Premier League

လီဗာပူးလ်နဲ့ပွဲအတွက် ဟာလန်း အဆင်သင့်ဖြစ်နေပြီလို့ သတိပေးလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းရဲ့ ထိပ်တန်းကစားသမားခေါ်ယူမှုဖြစ်တဲ့ အာလင်း ဟာလန်းဟာ ရာသီကြိုကာလမှာ မိနစ် ၄၀ သာ ပါဝင်ကစားပေးခဲ့ရပေမယ့် လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ယနေ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

အာလင်း ဟာလန်းဟာ လီဗာပူးလ်နဲ့ ကစားရမယ့် ယနေ့ညနေ လက်စတာစီးတီးအသင်းအိမ်ကွင်း ကင်းပါဝါကွင်းက ကွန်မြူနတီဒိုင်းလုပွဲမှာ ပါဝင်ကစားပေးဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိနေတယ်လို့ နည်းပြ ဂွါဒီယိုလာက အတည်ပြု ပြောကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာပြီးကတည်းက ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ မိနစ် ၄၀ သာ ပါဝင်ကစားပေးရသေးတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ အသေးစားဒဏ်ရာလေးတွေ ရှိနေတဲ့ ဒေါ့မွန်ကြယ်ပွင့်ဟောင်းရဲ့ ကြံ့ခိုင်မှုကို ဂရုတစိုက် စီမံခန့်ခွဲနေခဲ့တာဖြစ်ပေမယ့် ယနေ့ညနေ လီဗာပူးလ်နဲ့ပွဲစဉ်မှာတော့ နော်ဝေတိုက်စစ်မှူးကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

“စနေနေ့ပွဲစဉ်မှာ သူ ကစားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ပထမဆုံးအကြိမ် ကစားတာ မြင်လိုက်ရတဲ့ အမြင်အရ ဒီကောင်လေးက တကယ်ကို ကောင်းမွန်ပြီး ပျော်တတ်တဲ့သူတစ်ယောက်ပါ။ သူက အသင်းနဲ့ တကယ်ကို ကောင်းကောင်း အထိုင်ကျနေခဲ့ပါတယ်။ ဒါက အရေးကြီးပါတယ်”

“လူတွေက အဲဒါဟာ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုလို့ မမြင်တာ သိသာပေမယ့် အဲဒါက တကယ်အရေးကြီးတဲ့အရာပါ။ အဝတ်လဲခန်းထဲမှာ ကောင်းမွန်တဲ့ စိတ်အခြေအနေရှိတာက ခင်ဗျား ပြောမယ့် ဘယ်လို အကြံပေးစကား ဒါမှမဟုတ် ဘယ်လိုအရာထက်မဆိုကို ပိုပြီးတော့ အရေးကြီးပါတယ်”

“ကျွန်တော်တို့ မိသားစုနဲ့ ကောင်းကောင်း အထိုင်ကျဖို့ ကြိုးစားတယ်။ လေ့ကျင့်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း သိအောင် ကြိုးစားတယ်။ ကျွန်တော်တို့ ဘာလုပ်ချင်လဲ၊ ပြီးခဲ့တဲ့ရာသီတွေမှာ ဘာလုပ်ခဲ့လဲဆိုတာကို မြင်နိုင်ပါတယ်။ အရည်အသွေးက ကျန်တာအားလုံး ဆက်လုပ်သွားပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၈၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၈၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကာလအတွင်း ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ နော်ဝေတိုက်စစ်မှူးထက် ဂိုးပိုမိုသွင်းယူနိုင်တဲ့ကစားသမားဆိုလို့ လီဗန်ဒေါ့ဗ်စကီး(၁၂၂ ဂိုး)နဲ့ ခီလီယန် အမ်ဘာပေ(၈၉ ဂိုး)တို့သာ ရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းရဲ႕ ထိပ္တန္းကစားသမားေခၚယူမႈျဖစ္တဲ့ အာလင္း ဟာလန္းဟာ ရာသီႀကိဳကာလမွာ မိနစ္ ၄၀ သာ ပါဝင္ကစားေပးခဲ့ရေပမယ့္ လီဗာပူးလ္နဲ႔ ရင္ဆိုင္ရမယ့္ ယေန႔ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။

အာလင္း ဟာလန္းဟာ လီဗာပူးလ္နဲ႔ ကစားရမယ့္ ယေန႔ညေန လက္စတာစီးတီးအသင္းအိမ္ကြင္း ကင္းပါဝါကြင္းက ကြန္ျမဴနတီဒိုင္းလုပြဲမွာ ပါဝင္ကစားေပးဖို႔ လုံေလာက္တဲ့ ႀကံ့ခိုင္မႈ ရွိေနတယ္လို႔ နည္းျပ ဂြါဒီယိုလာက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေဒါ့မြန္ကေန မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ရာသီႀကိဳေျခစမ္းပြဲစဥ္ေတြမွာ မိနစ္ ၄၀ သာ ပါဝင္ကစားေပးရေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာဟာ အေသးစားဒဏ္ရာေလးေတြ ရွိေနတဲ့ ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းရဲ႕ ႀကံ့ခိုင္မႈကို ဂ႐ုတစိုက္ စီမံခန႔္ခြဲေနခဲ့တာျဖစ္ေပမယ့္ ယေန႔ညေန လီဗာပူးလ္နဲ႔ပြဲစဥ္မွာေတာ့ ေနာ္ေဝတိုက္စစ္မႉးကို အသုံးျပဳဖို႔ အဆင္သင့္ျဖစ္ေနတာျဖစ္ပါတယ္။

“စေနေန႔ပြဲစဥ္မွာ သူ ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။ ပထမဆုံးအႀကိမ္ ကစားတာ ျမင္လိုက္ရတဲ့ အျမင္အရ ဒီေကာင္ေလးက တကယ္ကို ေကာင္းမြန္ၿပီး ေပ်ာ္တတ္တဲ့သူတစ္ေယာက္ပါ။ သူက အသင္းနဲ႔ တကယ္ကို ေကာင္းေကာင္း အထိုင္က်ေနခဲ့ပါတယ္။ ဒါက အေရးႀကီးပါတယ္”

“လူေတြက အဲဒါဟာ အေရးအႀကီးဆုံးအရာေတြထဲက တစ္ခုလို႔ မျမင္တာ သိသာေပမယ့္ အဲဒါက တကယ္အေရးႀကီးတဲ့အရာပါ။ အဝတ္လဲခန္းထဲမွာ ေကာင္းမြန္တဲ့ စိတ္အေျခအေနရွိတာက ခင္ဗ်ား ေျပာမယ့္ ဘယ္လို အႀကံေပးစကား ဒါမွမဟုတ္ ဘယ္လိုအရာထက္မဆိုကို ပိုၿပီးေတာ့ အေရးႀကီးပါတယ္”

“ကြၽန္ေတာ္တို႔ မိသားစုနဲ႔ ေကာင္းေကာင္း အထိုင္က်ဖို႔ ႀကိဳးစားတယ္။ ေလ့က်င့္ေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေကာင္းေကာင္း သိေအာင္ ႀကိဳးစားတယ္။ ကြၽန္ေတာ္တို႔ ဘာလုပ္ခ်င္လဲ၊ ၿပီးခဲ့တဲ့ရာသီေတြမွာ ဘာလုပ္ခဲ့လဲဆိုတာကို ျမင္ႏိုင္ပါတယ္။ အရည္အေသြးက က်န္တာအားလုံး ဆက္လုပ္သြားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ စုစုေပါင္း ၈၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၈၆ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကာလအတြင္း ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ေနာ္ေဝတိုက္စစ္မႉးထက္ ဂိုးပိုမိုသြင္းယူႏိုင္တဲ့ကစားသမားဆိုလို႔ လီဗန္ေဒါ့ဗ္စကီး(၁၂၂ ဂိုး)နဲ႔ ခီလီယန္ အမ္ဘာေပ(၈၉ ဂိုး)တို႔သာ ရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.