La Liga Ligue1

ဆုဖလားအများဆုံးရထားတဲ့စံချိန်ကို လိုက်မီတော့မယ့် မက်ဆီကို တုံ့ပြန်လိုက်တဲ့ အဲဗက်စ်

ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ တနင်္ဂနွေနေ့က နွန့်စ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပြင်သစ်စူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ကစားသမားဘဝတလျှောက် ၄၁ ကြိမ်မြောက် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာကစားသမားဘဝတလျှောက် အဓိကဆုဖလားအားလုံးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ပြင်သစ်ကို ပြောင်းရွှေ့ကစားခဲ့ပြီးနောက်မှာလည်း ပီအက်စ်ဂျီအသင်းနဲ့အတူ ဆုဖလားတွေ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

TNT Sports အာဂျင်တီးနား အားကစားသတင်းဌာနက ၄၁ ကြိမ်မြောက် ဆုဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ မက်ဆီအနေနဲ့ ကစားသမားဘဝတလျှောက် ဆုဖလားအများဆုံးပိုင်ဆိုင်ထားတဲ့ ဒန်နီ အဲဗက်စ်ရဲ့ ဆုဖလား ၄၃ လုံးစံချိန်ကို လိုက်မီတော့မယ်ဆိုတာကို ထောက်ပြတဲ့အနေနဲ့ ‘သတိထားနေတော့ ဒန်နီ အဲဗက်စ်’လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ကလပ် ယူနီဗာဆီဒက် နေစီယွန်နယ်အသင်းကို ယခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဒန်နီ အဲဗက်စ်ဟာ ကစားသမားဘဝတလျှောက် ဆုဖလားအများဆုံး ပိုင်ဆိုင်ထားတဲ့ကစားသမားဆိုတဲ့ စံချိန်နဲ့ပတ်သက်ပြီး အမြဲတမ်း ကြွားဝါလေ့ရှိသူဖြစ်ပေမယ့်လည်း လီယွန်နယ် မက်ဆီနဲ့ပတ်သက်လာရင်တော့ နှိမ့်ချခဲ့တာဖြစ်ပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဒါက ကျွန်တော် သူ့ကို ပေးခဲ့တဲ့ နောက်ထပ် ဖန်တီးမှုတစ်ခုဖြစ်ပါလိမ့်မယ်”လို့ ဒန်နီ အဲဗက်စ်က ဟာသဖောက်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဖော်ဟောင်းကို ဘယ်လောက်အထိ ချစ်ခင်မြတ်နိုးလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

မက်ဆီနဲ့ ဒန်နီ အဲဗက်စ်တို့ဟာ ဘာစီလိုနာအသင်းမှာ အချိန်ကြာမြင့်စွာ အသင်းဖော်တွေ ဖြစ်ခဲ့ကြသူတွေဖြစ်ပြီး ဆုဖလားများစွာကိုလည်း အတူတူ ကိုင်မြှောက်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီနဲ့ ဒန်နီ အဲဗက်စ်တိုဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ညာတောင်ပံ တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ကြတာဖြစ်ပြီး ဘရာဇီးလ်ဝါရင့်နောက်ခံတောင်ပံကစားသမားဟာ ၎င်းရဲ့ ကစားသးမားဘဝတလျှောက်မှာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးအတွက် အဓိက ဂိုးဖန်တီးပေးပို့မှုတွေ ပြုလုပ်သူအဖြစ် ကစားပေးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ လာလီဂါဖလား ၁၀ ကြိမ်၊ စပိန်စူပါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၇ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ် ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းမှာလည်း ပြင်သစ်စူပါဖလား ၁ ကြိမ်၊ လိဂန်းဖလား ၁ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရွေးစင်အဆင့်မှာလည်း လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား ၁ ကြိမ်၊ အိုလံပစ်ရွှေတံဆိပ်ဆု ၁ ကြိမ်၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ တနဂၤေႏြေန႔က ႏြန႔္စ္ကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ျပင္သစ္စူပါဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီးေနာက္ ကစားသမားဘဝတေလွ်ာက္ ၄၁ ႀကိမ္ေျမာက္ ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာကစားသမားဘဝတေလွ်ာက္ အဓိကဆုဖလားအားလုံးကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ျပင္သစ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီးေနာက္မွာလည္း ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ဆုဖလားေတြ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

TNT Sports အာဂ်င္တီးနား အားကစားသတင္းဌာနက ၄၁ ႀကိမ္ေျမာက္ ဆုဖလား ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ မက္ဆီအေနနဲ႔ ကစားသမားဘဝတေလွ်ာက္ ဆုဖလားအမ်ားဆုံးပိုင္ဆိုင္ထားတဲ့ ဒန္နီ အဲဗက္စ္ရဲ႕ ဆုဖလား ၄၃ လုံးစံခ်ိန္ကို လိုက္မီေတာ့မယ္ဆိုတာကို ေထာက္ျပတဲ့အေနနဲ႔ ‘သတိထားေနေတာ့ ဒန္နီ အဲဗက္စ္’လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ကလပ္ ယူနီဗာဆီဒက္ ေနစီယြန္နယ္အသင္းကို ယခုေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဒန္နီ အဲဗက္စ္ဟာ ကစားသမားဘဝတေလွ်ာက္ ဆုဖလားအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ကစားသမားဆိုတဲ့ စံခ်ိန္နဲ႔ပတ္သက္ၿပီး အၿမဲတမ္း ႂကြားဝါေလ့ရွိသူျဖစ္ေပမယ့္လည္း လီယြန္နယ္ မက္ဆီနဲ႔ပတ္သက္လာရင္ေတာ့ ႏွိမ့္ခ်ခဲ့တာျဖစ္ပါတယ္။

“ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ဘာမွ စိုးရိမ္စရာမရွိပါဘူး။ ဒါက ကြၽန္ေတာ္ သူ႔ကို ေပးခဲ့တဲ့ ေနာက္ထပ္ ဖန္တီးမႈတစ္ခုျဖစ္ပါလိမ့္မယ္”လို႔ ဒန္နီ အဲဗက္စ္က ဟာသေဖာက္ခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းေဖာ္ေဟာင္းကို ဘယ္ေလာက္အထိ ခ်စ္ခင္ျမတ္ႏိုးလဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

မက္ဆီနဲ႔ ဒန္နီ အဲဗက္စ္တို႔ဟာ ဘာစီလိုနာအသင္းမွာ အခ်ိန္ၾကာျမင့္စြာ အသင္းေဖာ္ေတြ ျဖစ္ခဲ့ၾကသူေတြျဖစ္ၿပီး ဆုဖလားမ်ားစြာကိုလည္း အတူတူ ကိုင္ေျမႇာက္ႏိုင္ခဲ့ၾကတာလည္း ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီနဲ႔ ဒန္နီ အဲဗက္စ္တိုဟာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ညာေတာင္ပံ တိုက္စစ္ကို ပုံေဖာ္ႏိုင္ခဲ့ၾကတာျဖစ္ၿပီး ဘရာဇီးလ္ဝါရင့္ေနာက္ခံေတာင္ပံကစားသမားဟာ ၎ရဲ႕ ကစားသးမားဘဝတေလွ်ာက္မွာ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးအတြက္ အဓိက ဂိုးဖန္တီးေပးပို႔မႈေတြ ျပဳလုပ္သူအျဖစ္ ကစားေပးခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းမွာ လာလီဂါဖလား ၁၀ ႀကိမ္၊ စပိန္စူပါဖလား ၈ ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္၊ ကိုပါဒယ္ေရးဖလား ၇ ႀကိမ္၊ ယူအီးအက္ဖ္ေအ စူပါဖလား ၃ ႀကိမ္၊ ကလပ္ကမာၻ႔ဖလား ၃ ႀကိမ္ ရရွိခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းမွာလည္း ျပင္သစ္စူပါဖလား ၁ ႀကိမ္၊ လိဂန္းဖလား ၁ ႀကိမ္ ရရွိခဲ့တာျဖစ္ပါတယ္။ လက္ေ႐ြးစင္အဆင့္မွာလည္း လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိကဖလား ၁ ႀကိမ္၊ အိုလံပစ္ေ႐ႊတံဆိပ္ဆု ၁ ႀကိမ္၊ ဖီဖာ ယူ-၂၀ ကမာၻ႔ဖလား ၁ ႀကိမ္ ရရွိထားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.