La Liga Premier League Transfer News

ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့အားသာချက်နဲ့ မန်ယူနိုက်တက်ကို အလဲထိုးတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဖရန်ကီ ဒီ ယုံးကို မန်ချက်စတာယူနိုက်တက်ထက် လက်ဦးမှုရယူပြီး ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီတလျှောက်လုံး ဘာစီလိုနာအသင်းကနေ ဖရန်ကီ ဒီ ယုံးကို ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး နည်းပြသစ် တန်ဟက်ဂ်က အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကို ၎င်းရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဖရန်ကီ ဒီ ယုံးအတွက် ယခုနွေရာသီအစောပိုင်းမှာ ပြောင်းရွှေ့ကြေး ယူရို ၈၅ သန်းနဲ့ သဘောတူညီမှု ရရှိထားခဲ့တာဖြစ်ပေမယ့် ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်က ချန်ပီယံလိဂ်မကစားရတဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လိုခြင်းမရှိတာဖြစ်တယ်လို့ နားလည်ရပါတယ်။

ဘာစီလိုနာအသင်းဟာ ရာဖင်ညာ၊ လီဗန်ဒေါ့ဗ်စကီး၊ ဂျူးစ် ကွန်ဒေးတို့ကို ယခုနွေရာသီမှာ ယူရိုသန်း ၁၅၀ ကျော်သုံးစွဲပြီးခေါ်ယူထားတဲ့အတွက် ဘဏ္ဍာရေးအခြေအနေ ပြန်လည်တိုးတက်လာစေဖို့ လိုအပ်နေတာကြောင့် ဒီ ယုံးကို ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ ယုံးရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဘာစီလိုနာမှာ ဆက်ရှိနေဖို့ဖြစ်ပြီး ရရှိစရာရှိနေတဲ့ လစာကြွေးကျန် ယူရို ၁၇ သန်းကို ပြန်မရမချင်း နူးကမ့်ကို စွန့်ခွာဖို့ကိစ္စကို ငြင်းပယ်သွားမှာလည်း ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ လက်ရှိမှာ ဒီ ယုံးအတွက် ဘာစီလိုနာအသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး သဘောတူညီမှု ရရှိနိုင်လိမ့်မယ်လို့ အကောင်းမြင်ထားကြောင်း သိရပါတယ်။

စပိန်သတင်းဌာန SPORT ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ဖရန်ကီ ဒီ ယုံးကို ခေါ်ယူဖို့ ကတ်တလန်အသင်းကြီးနဲ့ ပြောဆိုဆွေးနွေးနေပြီး လာလီဂါကလပ်အသင်းက ဒတ်ချ် ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ သာ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီ ယုံးကလည်း ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့အသင်းဖြစ်တာကြောင့် ဘာစီလိုနာအသင်းမှာပဲ ဆက်နေမယ့် ရပ်တည်ချက်ကို လက်ရှိမှာ ပြောင်းလဲလိုက်ဖွယ်ရှိနေပြီလို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

တစ်ဆက်တည်းမှာ ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နောက်ခံကစားသမား ကူကူရယ်လာကို ပေါင်သန်း ၅၀ ကျော်နဲ့ ကမ်းလှမ်းထားပြီး မန်စီးတီးရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ စပိန်ဘယ်နောက်ခံကစားသမားဟာ အနောက်လန်ဒန်ကလပ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဖရန္ကီ ဒီ ယုံးကို မန္ခ်က္စတာယူႏိုက္တက္ထက္ လက္ဦးမႈရယူၿပီး ေခၚယူဖို႔အတြက္ ဘာစီလိုနာအသင္းနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ စတင္ခဲ့တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ယခုေႏြရာသီတေလွ်ာက္လုံး ဘာစီလိုနာအသင္းကေန ဖရန္ကီ ဒီ ယုံးကို ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ၿပီး နည္းျပသစ္ တန္ဟက္ဂ္က အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းကို ၎ရဲ႕ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘာစီလိုနာအသင္းတို႔ဟာ ဖရန္ကီ ဒီ ယုံးအတြက္ ယခုေႏြရာသီအေစာပိုင္းမွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၅ သန္းနဲ႔ သေဘာတူညီမႈ ရရွိထားခဲ့တာျဖစ္ေပမယ့္ ဒတ္ခ်္ကြင္းလယ္ၾကယ္ပြင့္က ခ်န္ပီယံလိဂ္မကစားရတဲ့ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လိုျခင္းမရွိတာျဖစ္တယ္လို႔ နားလည္ရပါတယ္။

ဘာစီလိုနာအသင္းဟာ ရာဖင္ညာ၊ လီဗန္ေဒါ့ဗ္စကီး၊ ဂ်ဴးစ္ ကြန္ေဒးတို႔ကို ယခုေႏြရာသီမွာ ယူ႐ိုသန္း ၁၅၀ ေက်ာ္သုံးစြဲၿပီးေခၚယူထားတဲ့အတြက္ ဘ႑ာေရးအေျခအေန ျပန္လည္တိုးတက္လာေစဖို႔ လိုအပ္ေနတာေၾကာင့္ ဒီ ယုံးကို ေရာင္းထုတ္ခ်င္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ ယုံးရဲ႕ အဓိက ရည္႐ြယ္ခ်က္ဟာ ဘာစီလိုနာမွာ ဆက္ရွိေနဖို႔ျဖစ္ၿပီး ရရွိစရာရွိေနတဲ့ လစာေႂကြးက်န္ ယူ႐ို ၁၇ သန္းကို ျပန္မရမခ်င္း ႏူးကမ့္ကို စြန႔္ခြာဖို႔ကိစၥကို ျငင္းပယ္သြားမွာလည္း ျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ လက္ရွိမွာ ဒီ ယုံးအတြက္ ဘာစီလိုနာအသင္းနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္ၿပီး သေဘာတူညီမႈ ရရွိႏိုင္လိမ့္မယ္လို႔ အေကာင္းျမင္ထားေၾကာင္း သိရပါတယ္။

စပိန္သတင္းဌာန SPORT ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ဖရန္ကီ ဒီ ယုံးကို ေခၚယူဖို႔ ကတ္တလန္အသင္းႀကီးနဲ႔ ေျပာဆိုေဆြးေႏြးေနၿပီး လာလီဂါကလပ္အသင္းက ဒတ္ခ်္ ကြင္းလယ္ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၈၀ သာ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

ဒီ ယုံးကလည္း ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိထားတဲ့အသင္းျဖစ္တာေၾကာင့္ ဘာစီလိုနာအသင္းမွာပဲ ဆက္ေနမယ့္ ရပ္တည္ခ်က္ကို လက္ရွိမွာ ေျပာင္းလဲလိုက္ဖြယ္ရွိေနၿပီလို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

တစ္ဆက္တည္းမွာ ခ်ဲလ္ဆီးအသင္းဟာ ဘ႐ိုက္တန္ေနာက္ခံကစားသမား ကူကူရယ္လာကို ေပါင္သန္း ၅၀ ေက်ာ္နဲ႔ ကမ္းလွမ္းထားၿပီး မန္စီးတီးရဲ႕ စိတ္ဝင္စားျခင္းခံေနရတဲ့ စပိန္ဘယ္ေနာက္ခံကစားသမားဟာ အေနာက္လန္ဒန္ကလပ္အသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိထားၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.