Premier League

ပြန်ကစားပေးမယ့်ပွဲကိုတောင် ချေမိုးပြီး ကြေညာလိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗယ်လက်ကာနိုနဲ့ ပွဲစဉ်မှာ ပါဝင်ကစားပေးမယ်လို့ ကြေညာခဲ့ပြီး နည်းပြ တန်ဟက်ဂ်လက်အောက်မှာ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ယခုလအစောပိုင်းမှာ အပြောင်းအရွှေ့ပြုလုပ်ခွင့် တောင်းဆိုခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေကို တစ်ပွဲမှ ပါဝင်ကစားပေးခဲ့ခြင်းမရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီ ချန်ပီယံလိဂ်မှာ ပါဝင်ကစားနိုင်ဖို့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် ထွက်ခွာခွင့်ပေးဖို့ အသင်းကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ထိုင်း၊ သြစတြေးလျတို့မှာ ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြိုခရီးစဉ်ကို လိုက်ပါခြင်းမရှိခဲ့သူဖြစ်ပြီး ယနေ့နေ့လယ် နော်ဝေမှာ အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်အတွက် တန်ဟက်ဂ်ရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့မှာ ဗယ်လက်ကာနိုနဲ့ ကစားရမယ့် ပွဲစဉ်မှာ ပါဝင်ကစားပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဟာ စပိန်လာလီဂါအသင်းနဲ့ပွဲစဉ်မှာ အရန်လူစာရင်းအများအပြားကို ပွဲထုတ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက အက်သလက်တီကို မက်ဒရစ်နဲ့ ကစားရမယ့် လူစာရင်းမှာရော ဗယ်လက်ကာနိုနဲ့ ကစားရမယ့်ပွဲစဉ်အတွက် လူစာရင်းမှာပါ ချန်လှပ်ခံခဲ့ရတယ်လို့ ပြောကြားထားတဲ့ အင်စတာဂရမ်ပို့စ်ကို “တနင်္ဂနွေနေ့မှာ ဘုရင်ကြီး ကစားပေးသွားမယ်”လို့ အဓိပ္ပာယ်ရတဲ့ ပေါ်တူဂီဘာသာစကားနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဗယ်လက်ကာနိုနဲ့ ကစားရမယ့်ပွဲစဉ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ရာသီကြိုခြေစမ်းပွဲစဉ်ဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့မှာ ဘရိုက်တန်နဲ့ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔မွာ ကစားရမယ့္ ဗယ္လက္ကာႏိုနဲ႔ ပြဲစဥ္မွာ ပါဝင္ကစားေပးမယ္လို႔ ေၾကညာခဲ့ၿပီး နည္းျပ တန္ဟက္ဂ္လက္ေအာက္မွာ ပထမဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားေပးသြားဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ယခုလအေစာပိုင္းမွာ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခြင့္ ေတာင္းဆိုခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲစဥ္ေတြကို တစ္ပြဲမွ ပါဝင္ကစားေပးခဲ့ျခင္းမရွိခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီ ခ်န္ပီယံလိဂ္မွာ ပါဝင္ကစားႏိုင္ဖို႔အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ရွိလာခဲ့ရင္ ထြက္ခြာခြင့္ေပးဖို႔ အသင္းကို ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ထိုင္း၊ ၾသစေၾတးလ်တို႔မွာ ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီႀကိဳခရီးစဥ္ကို လိုက္ပါျခင္းမရွိခဲ့သူျဖစ္ၿပီး ယေန႔ေန႔လယ္ ေနာ္ေဝမွာ အက္သလက္တီကို မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္အတြက္ တန္ဟက္ဂ္ရဲ႕ လူစာရင္းမွာ ပါဝင္ခဲ့ျခင္းမရွိသူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔မွာ ဗယ္လက္ကာႏိုနဲ႔ ကစားရမယ့္ ပြဲစဥ္မွာ ပါဝင္ကစားေပးမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ စပိန္လာလီဂါအသင္းနဲ႔ပြဲစဥ္မွာ အရန္လူစာရင္းအမ်ားအျပားကို ပြဲထုတ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုက အက္သလက္တီကို မက္ဒရစ္နဲ႔ ကစားရမယ့္ လူစာရင္းမွာေရာ ဗယ္လက္ကာႏိုနဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ လူစာရင္းမွာပါ ခ်န္လွပ္ခံခဲ့ရတယ္လို႔ ေျပာၾကားထားတဲ့ အင္စတာဂရမ္ပို႔စ္ကို “တနဂၤေႏြေန႔မွာ ဘုရင္ႀကီး ကစားေပးသြားမယ္”လို႔ အဓိပၸာယ္ရတဲ့ ေပၚတူဂီဘာသာစကားနဲ႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဗယ္လက္ကာႏိုနဲ႔ ကစားရမယ့္ပြဲစဥ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ဆုံး ရာသီႀကိဳေျခစမ္းပြဲစဥ္ျဖစ္ၿပီး ၾသဂုတ္လ ၇ ရက္ေန႔မွာ ဘ႐ိုက္တန္နဲ႔ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.