Premier League

လီဗာပူးလ်နဲ့စီးတီး ဘယ်သူဗိုလ်စွဲမလဲ ခန့်မှန်းလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမားဟောင်း ရီယို ဖာဒီနန်က ယခုရာသီမှာလည်း ပရီးမီးယားလိဂ်ဆုဖလားအတွက် လီဗာပူးလ်နဲ့ မန်စီးတီးတို့ နောက်ထပ်တစ်ကြိမ် စီးချင်းထိုးရဦးမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ရာသီမှာ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို ကလော့ပ်ရဲ့အသင်း ခံစားခဲ့ရချိန်ကလွဲပြီး ပြီးခဲ့တဲ့ ၄ ရာသီမှာ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ဟာ ထိပ်ဆုံး ၂ နေရာကို အပိုင်သိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ၂ ကြိမ်အထိ ရမှတ် ၁ မှတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အက်စတန် ဗီလာအသင်းကို ရာသီနောက်ဆုံးနေ့မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

ဖာဒီနန်က ၂ သင်းစလုံးဟာ နောက်ထပ်တစ်ကြိမ် ထိပ်ဆုံး ၂ နေရာအတွက် ယှဉ်ပြိုင်မယ့်အသင်းတွေအဖြစ် ရှင်းလင်းနေတယ်လို့ ယုံကြည်နေပြီး ကျန်အသင်းတွေနဲ့ကြားမှာ ကြီးမားတဲ့ ကွာဟချက်ရှိနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ တတိယနေရာက ချဲလ်ဆီးအသင်းထက် ၁၈ မှတ်အသာနဲ့ ရာသီပြီးဆုံးခဲ့တာဖြစ်ပြီး FootballJOE နဲ့ တွေ့ဆုံရာမှာ ဖာဒီနန်က ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“လီဗာပူးလ်မှာ အခွင့်အရေး ရှိတယ်။ သူတို့ ၂ သင်းပါပဲ။ ဘယ်သူကမှ သူတို့ ၂ သင်းကို နောက်ထပ်တစ်ကြိမ် အမီလိုက်နိုင်ဦးမှာမဟုတ်ပါဘူး။ ဒုတိယနဲ့ တတိယကြားမှာ ၆ မှတ် သို့မဟုတ် ၈ မှတ်လောက်အထိ ကွာဟဦးမယ်လို့ ထင်နေတုန်းပါပဲ”

“တကယ်လို့ စပါးစ်လိုမျိုး တစ်သင်းသင်းက အဲဒီကွာဟမှုကို ဖန်တီးမယ်ဆိုရင် ဒါက ကြီးမားတဲ့၊ ကြီးမားတဲ့ ကွာဟချက်ကြီးပါပဲ။ အဲဒါကို လုပ်နိုင်ဖို့ သူတို့တွေ တစ်ခုခုတော့ လုပ်မှာပါ။ လီဗာပူးလ်နဲ့စီးတီးက ၂ ကောင်တည်းပြေးတဲ့ပြိုင်ပွဲဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ကတော့ ပရီးမီးယားလိဂ်ဖလားကို စီးတီးရသွားမယ် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမားေဟာင္း ရီယို ဖာဒီနန္က ယခုရာသီမွာလည္း ပရီးမီးယားလိဂ္ဆုဖလားအတြက္ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ ေနာက္ထပ္တစ္ႀကိမ္ စီးခ်င္းထိုးရဦးမယ္လို႔ ေဟာကိန္းထုတ္ခဲ့ပါတယ္။

၂၀၂၀-၂၀၂၁ ရာသီမွာ ဒဏ္ရာျပႆနာေတြရဲ႕ ႏွိပ္စက္ျခင္းကို ကေလာ့ပ္ရဲ႕အသင္း ခံစားခဲ့ရခ်ိန္ကလြဲၿပီး ၿပီးခဲ့တဲ့ ၄ ရာသီမွာ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ဟာ ထိပ္ဆုံး ၂ ေနရာကို အပိုင္သိမ္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ၂ ႀကိမ္အထိ ရမွတ္ ၁ မွတ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အက္စတန္ ဗီလာအသင္းကို ရာသီေနာက္ဆုံးေန႔မွာ အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။

ဖာဒီနန္က ၂ သင္းစလုံးဟာ ေနာက္ထပ္တစ္ႀကိမ္ ထိပ္ဆုံး ၂ ေနရာအတြက္ ယွဥ္ၿပိဳင္မယ့္အသင္းေတြအျဖစ္ ရွင္းလင္းေနတယ္လို႔ ယုံၾကည္ေနၿပီး က်န္အသင္းေတြနဲ႔ၾကားမွာ ႀကီးမားတဲ့ ကြာဟခ်က္ရွိေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ တတိယေနရာက ခ်ဲလ္ဆီးအသင္းထက္ ၁၈ မွတ္အသာနဲ႔ ရာသီၿပီးဆုံးခဲ့တာျဖစ္ၿပီး FootballJOE နဲ႔ ေတြ႕ဆုံရာမွာ ဖာဒီနန္က ယခုရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံဘယ္သူျဖစ္မလဲဆိုတာကို ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

“လီဗာပူးလ္မွာ အခြင့္အေရး ရွိတယ္။ သူတို႔ ၂ သင္းပါပဲ။ ဘယ္သူကမွ သူတို႔ ၂ သင္းကို ေနာက္ထပ္တစ္ႀကိမ္ အမီလိုက္ႏိုင္ဦးမွာမဟုတ္ပါဘူး။ ဒုတိယနဲ႔ တတိယၾကားမွာ ၆ မွတ္ သို႔မဟုတ္ ၈ မွတ္ေလာက္အထိ ကြာဟဦးမယ္လို႔ ထင္ေနတုန္းပါပဲ”

“တကယ္လို႔ စပါးစ္လိုမ်ိဳး တစ္သင္းသင္းက အဲဒီကြာဟမႈကို ဖန္တီးမယ္ဆိုရင္ ဒါက ႀကီးမားတဲ့၊ ႀကီးမားတဲ့ ကြာဟခ်က္ႀကီးပါပဲ။ အဲဒါကို လုပ္ႏိုင္ဖို႔ သူတို႔ေတြ တစ္ခုခုေတာ့ လုပ္မွာပါ။ လီဗာပူးလ္နဲ႔စီးတီးက ၂ ေကာင္တည္းေျပးတဲ့ၿပိဳင္ပြဲျဖစ္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ပရီးမီးယားလိဂ္ဖလားကို စီးတီးရသြားမယ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.