပေမယ့် ၎င်းရဲ့ ပေါင်ခြံဒဏ်ရာကနေ အပြည့်အဝ မသက်သာလာသေးဘူးလို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ သောကြာနေ့ညမှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားရမယ့် အာဆင်နယ်ရဲ့ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Evening Standard ဟာ အာဆင်နယ်ကွင်းလယ်ကစားသမားဆီကနေ ၎င်းရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်စကားကိုလည်း သယ်ဆောင်လာခဲ့ပြီး စမစ်သ် ရိုးဟာ ဒဏ်ရာအရှင်းမပျောက်သေးတာကြောင့် ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ပတ်သက်မှုအပေါ် အကျိုးသက်ရောက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

စမစ်သ် ရိုးက ၎င်းအနေနဲ့ မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ရွေ့လျားနေတယ်လို့ ပြောကြားခဲ့ပေမယ့်လည်း လေ့ကျင့်ရေး ပြန်ဆင်းဖို့ကိုတောင် ပေါင်ခြံဒဏ်ရာက နာကျင်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ညည်းတွားသွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် လေ့ကျင့်ရေးကို သွားမှာပါ။ ကျွန်တော်တို့ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ကြတာပေ့ါဗျာ။ ကျွန်တော် ဒီအပတ် လေ့ကျင့်ရေး ဆင်းသွားမှာပါ။ အဲဒီတော့ ကျွန်တော် အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်”

“အခုအချိန်မှာ ကျွန်တော့် ပေါင်ခြံဒဏ်ရာက ဒုက္ခပေးနေပါတယ်။ ကျွန်တော် အဲဒီနေရာမှာ နာကျင်မှုအနည်းငယ်ရှိနေပါတယ်။ အဲဒါက ပိုပြီးတော့ ကောင်းမွန်လာပြီး သိပ်မကြာခင် ကျွန်တော် ပြန်ကစားနိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

စမစ်သ် ရိုးအနေနဲ့ ဒဏ်ရာအရှင်းမပျောက်သေးတာကြောင့် အနားယူချင်ပေမယ့်လည်း ယခုနှစ် နှောင်းပိုင်းမှာ အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ အိပ်မက်ထားတဲ့အပြင် အာဆင်နယ်အသင်းက အသစ်ခေါ်ယူထားတဲ့ ဖေဘီယို ဗီယာရာကလည်း ၎င်းရဲ့နေရာကို လုယူလာနိုင်တာကြောင့် အနားမယူရဲတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ စမစ္သ္ ႐ိုးဟာ ယခုအပတ္မွာ အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္လည္ပါဝင္ဖို႔ စီစဥ္ေနေပမယ့္ ၎ရဲ႕ ေပါင္ၿခံဒဏ္ရာကေန အျပည့္အဝ မသက္သာလာေသးဘူးလို႔ သိရပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ ေသာၾကာေန႔ညမွာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ကစားရမယ့္ အာဆင္နယ္ရဲ႕ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ႏိုင္တယ္လို႔ Evening Standard က ေဖာ္ျပခဲ့ပါတယ္။

ဒါ့အျပင္ Evening Standard ဟာ အာဆင္နယ္ကြင္းလယ္ကစားသမားဆီကေန ၎ရဲ႕ ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး မွတ္ခ်က္စကားကိုလည္း သယ္ေဆာင္လာခဲ့ၿပီး စမစ္သ္ ႐ိုးဟာ ဒဏ္ရာအရွင္းမေပ်ာက္ေသးတာေၾကာင့္ ရာသီႀကိဳပြဲစဥ္ေတြမွာ ပါဝင္ပတ္သက္မႈအေပၚ အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။

စမစ္သ္ ႐ိုးက ၎အေနနဲ႔ မွန္ကန္တဲ့ ဦးတည္ခ်က္အတိုင္း ေ႐ြ႕လ်ားေနတယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ေလ့က်င့္ေရး ျပန္ဆင္းဖို႔ကိုေတာင္ ေပါင္ၿခံဒဏ္ရာက နာက်င္မႈေတြ ရွိေနဆဲျဖစ္တယ္လို႔ ညည္းတြားသြားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေလ့က်င့္ေရးကို သြားမွာပါ။ ကြၽန္ေတာ္တို႔ ဘာေတြျဖစ္လာမလဲဆိုတာကို ၾကည့္ၾကတာေပ့ါဗ်ာ။ ကြၽန္ေတာ္ ဒီအပတ္ ေလ့က်င့္ေရး ဆင္းသြားမွာပါ။ အဲဒီေတာ့ ကြၽန္ေတာ္ အသင္းနဲ႔အတူ ျပန္လည္ပူးေပါင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္”

“အခုအခ်ိန္မွာ ကြၽန္ေတာ့္ ေပါင္ၿခံဒဏ္ရာက ဒုကၡေပးေနပါတယ္။ ကြၽန္ေတာ္ အဲဒီေနရာမွာ နာက်င္မႈအနည္းငယ္ရွိေနပါတယ္။ အဲဒါက ပိုၿပီးေတာ့ ေကာင္းမြန္လာၿပီး သိပ္မၾကာခင္ ကြၽန္ေတာ္ ျပန္ကစားႏိုင္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

စမစ္သ္ ႐ိုးအေနနဲ႔ ဒဏ္ရာအရွင္းမေပ်ာက္ေသးတာေၾကာင့္ အနားယူခ်င္ေပမယ့္လည္း ယခုႏွစ္ ေႏွာင္းပိုင္းမွာ အဂၤလန္နဲ႔အတူ ကမာၻ႔ဖလားမွာ ပါဝင္ကစားခြင့္ရဖို႔ အိပ္မက္ထားတဲ့အျပင္ အာဆင္နယ္အသင္းက အသစ္ေခၚယူထားတဲ့ ေဖဘီယို ဗီယာရာကလည္း ၎ရဲ႕ေနရာကို လုယူလာႏိုင္တာေၾကာင့္ အနားမယူရဲတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.