Premier League

မန်စီးတီးရဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်ကို ဝေဖန်လိုက်တဲ့ အဂွေရို

ဆာဂျီယို အဂွေရိုဟာ ရာဟင်း စတားလင်းကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်ချက်စတာစီးတီးရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပြီး ၎င်းရဲ့အသင်းဟောင်းဟာ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ နှလုံးရောဂါခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူခဲ့ရသူဖြစ်ပြီး အစ်တီဟတ်မှာရှိနေခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း ၃၈၉ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်အတွင်းမှာ အဂွေရိုဟာ စတားလင်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ အတွဲအဖြစ် ပုံဖော်နိုင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းအတွက် ၆ နှစ်ကြာ အတူတူ တွဲကစားပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လမှာ ရာဟင်း စတားလင်းဟာ ၇ နှစ်ကြာ ကစားပေးခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းကို စွန့်ခွာပြီး ချဲလ်ဆီးအသင်းကို ပေါင် ၄၇.၅ သန်းနဲ့ ပြောင်းရွှေ့ပြီဖြစ်ကြောင်း ကြေညာခြင်းခံခဲ့ရတာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ အူဒီးနီးစ်နဲ့ ကစားခဲ့တဲ့ ရာသီကြိုပွဲစဉ်မှာ ချဲလ်ဆီးအတွက် ပွဲဦးထွက်ပါဝင်ကစားပေးရင်း ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အူဒီးနီးစ်နဲ့ပွဲအပြီး တစ်နေ့တည်းမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ မန်ချက်စတာစီးတီးအသင်းက လီဗာပူးလ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဂွေရိုက ယင်းပွဲစဉ်အပြီးမှာ စတားလင်းရဲ့ ထွက်ခွာမှုအပေါ် အံ့အားသင့်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“စတားလင်းကို ရောင်းချခဲ့တာ ကျွန်တော် နားမလည်ပါဘူး။ သူတို့တွေ(စီးတီး)အနေနဲ့ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့ အချိန်တွေ ရှိနေပါတယ်”လို့ ၎င်းရဲ့ Twitch ချန်နယ်မှာ ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ မန်စီးတီးနဲ့အတူ ဆုဖလားပေါင်း ၁၁ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး အသစ်ရောက်ရှိလာတဲ့ အာလင်း ဟာလန်းနဲ့ပတ်သက်ပြီးလည်း မှတ်ချက်ပေးခဲ့ပါတယ်။

“သူက ဂျာမနီမှာ ကစားတာ အရမ်းကို အသားကျနေခဲ့ပါတယ်။ ဟာလန်းက သူတစ်ယောက်တည်းဖြစ်နေတယ်လို့ တွေးနေခဲ့ပြီး ပြီးတော့ ဗန်ဒိုက်က ရောက်လာပြီး ‘ပရီးမီးယားလိဂ်ကနေ ကြိုဆိုပါတယ်’ဆိုပြီး ပြောသွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဆာဂ်ီယို အေဂြ႐ိုဟာ ရာဟင္း စတားလင္းကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ မန္ခ်က္စတာစီးတီးရဲ႕ ဆုံးျဖတ္ခ်က္ကို ေမးခြန္းထုတ္ခဲ့ၿပီး ၎ရဲ႕အသင္းေဟာင္းဟာ ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ႏွလုံးေရာဂါခံစားေနရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္မွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝကေန အနားယူခဲ့ရသူျဖစ္ၿပီး အစ္တီဟတ္မွာရွိေနခဲ့တဲ့ ၁၀ ႏွစ္တာကာလအတြင္း ၃၈၉ ပြဲ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္အတြင္းမွာ အေဂြ႐ိုဟာ စတားလင္းနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ အတြဲအျဖစ္ ပုံေဖာ္ႏိုင္ခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းအတြက္ ၆ ႏွစ္ၾကာ အတူတူ တြဲကစားေပးခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လမွာ ရာဟင္း စတားလင္းဟာ ၇ ႏွစ္ၾကာ ကစားေပးခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းကို စြန႔္ခြာၿပီး ခ်ဲလ္ဆီးအသင္းကို ေပါင္ ၄၇.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ၿပီျဖစ္ေၾကာင္း ေၾကညာျခင္းခံခဲ့ရတာျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ အူဒီးနီးစ္နဲ႔ ကစားခဲ့တဲ့ ရာသီႀကိဳပြဲစဥ္မွာ ခ်ဲလ္ဆီးအတြက္ ပြဲဦးထြက္ပါဝင္ကစားေပးရင္း ပထမဆုံးသြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အူဒီးနီးစ္နဲ႔ပြဲအၿပီး တစ္ေန႔တည္းမွာ ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲမွာ မန္ခ်က္စတာစီးတီးအသင္းက လီဗာပူးလ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အေဂြ႐ိုက ယင္းပြဲစဥ္အၿပီးမွာ စတားလင္းရဲ႕ ထြက္ခြာမႈအေပၚ အံ့အားသင့္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“စတားလင္းကို ေရာင္းခ်ခဲ့တာ ကြၽန္ေတာ္ နားမလည္ပါဘူး။ သူတို႔ေတြ(စီးတီး)အေနနဲ႔ ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ခဲ့တဲ့ အခ်ိန္ေတြ ရွိေနပါတယ္”လို႔ ၎ရဲ႕ Twitch ခ်န္နယ္မွာ ေျပာၾကားခဲ့ပါတယ္။ အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းဟာ မန္စီးတီးနဲ႔အတူ ဆုဖလားေပါင္း ၁၁ ႀကိမ္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္ၿပီး အသစ္ေရာက္ရွိလာတဲ့ အာလင္း ဟာလန္းနဲ႔ပတ္သက္ၿပီးလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

“သူက ဂ်ာမနီမွာ ကစားတာ အရမ္းကို အသားက်ေနခဲ့ပါတယ္။ ဟာလန္းက သူတစ္ေယာက္တည္းျဖစ္ေနတယ္လို႔ ေတြးေနခဲ့ၿပီး ၿပီးေတာ့ ဗန္ဒိုက္က ေရာက္လာၿပီး ‘ပရီးမီးယားလိဂ္ကေန ႀကိဳဆိုပါတယ္’ဆိုၿပီး ေျပာသြားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.