Premier League

မန်ချက်စတာယူနိုက်တက်ကို ကတိမတည်သူတွေလို့ ပြစ်တင်ဝေဖန်လိုက်တဲ့ ဟန်ဒါဆန်

ဒင်း ဟန်ဒါဆန်ဟာ ၎င်းကို အသင်းရဲ့ ပထမပွဲထွက်ဂိုးသမားအဖြစ် ကစားခွင့်ပေးမယ်ဆိုပြီး ပေးထားတဲ့ ကတိအတိုင်း မတည်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ကစားသမားဘဝ အချိန်တွေကို ဖြုန်းတီးတဲ့ ပြစ်မှုကျူးလွန်သူတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ အထူးသီးသန့် အင်တာဗျူးတစ်ခုမှာ ၎င်းရဲ့ ဆက်ဆံခံရမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အိုးထရက်ဖို့ဒ်က ကာလရှည်အနာဂတ်နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ မရေရာမှုတွေ ဖြစ်စေနိုင်တဲ့ ဒေါသတကြီး ပေါက်ကွဲမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့လကုန်မှာ တန်းတက်အသင်းသစ်ဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းသကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အတွက် ၃ ပွဲသာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။ ဒင်း ဟန်ဒါဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ တစ်ပွဲမှ ပါဝင်ကစားပေးခွင့် မရရှီခဲ့ဘဲ နောက်ထပ်တစ်ကြိမ် ဒေးဗစ် ဒဟေးယားရဲ့ နောက် ဒုတိယပွဲထွက်ဂိုးသမားအဖြစ်နဲ့သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ဂိုးသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ တင်ပါးဒဏ်ရာကြောင့် အင်္ဂလန်ရဲ့ ယူရိုလူစာရင်းကနေ နုတ်ထွက်ခဲ့ရသူဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ထိုးနှက်ချက်ကြောင့်လည်း အဲဒီအချိန်က မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ လူစာရင်းမှာ ရွေးချယ်ခံနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟန်ဒါဆန်က ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေရှိနေပေမယ့်လည်း ဒဟေးယားရဲ့ နံပါတ် ၁ ပွဲထွက်နေရာမှာ ကစားရမယ်ဆိုတဲ့ ကတိကြောင့် ၎င်းရဲ့ ကစားသမားဘဝ တခြားနေရာမှာ ကစားနိုင်မယ့် အခွင့်အရေးတွေကို ငြင်းပယ်ခဲ့ရတဲ့အတွက် မန်ချက်စတာယူနိုက်တက်အနေနဲ့ ကတိတည်ခဲ့သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဟန်ဒါဆန်က ယခုနွေရာသီမှာ အသင်းကို စွန့်ခွာချင်တဲ့ ဆန္ဒကိုလည်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဖောရက်စ်ကို ပြောင်းရွှေ့လာပြီးကတည်းက နည်းပြသစ် တန်ဟက်ဂ်နဲ့ စကားမပြောရသေးဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော့်ကစားသမားဘဝရဲ့ အခက်ခဲဆုံး ၁၂ လတာ ကာလဖြစ်ခဲ့ပါတယ်။ ကျွန်တော် ယူရိုလူစာရင်းကနေ ထွက်ခဲ့ရတဲ့အချိန်မှာ ပြောခဲ့တဲ့ စကားက နံပါတ် ၁ ဖြစ်လာဖို့ မင်း ဒီကို ပြန်လာရမှာတဲ့။ ကျွန်တော် ကိုဗစ်ဖြစ်တယ်။ ပြန်လာခဲ့တယ်။ အဲဒီတော့ ကျွန်တော် နံပါတ် ၁ ဖြစ်နေရဦးမှာပဲလေ။ ဒါပေမယ့် ပြီးတော့ ဘယ်သူကမှ သူတို့ ကျွန်တော့်ကို ပြောခဲ့တဲ့စကားအတိုင်း မတည်ခဲ့ကြပါဘူး။ အဲဒါက စိတ်ပျက်စရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ပြီးခဲ့တဲ့နွေရာသီမှာ သူတို့ ပေးတဲ့ကတိကြောင့် ကောင်းမွန်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှု အများအပြားကို ငြင်းပယ်ခဲ့လို့ပါ”

“သူတို့တွေ ကျွန်တော့်ကို သွားခွင့် မပေးခဲ့ဘူး။ အရန်ခုံမှာ ၁၂ လလောက် ထိုင်ခိုင်းထားတာက တကယ်တော့ အဲဒါက ကျွန်တော့်အသက်အရွယ်မှာ ပြစ်မှုမြောက်ပါတယ်။ ကျွန်တော် ဒေါသထွက်ခဲ့တယ်။ ကျွန်တော် အသင်းတာဝန်ရှိသူတွေကို ဘောလုံးကစားဖို့လိုတယ်ဆိုတာနဲ့ ထွက်ခွင့်ပေးဖို့ ပြောခဲ့တယ်။ နည်းပြသစ်ရောက်မလာခင် ကျွန်တော် ထွက်သွားခါနီးဖြစ်နေပါပြီ။ ကျွန်တော် အဲဒီကတည်းက သူ့ကို စကားမပြောရသေးပါဘူး။ ကျွန်တော် ဆက်ပြီး တိုးတက်နေဖို့ ကွင်းတွင်း၊ ကွင်းပြင် အလုပ်ကြိုးစားခဲ့တယ်။ တစ်နေ့ပြီး တစ်နေ့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့တယ်။ အခုတော့ ကျွန်တော် နော်တင်ဟမ် ဖောရက်စ်နဲ့ ရာသီသစ်ကို စောင့်မျှော်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဒင္း ဟန္ဒါဆန္ဟာ ၎ကို အသင္းရဲ႕ ပထမပြဲထြက္ဂိုးသမားအျဖစ္ ကစားခြင့္ေပးမယ္ဆိုၿပီး ေပးထားတဲ့ ကတိအတိုင္း မတည္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး ကစားသမားဘဝ အခ်ိန္ေတြကို ျဖဳန္းတီးတဲ့ ျပစ္မႈက်ဴးလြန္သူေတြအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ အထူးသီးသန႔္ အင္တာဗ်ဴးတစ္ခုမွာ ၎ရဲ႕ ဆက္ဆံခံရမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အိုးထရက္ဖို႔ဒ္က ကာလရွည္အနာဂတ္နဲ႔ပတ္သက္ၿပီး ျပင္းထန္တဲ့ မေရရာမႈေတြ ျဖစ္ေစႏိုင္တဲ့ ေဒါသတႀကီး ေပါက္ကြဲမႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ပါတယ္။

ဟန္ဒါဆန္ဟာ ၿပီးခဲ့တဲ့လကုန္မွာ တန္းတက္အသင္းသစ္ျဖစ္တဲ့ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းသကို တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ ယူႏိုက္တက္အတြက္ ၃ ပြဲသာ ပါဝင္ကစားေပးခဲ့ရတာျဖစ္ပါတယ္။ ဒင္း ဟန္ဒါဆန္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ တစ္ပြဲမွ ပါဝင္ကစားေပးခြင့္ မရရွီခဲ့ဘဲ ေနာက္ထပ္တစ္ႀကိမ္ ေဒးဗစ္ ဒေဟးယားရဲ႕ ေနာက္ ဒုတိယပြဲထြက္ဂိုးသမားအျဖစ္နဲ႔သာ ကစားခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီထြက္ဂိုးသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ တင္ပါးဒဏ္ရာေၾကာင့္ အဂၤလန္ရဲ႕ ယူ႐ိုလူစာရင္းကေန ႏုတ္ထြက္ခဲ့ရသူျဖစ္ၿပီး ကိုဗစ္-၁၉ ကပ္ေရာဂါရဲ႕ ထိုးႏွက္ခ်က္ေၾကာင့္လည္း အဲဒီအခ်ိန္က မန္ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ လူစာရင္းမွာ ေ႐ြးခ်ယ္ခံႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟန္ဒါဆန္က ဒီလို ခက္ခဲၾကမ္းတမ္းတဲ့ အေျခအေနေတြရွိေနေပမယ့္လည္း ဒေဟးယားရဲ႕ နံပါတ္ ၁ ပြဲထြက္ေနရာမွာ ကစားရမယ္ဆိုတဲ့ ကတိေၾကာင့္ ၎ရဲ႕ ကစားသမားဘဝ တျခားေနရာမွာ ကစားႏိုင္မယ့္ အခြင့္အေရးေတြကို ျငင္းပယ္ခဲ့ရတဲ့အတြက္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ကတိတည္ခဲ့သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဟန္ဒါဆန္က ယခုေႏြရာသီမွာ အသင္းကို စြန႔္ခြာခ်င္တဲ့ ဆႏၵကိုလည္း ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး ေဖာရက္စ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက နည္းျပသစ္ တန္ဟက္ဂ္နဲ႔ စကားမေျပာရေသးဘူးလို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

“႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ့္ကစားသမားဘဝရဲ႕ အခက္ခဲဆုံး ၁၂ လတာ ကာလျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ယူ႐ိုလူစာရင္းကေန ထြက္ခဲ့ရတဲ့အခ်ိန္မွာ ေျပာခဲ့တဲ့ စကားက နံပါတ္ ၁ ျဖစ္လာဖို႔ မင္း ဒီကို ျပန္လာရမွာတဲ့။ ကြၽန္ေတာ္ ကိုဗစ္ျဖစ္တယ္။ ျပန္လာခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ နံပါတ္ ၁ ျဖစ္ေနရဦးမွာပဲေလ။ ဒါေပမယ့္ ၿပီးေတာ့ ဘယ္သူကမွ သူတို႔ ကြၽန္ေတာ့္ကို ေျပာခဲ့တဲ့စကားအတိုင္း မတည္ခဲ့ၾကပါဘူး။ အဲဒါက စိတ္ပ်က္စရာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ၿပီးခဲ့တဲ့ေႏြရာသီမွာ သူတို႔ ေပးတဲ့ကတိေၾကာင့္ ေကာင္းမြန္တဲ့ အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းမႈ အမ်ားအျပားကို ျငင္းပယ္ခဲ့လို႔ပါ”

“သူတို႔ေတြ ကြၽန္ေတာ့္ကို သြားခြင့္ မေပးခဲ့ဘူး။ အရန္ခုံမွာ ၁၂ လေလာက္ ထိုင္ခိုင္းထားတာက တကယ္ေတာ့ အဲဒါက ကြၽန္ေတာ့္အသက္အ႐ြယ္မွာ ျပစ္မႈေျမာက္ပါတယ္။ ကြၽန္ေတာ္ ေဒါသထြက္ခဲ့တယ္။ ကြၽန္ေတာ္ အသင္းတာဝန္ရွိသူေတြကို ေဘာလုံးကစားဖို႔လိုတယ္ဆိုတာနဲ႔ ထြက္ခြင့္ေပးဖို႔ ေျပာခဲ့တယ္။ နည္းျပသစ္ေရာက္မလာခင္ ကြၽန္ေတာ္ ထြက္သြားခါနီးျဖစ္ေနပါၿပီ။ ကြၽန္ေတာ္ အဲဒီကတည္းက သူ႔ကို စကားမေျပာရေသးပါဘူး။ ကြၽန္ေတာ္ ဆက္ၿပီး တိုးတက္ေနဖို႔ ကြင္းတြင္း၊ ကြင္းျပင္ အလုပ္ႀကိဳးစားခဲ့တယ္။ တစ္ေန႔ၿပီး တစ္ေန႔ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့တယ္။ အခုေတာ့ ကြၽန္ေတာ္ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ရာသီသစ္ကို ေစာင့္ေမွ်ာ္ေနပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.