Premier League

လက်ရှိလစာရဲ့ ၇ ဆခွဲအထိ တိုးမြင့် ရရှိတော့မယ့် မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် ဖီးလ် ဖိုဒန်ဟာ သိသာထင်ရှားတဲ့ လစာပမာဏတိုးမြှင့်ပေးထားတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး အင်္ဂလန်တောင်ပံကစားသမားဟာ စာချုပ်သစ်ကြောင့် လက်ရှိရရှိနေတဲ့ လစာရဲ့ ၇ ဆအထိ တိုးမြင့်ရရှိတော့မှာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဂွါဒီယိုလာရဲ့ အစီအစဉ်ထဲမှာ အရေးပါတဲ့အစိတ်အပိုင်းဖြစ်လာခဲ့သူဖြစ်ပြီး ရာဟင်း စတားလင်းနဲ့ ဂျေဆူးစ်တို့ကို ရောင်းချခဲ့တာက ဖိုဒန်အနေနဲ့ ယခုရာသီမှာ ပွဲထွက်ကစားခွင့် ပိုမို ရရှိတော့မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

အဲဒီလို ပုံမှန်ပွဲထွက်ကစားခွင့် ရရှိတော့မှာဖြစ်ပေမယ့်လည်း လူငယ်ကြယ်ပွင့်ရဲ့ စာချုပ်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက ချုပ်ဆိုထားတဲ့စာချုပ်အတိုင်းပဲ ရှိနေဆဲဖြစ်ပြီး အဲဒီအချိန်ကာလတုန်းက ပရီးမီးယားလိဂ်ချန်ပီယံတွေအတွက် ပထမအသင်း ကစားသမားမဖြစ်သေးတာကြောင့် လစာပမာဏက တော်တော်လေး နည်းပါးနေတာဖြစ်ပါတယ်။

ဖီးလ် ဖိုဒန်ဟာ အစ်တီဟတ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃ သောင်းသာ ရရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားရရှိခဲ့ရာမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလစာပမာဏဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားတော့မှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး ဖိုဒန်ဟာ လက်ရှိမှာတော့ မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီလိုက်ပြီလို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်ဟာ လက်ရှိရရှိနေတဲ့ လုပ်ခလစာထက် ၇ ဆခွဲလောက်အထိ မြင့်မားတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၂၅၀၀၀ နဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုသွားတော့မှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဖိုဒန်ရဲ့ အစ်တီဟတ်က စာချုပ်ဟာ နောက်ထပ် ၂ နှစ်လောက်အထိ သက်တမ်းကုန်ဆုံးဦးမှာမဟုတ်သေးပေမယ့် မန်စီးတီးဟာ စာချုပ်သစ်ကို ကမ်းလှမ်းထားခဲ့တာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် ဂွါဒီယိုလာရဲ့အသင်းအတွက် အားတက်စရာဖြစ်လာတော့မှာဖြစ်ပါတယ်။

ဖီးလ် ဖိုဒန်ဟာ အစပိုင်းတုန်းက မန်စီးတီးအသင်းဆီကနေ တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ တန်ကြေးရှိတဲ့ စာချုပ်သစ် ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့် ငြင်းပယ်ခဲ့တာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ နောက်ထပ်ပိုမိုများပြားတဲ့ ငွေကြေးရရှိဖို့ အလောင်းအစားဆန်ဆန် စွန့်စားခဲ့တာဖြစ်ပြီး အဲဒီလို လုပ်ခဲ့တာလည်း မှန်ကန်ခဲ့တယ်ဆိုတာ အဖြေပေါ်ခဲ့ပြီဖြစ်ပါတယ်။

ဖီးလ် ဖိုဒန်ဟာ လက်ရှိမှာတော့ လာမယ့်ရာသီသစ်အတွက် အာရုံအပြည့်အဝ စိုက်သွားတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ရာသီအဖွင့်ပွဲစဉ်အဖြစ် စတင်ကစားသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးေတာင္ပံၾကယ္ပြင့္ ဖီးလ္ ဖိုဒန္ဟာ သိသာထင္ရွားတဲ့ လစာပမာဏတိုးျမႇင့္ေပးထားတဲ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ စာခ်ဳပ္သစ္ေၾကာင့္ လက္ရွိရရွိေနတဲ့ လစာရဲ႕ ၇ ဆအထိ တိုးျမင့္ရရွိေတာ့မွာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဂြါဒီယိုလာရဲ႕ အစီအစဥ္ထဲမွာ အေရးပါတဲ့အစိတ္အပိုင္းျဖစ္လာခဲ့သူျဖစ္ၿပီး ရာဟင္း စတားလင္းနဲ႔ ေဂ်ဆူးစ္တို႔ကို ေရာင္းခ်ခဲ့တာက ဖိုဒန္အေနနဲ႔ ယခုရာသီမွာ ပြဲထြက္ကစားခြင့္ ပိုမို ရရွိေတာ့မယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။

အဲဒီလို ပုံမွန္ပြဲထြက္ကစားခြင့္ ရရွိေတာ့မွာျဖစ္ေပမယ့္လည္း လူငယ္ၾကယ္ပြင့္ရဲ႕ စာခ်ဳပ္ဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလတုန္းက ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတိုင္းပဲ ရွိေနဆဲျဖစ္ၿပီး အဲဒီအခ်ိန္ကာလတုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံေတြအတြက္ ပထမအသင္း ကစားသမားမျဖစ္ေသးတာေၾကာင့္ လစာပမာဏက ေတာ္ေတာ္ေလး နည္းပါးေနတာျဖစ္ပါတယ္။

ဖီးလ္ ဖိုဒန္ဟာ အစ္တီဟတ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၃ ေသာင္းသာ ရရွိေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ဖလားရရွိခဲ့ရာမွာ အဓိကအစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီလစာပမာဏဟာ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ေျပာင္းလဲသြားေတာ့မွာျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ၿပီး ဖိုဒန္ဟာ လက္ရွိမွာေတာ့ မန္စီးတီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီလိုက္ၿပီလို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ဟာ လက္ရွိရရွိေနတဲ့ လုပ္ခလစာထက္ ၇ ဆခြဲေလာက္အထိ ျမင့္မားတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၂၅၀၀၀ နဲ႔ ၆ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားေတာ့မွာျဖစ္တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ဖိုဒန္ရဲ႕ အစ္တီဟတ္က စာခ်ဳပ္ဟာ ေနာက္ထပ္ ၂ ႏွစ္ေလာက္အထိ သက္တမ္းကုန္ဆုံးဦးမွာမဟုတ္ေသးေပမယ့္ မန္စီးတီးဟာ စာခ်ဳပ္သစ္ကို ကမ္းလွမ္းထားခဲ့တာ လေပါင္းမ်ားစြာ ၾကာခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းအတြက္ အားတက္စရာျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ဖီးလ္ ဖိုဒန္ဟာ အစပိုင္းတုန္းက မန္စီးတီးအသင္းဆီကေန တစ္ပတ္လုပ္ခလစာ ေပါင္ ၁၅၀၀၀၀ တန္ေၾကးရွိတဲ့ စာခ်ဳပ္သစ္ ကမ္းလွမ္းျခင္းခံခဲ့ရေပမယ့္ ျငင္းပယ္ခဲ့တာျဖစ္ၿပီး အဂၤလန္ၾကယ္ပြင့္ဟာ ေနာက္ထပ္ပိုမိုမ်ားျပားတဲ့ ေငြေၾကးရရွိဖို႔ အေလာင္းအစားဆန္ဆန္ စြန႔္စားခဲ့တာျဖစ္ၿပီး အဲဒီလို လုပ္ခဲ့တာလည္း မွန္ကန္ခဲ့တယ္ဆိုတာ အေျဖေပၚခဲ့ၿပီျဖစ္ပါတယ္။

ဖီးလ္ ဖိုဒန္ဟာ လက္ရွိမွာေတာ့ လာမယ့္ရာသီသစ္အတြက္ အာ႐ုံအျပည့္အဝ စိုက္သြားေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံေတြဟာ လာမယ့္တနဂၤေႏြေန႔မွာ ဝက္စ္ဟမ္းနဲ႔ ရာသီအဖြင့္ပြဲစဥ္အျဖစ္ စတင္ကစားသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.