Premier League

လီဗာပူးလ်နဲ့မကစားခင် ကစားသမားတွေကို ထူးထူးခြားခြား တွန်းအားပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်အသင်းရဲ့ အန်းဖီးကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးမှာ စပီကာတွေနဲ့ ‘You’ll Never Walk Alone’ကို ဖွင့်ထားခဲ့တယ်လို့ ဆီးဒရစ် ဆိုအာရက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၁၉၆၃ ခုနှစ်မှာ Gerry and the Peacemakers တို့ အသံသွင်းခဲ့တဲ့ အထင်ကရ သီချင်းကို အန်းဖီးမှာ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မတိုင်မီ ဖွင့်လေ့ရှိပြီး ပရိသတ်တွေဟာ မီးရောင်တွေအောက်မှာ တစုတဝေး အော်ဟစ်သီကြွေးရင်း ပြိုင်ဘက်ကစားသမားတွေကို ကြက်သီးထစေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းက လီဗာပူးလ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမယ့်အချိန်မှာ အာတီတာက ၎င်းရဲ့အသင်းကို ပွဲမဝင်ခင် အပြင်ကကျင်းပဆိုသလို အန်းဖီးမှာ ရင်ဆိုင်ရမယ့်အရာကို ကြိုတင် ခံစားစေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပွဲစဉ်အတွက် အလုပ်အများကြီး လုပ်ခဲ့ကြတာ အမှန်ပါပဲ။ ဒါပေမယ့် ခင်ဗျား တစ်ခါတရံမှာ ပတ်ဝန်းကျင်တစ်ခုမှာ လုပ်ရမယ့်အရာမျိုး နည်းနည်းရှိပါတယ်။ အန်းဖီးက အရမ်းကို လူသိများကျော်ကြားတဲ့ ကွင်းပါ။ အဲဒီမှာကစားဖို့က အမြဲတမ်း ခက်ခဲပါတယ်။ အရည်အသွေးကြောင့်တင်မဟုတ်ဘဲ ပရိသတ်တွေကလည်း သူတို့အသင်းကို ကူညီကြမယ်ဆိုတာ ကျွန်တော်တို့ သိနေလို့ပါ”

“အဲဒီတော့ မီခဲလ်က သူ လုပ်နိုင်သလောက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ကြိုးပမ်းခဲ့ပြီး သူ့အကြံက စပီကာတွေ ယူလာပြီး လေ့ကျင့်ရေးမှာ ဝရုန်းသုန်းကားနည်းနည်းဖြစ်အောင် ဖန်တီးတာပါ။ အဲဒီတော့ ကစားသမားတွေလည်း ချက်ချင်းကို အံဝင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရေးမှာ မတူညီတဲ့ တစ်စုံတရာမျိုး ရှိတာက ကစားသမားတွေအတွက်လည်း ကောင်းသလို ဒီကိစ္စက ခင်ဗျား စိတ်ထဲမှာလည်း ရှိနေမှာပါ”

“သူတို့တွေ(လီဗာပူးလ်ပရိသတ်) အဲဒီမှာ ရှိနေလိမ့်မယ်။ သူတို့တွေ ဆူညံနေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အလုပ်ကို လုပ်ဖို့ လိုအပ်နေတုန်းပါပဲ”လို့ ဆီးဒရစ်က ပြောကြားခဲ့ပါတယ်။ အဲဒီ လေ့ကျင့်ရေးကို Amazon ကနေ ရိုက်ကူးတဲ့ All or Nothing မှတ်တမ်းရုပ်ရှင်ထဲမှာ ပြသသွားမှာဖြစ်ပြီး နည်းပြအာတီတာက ၎င်းရဲ့ ငယ်ဘဝတုန်းက ပြုလုပ်ခဲ့တဲ့ အသက်လုရတဲ့ နှလုံးခွဲစိတ်မှုအကြောင်း ဆွေးနွေးထားတဲ့အကြောင်းလည်း ပါဝင်မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ အာဆင်နယ်အသင်းက ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် နည်းပြ ကလော့ပ်နဲ့ အာတီတာတို့ ကွင်းဘေးစည်းမှာ အချင်းများခဲ့ကြပြီး အိမ်ရှင် မာဆေးဆိုဒ်အသင်းက မြောက်လန်ဒန်အသင်းကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ရာသီ လီဗာပူးလ္အသင္းရဲ႕ အန္းဖီးကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မတိုင္မီ ေလ့က်င့္ေရးမွာ စပီကာေတြနဲ႔ ‘You’ll Never Walk Alone’ကို ဖြင့္ထားခဲ့တယ္လို႔ ဆီးဒရစ္ ဆိုအာရက္စ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ၁၉၆၃ ခုႏွစ္မွာ Gerry and the Peacemakers တို႔ အသံသြင္းခဲ့တဲ့ အထင္ကရ သီခ်င္းကို အန္းဖီးမွာ ကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မတိုင္မီ ဖြင့္ေလ့ရွိၿပီး ပရိသတ္ေတြဟာ မီးေရာင္ေတြေအာက္မွာ တစုတေဝး ေအာ္ဟစ္သီေႂကြးရင္း ၿပိဳင္ဘက္ကစားသမားေတြကို ၾကက္သီးထေစခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္အသင္းက လီဗာပူးလ္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ကစားရမယ့္အခ်ိန္မွာ အာတီတာက ၎ရဲ႕အသင္းကို ပြဲမဝင္ခင္ အျပင္ကက်င္းပဆိုသလို အန္းဖီးမွာ ရင္ဆိုင္ရမယ့္အရာကို ႀကိဳတင္ ခံစားေစခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ပြဲစဥ္အတြက္ အလုပ္အမ်ားႀကီး လုပ္ခဲ့ၾကတာ အမွန္ပါပဲ။ ဒါေပမယ့္ ခင္ဗ်ား တစ္ခါတရံမွာ ပတ္ဝန္းက်င္တစ္ခုမွာ လုပ္ရမယ့္အရာမ်ိဳး နည္းနည္းရွိပါတယ္။ အန္းဖီးက အရမ္းကို လူသိမ်ားေက်ာ္ၾကားတဲ့ ကြင္းပါ။ အဲဒီမွာကစားဖို႔က အၿမဲတမ္း ခက္ခဲပါတယ္။ အရည္အေသြးေၾကာင့္တင္မဟုတ္ဘဲ ပရိသတ္ေတြကလည္း သူတို႔အသင္းကို ကူညီၾကမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိေနလို႔ပါ”

“အဲဒီေတာ့ မီခဲလ္က သူ လုပ္ႏိုင္သေလာက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး သူ႔အႀကံက စပီကာေတြ ယူလာၿပီး ေလ့က်င့္ေရးမွာ ဝ႐ုန္းသုန္းကားနည္းနည္းျဖစ္ေအာင္ ဖန္တီးတာပါ။ အဲဒီေတာ့ ကစားသမားေတြလည္း ခ်က္ခ်င္းကို အံဝင္ေအာင္ လုပ္ဖို႔ လိုအပ္ပါတယ္။ ေလ့က်င့္ေရးမွာ မတူညီတဲ့ တစ္စုံတရာမ်ိဳး ရွိတာက ကစားသမားေတြအတြက္လည္း ေကာင္းသလို ဒီကိစၥက ခင္ဗ်ား စိတ္ထဲမွာလည္း ရွိေနမွာပါ”

“သူတို႔ေတြ(လီဗာပူးလ္ပရိသတ္) အဲဒီမွာ ရွိေနလိမ့္မယ္။ သူတို႔ေတြ ဆူညံေနလိမ့္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အလုပ္ကို လုပ္ဖို႔ လိုအပ္ေနတုန္းပါပဲ”လို႔ ဆီးဒရစ္က ေျပာၾကားခဲ့ပါတယ္။ အဲဒီ ေလ့က်င့္ေရးကို Amazon ကေန ႐ိုက္ကူးတဲ့ All or Nothing မွတ္တမ္း႐ုပ္ရွင္ထဲမွာ ျပသသြားမွာျဖစ္ၿပီး နည္းျပအာတီတာက ၎ရဲ႕ ငယ္ဘဝတုန္းက ျပဳလုပ္ခဲ့တဲ့ အသက္လုရတဲ့ ႏွလုံးခြဲစိတ္မႈအေၾကာင္း ေဆြးေႏြးထားတဲ့အေၾကာင္းလည္း ပါဝင္မွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းနဲ႔ ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ အာဆင္နယ္အသင္းက ေကာင္းေကာင္း ကစားႏိုင္ခဲ့ေပမယ့္ နည္းျပ ကေလာ့ပ္နဲ႔ အာတီတာတို႔ ကြင္းေဘးစည္းမွာ အခ်င္းမ်ားခဲ့ၾကၿပီး အိမ္ရွင္ မာေဆးဆိုဒ္အသင္းက ေျမာက္လန္ဒန္အသင္းကို ၄-၀ နဲ႔ ဂိုးျပတ္ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.