Premier League

ပရီးမီးယားလိဂ်ရဲ့ ရှာမှရှားတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်ရဲ့ အစော်ကားအခံရဆုံး ကစားသမားအဖြစ် ကြေညာခြင်းခံခဲ့ရတယ်လို့ Ofcom ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အခြား မန်ချက်စတာယူနိုက်တက်ကစားသမား ၆ ဦးလည်း ပရီးမီးယားလိဂ်မှာ အစော်ကားအခံရဆုံး ကစားသမား ၁၀ ဦးစာရင်းထဲမှာ ပါဝင်ခဲ့ကြပြီး ဒီစာရင်းဟာ ၂၀၂၁ ခုနှစ် သြဂုတ်လကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကြား နှောင့်ယှက်စော်ကားတဲ့ Tweets တွေကို အခြေခံထားတာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘောလုံးပြိုင်ပွဲကို ထွန်းလင်းစေတဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး စစ်တမ်းအရ နှောင့်ယှက်စော်ကားတဲ့ Tweets အများဆုံး ရရှိခဲ့တယ်လို့ သိရပါတယ်။

အစောပိုင်းမှာ ပြောခဲ့တဲ့ အချိန်ကာလအတွင်းမှာပဲ ဘလွန်ဒေါ ၅ ဆုရှင်ဟာ နှောင့်ယှက်စော်ကားတဲ့ Tweets ပေါင်း ၁၂၅၂၀ ခု ရရှိခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ တစ်ကမ္ဘာလုံး အလေးထား ဆွေးနွေးရတဲ့ အားကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့်လည်း အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပရိသတ်အင်အား အလွန်တောင့်တင်းသလို မုန်းတီးသူတွေကလည်း တကမ္ဘာလုံးမှာ သန်းပေါင်းများစွာ ရှိနေတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့မှုက ပရိသတ်တွေကြားမှာ အမြင်ကွဲလွဲမှုတွေများစွာ ဖြစ်စေခဲ့တာဖြစ်ပါတယ်။

အများစုကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဟန်ချက်ညီမှုကို ဖျက်ဆီးပစ်လိုက်တယ်လို့ ပြောဆိုနေကြတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကလည်း အစော်ကားခံရဆုံးကစားသမားစာရင်းထဲမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟာ လက်စတာစီးတီးကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက တသက်တာ တန်ဖိုးအကြီးဆုံး နောက်ခံကစားသမားဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီမျှတဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့သူဖြစ်ပြီး စာရင်းထဲ နောက်ထပ် ပါဝင်နေတဲ့ ကစားသမား ၂ ဦးကတော့ ဖရက်(အဆင့် ၆)၊ ဒေးဗစ် ဒဟေးယား(အဆင့် ၁၀)တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တဲ့ ပေါလ် ပေါ့ဂ်ဘာက အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျက်ဆီ လင်ဂတ်ကတော့ အဆင့် ၈ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီ ကိန်းနဲ့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်တို့ကတော့ အဆင့် ၅၊ အဆင့် ၈ နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပရီးမီးယားလိဂ္ရဲ႕ အေစာ္ကားအခံရဆုံး ကစားသမားအျဖစ္ ေၾကညာျခင္းခံခဲ့ရတယ္လို႔ Ofcom ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

အျခား မန္ခ်က္စတာယူႏိုက္တက္ကစားသမား ၆ ဦးလည္း ပရီးမီးယားလိဂ္မွာ အေစာ္ကားအခံရဆုံး ကစားသမား ၁၀ ဦးစာရင္းထဲမွာ ပါဝင္ခဲ့ၾကၿပီး ဒီစာရင္းဟာ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လကေန ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလၾကား ေႏွာင့္ယွက္ေစာ္ကားတဲ့ Tweets ေတြကို အေျခခံထားတာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေဘာလုံးၿပိဳင္ပြဲကို ထြန္းလင္းေစတဲ့ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရသူျဖစ္ၿပီး စစ္တမ္းအရ ေႏွာင့္ယွက္ေစာ္ကားတဲ့ Tweets အမ်ားဆုံး ရရွိခဲ့တယ္လို႔ သိရပါတယ္။

အေစာပိုင္းမွာ ေျပာခဲ့တဲ့ အခ်ိန္ကာလအတြင္းမွာပဲ ဘလြန္ေဒါ ၅ ဆုရွင္ဟာ ေႏွာင့္ယွက္ေစာ္ကားတဲ့ Tweets ေပါင္း ၁၂၅၂၀ ခု ရရွိခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ တစ္ကမာၻလုံး အေလးထား ေဆြးေႏြးရတဲ့ အားကစားသမားေတြထဲက တစ္ဦးျဖစ္တာေၾကာင့္လည္း အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပရိသတ္အင္အား အလြန္ေတာင့္တင္းသလို မုန္းတီးသူေတြကလည္း တကမာၻလုံးမွာ သန္းေပါင္းမ်ားစြာ ရွိေနတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ႕ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေ႐ႊ႕မႈက ပရိသတ္ေတြၾကားမွာ အျမင္ကြဲလြဲမႈေတြမ်ားစြာ ျဖစ္ေစခဲ့တာျဖစ္ပါတယ္။

အမ်ားစုကေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဟန္ခ်က္ညီမႈကို ဖ်က္ဆီးပစ္လိုက္တယ္လို႔ ေျပာဆိုေနၾကတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကလည္း အေစာ္ကားခံရဆုံးကစားသမားစာရင္းထဲမွာ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေနာက္ခံကစားသမားဟာ လက္စတာစီးတီးကေန ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက တသက္တာ တန္ဖိုးအႀကီးဆုံး ေနာက္ခံကစားသမားဆိုတဲ့ဂုဏ္ပုဒ္နဲ႔ညီမွ်တဲ့ ေျခစြမ္းမ်ိဳး မျပသႏိုင္ခဲ့သူျဖစ္ၿပီး စာရင္းထဲ ေနာက္ထပ္ ပါဝင္ေနတဲ့ ကစားသမား ၂ ဦးကေတာ့ ဖရက္(အဆင့္ ၆)၊ ေဒးဗစ္ ဒေဟးယား(အဆင့္ ၁၀)တို႔ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လမွာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာၿပီး ဂ်ဴဗင္တပ္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ေပါလ္ ေပါ့ဂ္ဘာက အဆင့္ ၉ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဂ်က္ဆီ လင္ဂတ္ကေတာ့ အဆင့္ ၈ ေနရာ ရရွိခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉး ဟာရီ ကိန္းနဲ႔ မန္ခ်က္စတာစီးတီး ေတာင္ပံကစားသမား ဂ်က္ ဂရီးလစ္ရွ္တို႔ကေတာ့ အဆင့္ ၅၊ အဆင့္ ၈ ေနရာေတြမွာ အသီးသီး ရပ္တည္ႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.