Premier League

ဒိုင်နမိုကိဗ်နဲ့ပွဲမှာ တကမ္ဘာလုံးက ပရိသတ်တွေရဲ့ လေးစားမှုကို ခံခဲ့ရတဲ့ အဲဗာတန်

အဲဗာတန် အမာခံပရိသတ် ပေါလ် စထရက်တန်ဟာ ယူကရိန်းစစ်ပြေးဒုက္ခသည်တွေကို ကူညီပေးခဲ့တဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် ဒိုင်နမို ကိဗ်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်အတွင်း ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

လီဗာပူးလ်ကောင်စီလုပ်သားဟာ ဂွတ်ဒီဆင် ပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ပင်နယ်တီကန်သွင်းယူဖို့ အဲဗာတန်နည်းပြ ဖရန့်ခ် လမ်းပတ်ရဲ့ လူစားဝင်ကစားခွင့်ပေးခြင်းခံခဲ့ရတာဖြစ်ပြီး စထရက်တန်ဟာ ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူပြီးနောက် ပရိသတ်တွေဆီက မတ်တပ်ရပ် လက်ခုပ်တီးဂုဏ်ပြုခံခဲ့ရသလို အဲဗာတန်ကစားသမားတွေရဲ့ ပွေ့ဖက်ဂုဏ်ပြုခြင်းလည်း ခံခဲ့ရတာဖြစ်ပါတယ်။

Liverpool Echo ရဲ့ ဖော်ပြချက်အရ ရဲအရာရှိဟောင်းဟာ မတ်လက ယူကရိန်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ပိုလန်နိုင်ငံကို ခရီးထွက်ခွာခဲ့တယ်လို့ သိရပါတယ်။

ပေါလ် စထရက်တန်ဟာ ပိုလန်စကားပြောစာအုပ်တစ်အုပ်နဲ့ ရဲတပ်ဖွဲ့၊ စစ်တပ် လုပ်ဖော်ကိုင်ဘက်ဟောင်းများ ကွန်ရက်တို့နဲ့အတူ ယူကရိန်း စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးခဲ့တာဖြစ်ပြီး ရဲအရာရှိဟောင်း စထရက်တန်အတွက်တော့ အဲဒီအခိုက်အတန့်ဟာ ၎င်းရဲ့ဘဝမှာ ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တဲ့ အခိုက်အတန့် ဖြစ်ခဲ့တာဖြစ်ပါတယ်။

စထရက်တန်ဟာ ပင်နယ်တီ ကန်သွင်းယူနိုင်ခဲ့ပြီးနောက် ဂိုးနောက်က Gwladys Street End ပွဲကြည့်စင်မှာ ရှိနေတဲ့ ကောင်စီလုပ်သားတွေဆီ ပြေးလွှားသွားခဲ့ပြီး ဒူးထောက်ခဲ့ပြီးနောက် အဲဗာတန်အသင်း ရင်ဘတ်တံဆိပ်ကို နမ်းရှုံ့ခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ဂွတ်ဒီဆင် ပါ့ခ်မှာ ဒိုင်နမို ကိဗ်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယူကရိန်းလက်ရွေးစင်နောက်ခံကစားသမား မိုင်ကိုလန်ကိုက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ကစားပေးခဲ့တာဖြစ်ပါတယ်။

မိုင်ကိုလန်ကိုက ၎င်းရဲ့ ဖခင်ဟာ မွေးရပ်မြေ ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ ကျူးကျော်စစ်ကို ကာကွယ်ဖို့အတွက် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော့် မိသားစုက ယူကရိန်းမှာ ရှိနေပါသေးတယ်။ အားလုံးပါပဲ။ ကျွန်တော့် ဦးလေး၊ အဖေ၊ အမေ သူတို့တွေ အဆင်ပြေကြပါတယ်။ ကျွန်တော့် အဖေက စစ်တပ်ထဲမှာဖြစ်ပေမယ့် သူက ကိဗ်မှာ ရှိနေပါတယ်”

“သူက စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတာဆိုပေမယ့်လည်း ယူကရိန်း အရှေ့ပိုင်းကို သွားမှာမဟုတ်ပါဘူး။ သူ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အဖေနဲ့ အမေ သူတို့ကို ကျွန်တော် ချစ်တယ်”လို့ မိုင်ကိုလန်ကိုက ဒိုင်နမိုကိဗ်နဲ့ ပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဲဗာတန္ အမာခံပရိသတ္ ေပါလ္ စထရက္တန္ဟာ ယူကရိန္းစစ္ေျပးဒုကၡသည္ေတြကို ကူညီေပးခဲ့တဲ့ သူရဲေကာင္းဆန္တဲ့ လုပ္ရပ္အတြက္ ဒိုင္နမို ကိဗ္နဲ႔ အဲဗာတန္အသင္းတို႔ရဲ႕ ေျခစမ္းပြဲစဥ္အတြင္း ဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။

လီဗာပူးလ္ေကာင္စီလုပ္သားဟာ ဂြတ္ဒီဆင္ ပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း ပင္နယ္တီကန္သြင္းယူဖို႔ အဲဗာတန္နည္းျပ ဖရန႔္ခ္ လမ္းပတ္ရဲ႕ လူစားဝင္ကစားခြင့္ေပးျခင္းခံခဲ့ရတာျဖစ္ၿပီး စထရက္တန္ဟာ ပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းယူၿပီးေနာက္ ပရိသတ္ေတြဆီက မတ္တပ္ရပ္ လက္ခုပ္တီးဂုဏ္ျပဳခံခဲ့ရသလို အဲဗာတန္ကစားသမားေတြရဲ႕ ေပြ႕ဖက္ဂုဏ္ျပဳျခင္းလည္း ခံခဲ့ရတာျဖစ္ပါတယ္။

Liverpool Echo ရဲ႕ ေဖာ္ျပခ်က္အရ ရဲအရာရွိေဟာင္းဟာ မတ္လက ယူကရိန္းႏိုင္ငံကေန ထြက္ေျပးတိမ္းေရွာင္လာတဲ့ ဒုကၡသည္ေတြကို ကူညီဖို႔ ပိုလန္ႏိုင္ငံကို ခရီးထြက္ခြာခဲ့တယ္လို႔ သိရပါတယ္။

ေပါလ္ စထရက္တန္ဟာ ပိုလန္စကားေျပာစာအုပ္တစ္အုပ္နဲ႔ ရဲတပ္ဖြဲ႕၊ စစ္တပ္ လုပ္ေဖာ္ကိုင္ဘက္ေဟာင္းမ်ား ကြန္ရက္တို႔နဲ႔အတူ ယူကရိန္း စစ္ေျပးဒုကၡသည္ေတြကို ကူညီေပးခဲ့တာျဖစ္ၿပီး ရဲအရာရွိေဟာင္း စထရက္တန္အတြက္ေတာ့ အဲဒီအခိုက္အတန႔္ဟာ ၎ရဲ႕ဘဝမွာ ဘယ္ေတာ့မွ ေမ့ေဖ်ာက္လို႔မရႏိုင္တဲ့ အခိုက္အတန႔္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

စထရက္တန္ဟာ ပင္နယ္တီ ကန္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဂိုးေနာက္က Gwladys Street End ပြဲၾကည့္စင္မွာ ရွိေနတဲ့ ေကာင္စီလုပ္သားေတြဆီ ေျပးလႊားသြားခဲ့ၿပီး ဒူးေထာက္ခဲ့ၿပီးေနာက္ အဲဗာတန္အသင္း ရင္ဘတ္တံဆိပ္ကို နမ္းရႈံ႕ခဲ့တာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ ဂြတ္ဒီဆင္ ပါ့ခ္မွာ ဒိုင္နမို ကိဗ္အသင္းကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ယူကရိန္းလက္ေ႐ြးစင္ေနာက္ခံကစားသမား မိုင္ကိုလန္ကိုက အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ကစားေပးခဲ့တာျဖစ္ပါတယ္။

မိုင္ကိုလန္ကိုက ၎ရဲ႕ ဖခင္ဟာ ေမြးရပ္ေျမ ယူကရိန္းႏိုင္ငံမွာ ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ကို ကာကြယ္ဖို႔အတြက္ စစ္တပ္ထဲမွာ တာဝန္ထမ္းေဆာင္ေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “ကြၽန္ေတာ့္ မိသားစုက ယူကရိန္းမွာ ရွိေနပါေသးတယ္။ အားလုံးပါပဲ။ ကြၽန္ေတာ့္ ဦးေလး၊ အေဖ၊ အေမ သူတို႔ေတြ အဆင္ေျပၾကပါတယ္။ ကြၽန္ေတာ့္ အေဖက စစ္တပ္ထဲမွာျဖစ္ေပမယ့္ သူက ကိဗ္မွာ ရွိေနပါတယ္”

“သူက စစ္တပ္ထဲမွာ တာဝန္ထမ္းေဆာင္ေနတာဆိုေပမယ့္လည္း ယူကရိန္း အေရွ႕ပိုင္းကို သြားမွာမဟုတ္ပါဘူး။ သူ႔အတြက္ ကြၽန္ေတာ္ ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ့္အေဖနဲ႔ အေမ သူတို႔ကို ကြၽန္ေတာ္ ခ်စ္တယ္”လို႔ မိုင္ကိုလန္ကိုက ဒိုင္နမိုကိဗ္နဲ႔ ပြဲမတိုင္ခင္မွာ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.