Premier League Transfer News

တောင်ပံနဲ့ ကွင်းလယ်တစ်ဦးစီ လိုနေပေမယ့် ရုံခါရဦးမှာကြောင့် ကြန့်ကြာနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အဝယ်စာရင်းနဲ့ ရာသီသစ်အတွက် ပရောဂျက်က တကယ်တမ်းမှာ ပြီးဆုံးသေးတာ မဟုတ်ဘဲ အသင်းရဲ့ အနာဂတ် အစီအစဉ်ထဲ မပါတော့သူတွေကို နည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့အနေနဲ့ ရှင်းထုတ်ဖို့ ခက်ခဲနေတာကြောင့်သာ ကြန့်ကြာနေတာလို့ သိရပါတယ်။

အာတီတာ၊ အီဒူးတို့အနေနဲ့ ညာတောင်ပံမှာ လောက်လောက်လားလားဆိုလို့ ဘူကာယို ဆာကာတစ်ဦးပဲ ရှိတယ်လို့ ရှုမြင်ထားတာဖြစ်ပြီး နီကိုလာ ပေပေဟာ ဘာမှ ဖြစ်မလာနိုင်တော့ဘူးလို့ အဆုံးတွက်ထားသလို လူငယ် ကစားသမားသစ် မားကင်ညို့စ်ကိုလည်း ချက်ချင်း အားကိုးနိုင်မယ်လို့ မျှော်လင့်မထားတာကြောင့် လူသစ်ရှာဖွေနေကြတာပါ။

ဒီနေရာအတွက် လူခေါ်ရင် အနည်းဆုံးနှစ်နေရာလောက်ကို ကစားနိုင်မယ့်သူမျိုးကို ခေါ်ယူသွားမှာဖြစ်ပြီး ဆာကို ဦးစားပေးအဖြစ် ဆက်လက်ထားရှိမယ့် အချိန်မှာ ဒီတစ်နေရာတည်းအတွက် စောင့်ဆိုင်းနေရင် ပွဲထွက်ခွင့် လျော့ကျနိုင်မယ့် လူသစ်အတွက် နောက်ထပ်တစ်နေရာမှာ ကစားနိုင်ဖို့ တစ်နေရာထက် ပိုသုံးစားရတဲ့သူမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားက ကျောနံပါတ် ၂၈ ကို ရယူပြီး နေရာအတွက် တိုက်ပွဲဝင်မယ့် ပုံစံကို ပြနေပေမယ့် ဒါက ပရိသတ်တွေနဲ့ အသင်းဘက်က လိုချင်တဲ့ အရာ မဟုတ်သလို အသင်းအတွက် စဉ်းစားမပေးဘဲ စာချုပ်ဖျက်ဆိုတာချည်း လုပ်နေတဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင် အပါအဝင် အသုံးမဝင်သူ ၆ ဦး ၇ ဦးလောက်ကို ရောင်းချသွားရဖို့ ရှိနေတာပါ။

ဒီလူတွေထဲက တစ်ဝက်လောက်ကို ရောင်းချနိုင်ခဲ့မယ်ဆိုရင်တော့ တောင်ပံအတွက် လူးကပ်စ် ပါကေးတာကို လီယွန်ကနေ ကြိုးစားလို့ မရခဲ့ရင် ဘယ်ညာတောင်ပံသာမက အထောင်တိုက်စစ်ပါ ကစားနိုင်တဲ့ ပီအက်စ်ဗီ တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေသလို ဂါဘရီယယ်လ် ဂျေဆူးစ်တစ်ဦးတည်းသာ လောက်လောက်လားလားရှိတဲ့ ရှေ့တန်းအတွက် နယ်သာလန်လက်ရွေးစင်ကို အားကိုးနိုင်ဦးမှာဖြစ်ပါတယ်။

ကွင်းလယ်အတွက်ကိုတော့ အားလုံး ဝေဖန်နေကြတဲ့အတိုင်း သောမတ်စ် ပါတေး ဘာမှ မဖြစ်ပါစေနဲ့လို့ ထိုင်ဆုတောင်းရမလိုဖြစ်နေချိန်မှာ ဒီနေရာအတွက် အစားဝင်ပြီး ဦးဆောင်မှု ပေးနိုင်မယ့် လက်စတာစီးတီးကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကိုသာ မပြောင်းမလဲ ခေါ်ယူသွားဖို့ ရှိနေပြီး ဂရာနစ် ချာကာနဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်တို့ကိုတော့ အလိုက်တသိ ထွက်သွားမှာကို စောင့်နေရသေးတာပါ။

ပြင်သစ်လိဂန်ရဲ့ အကောင်းဆုံး နိုင်ငံခြားသား ကစားသမားလို့ သတ်မှတ်ခံထားရတဲ့ ပါကေးတာကို မရရင် ခေါ်ယူသွားမယ့် ဂက်ခ်ပိုကတော့ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပီအက်စ်ဗီအသင်းနဲ့ ဒတ်ချ်လိဂ်မှာ ၉၂ ပွဲ ကစားပြီး ၂၇ ဂိုး သွင်းယူထားသလို ပြီးခဲ့တဲ့ ရာသီက ၂၇ ပွဲမှာ ၁၂ ဂိုး ရရှိခဲ့ပြီး ၃ ပွဲကတော့ ညာခြမ်းတိုက်စစ်မှာ ကစားခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

ညာသန်ကစားသမားဖြစ်တာကြောင့် ညာတောင်ပံမှာလည်း အသုံးပြုနိုင်သလို ဆာကာရဲ့ နောက်မှာ မာတီနယ်လီနဲ့ သူ့ကို အလွယ်တကူ အပြောင်းအလဲအဖြစ် သုံးစွဲနိုင်မှာဖြစ်ပြီး အရပ် ၆ ပေ ၂ လက်မ ရှိပြီး တိုက်စစ်မှာ နေရာစုံ အသုံးပြုနိုင်မယ့် ဒတ်ချ်လက်ရွေးစင်ကို ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အဝယ္စာရင္းနဲ႔ ရာသီသစ္အတြက္ ပေရာဂ်က္က တကယ္တမ္းမွာ ၿပီးဆုံးေသးတာ မဟုတ္ဘဲ အသင္းရဲ႕ အနာဂတ္ အစီအစဥ္ထဲ မပါေတာ့သူေတြကို နည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔အေနနဲ႔ ရွင္းထုတ္ဖို႔ ခက္ခဲေနတာေၾကာင့္သာ ၾကန႔္ၾကာေနတာလို႔ သိရပါတယ္။

အာတီတာ၊ အီဒူးတို႔အေနနဲ႔ ညာေတာင္ပံမွာ ေလာက္ေလာက္လားလားဆိုလို႔ ဘူကာယို ဆာကာတစ္ဦးပဲ ရွိတယ္လို႔ ရႈျမင္ထားတာျဖစ္ၿပီး နီကိုလာ ေပေပဟာ ဘာမွ ျဖစ္မလာႏိုင္ေတာ့ဘူးလို႔ အဆုံးတြက္ထားသလို လူငယ္ ကစားသမားသစ္ မားကင္ညိဳ႕စ္ကိုလည္း ခ်က္ခ်င္း အားကိုးႏိုင္မယ္လို႔ ေမွ်ာ္လင့္မထားတာေၾကာင့္ လူသစ္ရွာေဖြေနၾကတာပါ။

ဒီေနရာအတြက္ လူေခၚရင္ အနည္းဆုံးႏွစ္ေနရာေလာက္ကို ကစားႏိုင္မယ့္သူမ်ိဳးကို ေခၚယူသြားမွာျဖစ္ၿပီး ဆာကို ဦးစားေပးအျဖစ္ ဆက္လက္ထားရွိမယ့္ အခ်ိန္မွာ ဒီတစ္ေနရာတည္းအတြက္ ေစာင့္ဆိုင္းေနရင္ ပြဲထြက္ခြင့္ ေလ်ာ့က်ႏိုင္မယ့္ လူသစ္အတြက္ ေနာက္ထပ္တစ္ေနရာမွာ ကစားႏိုင္ဖို႔ တစ္ေနရာထက္ ပိုသုံးစားရတဲ့သူမ်ိဳးကို အလိုရွိေနတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားက ေက်ာနံပါတ္ ၂၈ ကို ရယူၿပီး ေနရာအတြက္ တိုက္ပြဲဝင္မယ့္ ပုံစံကို ျပေနေပမယ့္ ဒါက ပရိသတ္ေတြနဲ႔ အသင္းဘက္က လိုခ်င္တဲ့ အရာ မဟုတ္သလို အသင္းအတြက္ စဥ္းစားမေပးဘဲ စာခ်ဳပ္ဖ်က္ဆိုတာခ်ည္း လုပ္ေနတဲ့ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ အပါအဝင္ အသုံးမဝင္သူ ၆ ဦး ၇ ဦးေလာက္ကို ေရာင္းခ်သြားရဖို႔ ရွိေနတာပါ။

ဒီလူေတြထဲက တစ္ဝက္ေလာက္ကို ေရာင္းခ်ႏိုင္ခဲ့မယ္ဆိုရင္ေတာ့ ေတာင္ပံအတြက္ လူးကပ္စ္ ပါေကးတာကို လီယြန္ကေန ႀကိဳးစားလို႔ မရခဲ့ရင္ ဘယ္ညာေတာင္ပံသာမက အေထာင္တိုက္စစ္ပါ ကစားႏိုင္တဲ့ ပီအက္စ္ဗီ တိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုကို ေခၚယူသြားဖို႔ ပစ္မွတ္ထားေနသလို ဂါဘရီယယ္လ္ ေဂ်ဆူးစ္တစ္ဦးတည္းသာ ေလာက္ေလာက္လားလားရွိတဲ့ ေရွ႕တန္းအတြက္ နယ္သာလန္လက္ေ႐ြးစင္ကို အားကိုးႏိုင္ဦးမွာျဖစ္ပါတယ္။

ကြင္းလယ္အတြက္ကိုေတာ့ အားလုံး ေဝဖန္ေနၾကတဲ့အတိုင္း ေသာမတ္စ္ ပါေတး ဘာမွ မျဖစ္ပါေစနဲ႔လို႔ ထိုင္ဆုေတာင္းရမလိုျဖစ္ေနခ်ိန္မွာ ဒီေနရာအတြက္ အစားဝင္ၿပီး ဦးေဆာင္မႈ ေပးႏိုင္မယ့္ လက္စတာစီးတီးကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကိုသာ မေျပာင္းမလဲ ေခၚယူသြားဖို႔ ရွိေနၿပီး ဂရာနစ္ ခ်ာကာနဲ႔ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္တို႔ကိုေတာ့ အလိုက္တသိ ထြက္သြားမွာကို ေစာင့္ေနရေသးတာပါ။

ျပင္သစ္လိဂန္ရဲ႕ အေကာင္းဆုံး ႏိုင္ငံျခားသား ကစားသမားလို႔ သတ္မွတ္ခံထားရတဲ့ ပါေကးတာကို မရရင္ ေခၚယူသြားမယ့္ ဂက္ခ္ပိုကေတာ့ အသက္ ၂၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ပီအက္စ္ဗီအသင္းနဲ႔ ဒတ္ခ်္လိဂ္မွာ ၉၂ ပြဲ ကစားၿပီး ၂၇ ဂိုး သြင္းယူထားသလို ၿပီးခဲ့တဲ့ ရာသီက ၂၇ ပြဲမွာ ၁၂ ဂိုး ရရွိခဲ့ၿပီး ၃ ပြဲကေတာ့ ညာျခမ္းတိုက္စစ္မွာ ကစားခဲ့တယ္လို႔ မွတ္တမ္းေတြက ေဖာ္ျပထားပါတယ္။

ညာသန္ကစားသမားျဖစ္တာေၾကာင့္ ညာေတာင္ပံမွာလည္း အသုံးျပဳႏိုင္သလို ဆာကာရဲ႕ ေနာက္မွာ မာတီနယ္လီနဲ႔ သူ႔ကို အလြယ္တကူ အေျပာင္းအလဲအျဖစ္ သုံးစြဲႏိုင္မွာျဖစ္ၿပီး အရပ္ ၆ ေပ ၂ လက္မ ရွိၿပီး တိုက္စစ္မွာ ေနရာစုံ အသုံးျပဳႏိုင္မယ့္ ဒတ္ခ်္လက္ေ႐ြးစင္ကို ေပါင္ ၃၅ သန္း ဝန္းက်င္နဲ႔ ေခၚယူႏိုင္မွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.