Premier League

ကွန်မြူနတီဒိုင်းလုပွဲအတွက် စီးတီးကို သတိပေးလိုက်တဲ့ မိုဟာမက် ဆာလား

လီဗာပူးလ်အသင်းဟာ မန်ချက်တာစီးတီးနဲ့ စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်းလုပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားက ရာသီမစတင်ခင် ပြင်းထန်တဲ့ တိုက်ပွဲအတွက် အဓိကပြိုင်ဘက်တွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် လက်စတာစီးတီးအသင်းအိမ်ကွင်း ကင်းပါဝါကွင်းမှာ အက်ဖ်အေဖလား ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ယခုရာသီ ပထမဆုံး ဆုဖလားအတွက် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဆာလားက ၎င်းရဲ့ အထင်ကြီးဖွယ် ကစားသမားဘဝမှတ်တမ်းမှာ ကွန်မြူနတီဒိုင်းကို ထည့်သွင်းပြီး ရာသီသစ် စတင်နိုင်မယ်ဆိုရင် စိတ်လှုပ်ရှားမိမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ ၂၀၁၉၊ ၂၀၂၀ ခုနှစ်တုန်းက မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲ ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ၂ ပွဲစလုံးဟာ တစ်ဖက် ၁ ဂိုးစီ သရေကျသွားခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းအတွက် ပင်နယ်တီ အဆုံးအဖြတ် ၂ ကြိမ်စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း မာဆေးဆိုဒ်အသင်းဟာ ၂ ကြိမ်စလုံးကို ၅-၄ နဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ကွန်မြူနတီဒိုင်းဟာ နီးလျက်နဲ့ ဝေးနေခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် အသင်းနဲ့အတူ ဆုဖလားအားလုံးနီးပါး အနိုင်ရခဲ့ပါတယ်။ ထရင့်က အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ ရောက်လာပြီး ‘ဒါနဲ့ စကားမစပ် ငါတို့တွေ ဒီမှာ အရာအားလုံးနီးပါး တော်တော်များများ ရရှိပြီးပြီ’လို့ မပြောခင်အထိ ကွန်မြူနတီဒိုင်းမရဖူးသေးတာကို သတိမပြုမိခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော် လီဗာပူးလ်မှာ ဆုဖလား အားလုံးနီးပါး ရရှိခဲ့တယ်လို့ ထင်ပါတယ်။ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ဆုတံဆိပ်တွေ ရရှိခဲ့တယ်”

“ဒါပေမယ့် ထပ်ယူစရာ ဆုဖလားတွေက အမြဲတမ်းရှိနေပြီး ကျွန်တော်ကလည်း ဒုတိယအကြိမ်၊ တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ်ဆိုရင်လည်း အမြဲတမ်း အနိုင်ရရှိချင်နေတုန်းပါပဲ။ အဲဒါက ကျွန်တော့်ရဲ့ ခံယူချက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၀၅-၂၀၀၆ ရာသီမှာ ဝင်ဘလေကွင်း ပြန်လည်တည်ဆောက်နေဆဲကာလဖြစ်တာကြောင့် ကာဒစ်က Millennium ကွင်းမှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိပြီး ကွန်မြူနတီဒိုင်းကို ရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အဲဒီရာသီနောက်ပိုင်း ကွန်မြူနတီဒိုင်းကို ထပ်မံရရှိခဲ့ခြင်းမရှိတော့ဘဲ ချဲလ်ဆီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂျွန် အာနီ ရီဆေးနဲ့ ပီတာ ခရောက်ချ်တို့က လီဗာပူးလ်အတွက် ပထမပိုင်း ၉ မိနစ်နဲ့ ဒုတိယပိုင်း မိနစ် ၈၀ တို့မှာ အသီးသီး ဂိုးတွေသွင်းယူပေးခဲ့ကြပြီး ချဲလ်ဆီးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ၄၄ မိနစ်မှာ ရှက်ဗ်ချင်ကိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ မန္ခ်က္တာစီးတီးနဲ႔ စေနေန႔မွာ ယွဥ္ၿပိဳင္ကစားရမယ့္ ကြန္ျမဴနတီဒိုင္းလုပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီး လီဗာပူးလ္ၾကယ္ပြင့္ မိုဟာမက္ ဆာလားက ရာသီမစတင္ခင္ ျပင္းထန္တဲ့ တိုက္ပြဲအတြက္ အဓိကၿပိဳင္ဘက္ေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၂၂-၂၀၂၃ ရာသီအဖြင့္ပြဲစဥ္မတိုင္ခင္ လက္စတာစီးတီးအသင္းအိမ္ကြင္း ကင္းပါဝါကြင္းမွာ အက္ဖ္ေအဖလား ခ်န္ပီယံအျဖစ္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ယခုရာသီ ပထမဆုံး ဆုဖလားအတြက္ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ဆာလားက ၎ရဲ႕ အထင္ႀကီးဖြယ္ ကစားသမားဘဝမွတ္တမ္းမွာ ကြန္ျမဴနတီဒိုင္းကို ထည့္သြင္းၿပီး ရာသီသစ္ စတင္ႏိုင္မယ္ဆိုရင္ စိတ္လႈပ္ရွားမိမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အီဂ်စ္တိုက္စစ္မႉးဟာ ၂၀၁၉၊ ၂၀၂၀ ခုႏွစ္တုန္းက မန္စီးတီး၊ အာဆင္နယ္တို႔နဲ႔ ဝင္ဘေလကြင္းမွာ ကစားခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲ ၂ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ၂ ပြဲစလုံးဟာ တစ္ဖက္ ၁ ဂိုးစီ သေရက်သြားခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းအတြက္ ပင္နယ္တီ အဆုံးအျဖတ္ ၂ ႀကိမ္စလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း မာေဆးဆိုဒ္အသင္းဟာ ၂ ႀကိမ္စလုံးကို ၅-၄ နဲ႔ ရႈံးနိမ့္ခဲ့ရတာေၾကာင့္ ကြန္ျမဴနတီဒိုင္းဟာ နီးလ်က္နဲ႔ ေဝးေနခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အသင္းနဲ႔အတူ ဆုဖလားအားလုံးနီးပါး အႏိုင္ရခဲ့ပါတယ္။ ထရင့္က အက္ဖ္ေအဖလားဗိုလ္လုပြဲအၿပီးမွာ ေရာက္လာၿပီး ‘ဒါနဲ႔ စကားမစပ္ ငါတို႔ေတြ ဒီမွာ အရာအားလုံးနီးပါး ေတာ္ေတာ္မ်ားမ်ား ရရွိၿပီးၿပီ’လို႔ မေျပာခင္အထိ ကြန္ျမဴနတီဒိုင္းမရဖူးေသးတာကို သတိမျပဳမိခဲ့ပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္ လီဗာပူးလ္မွာ ဆုဖလား အားလုံးနီးပါး ရရွိခဲ့တယ္လို႔ ထင္ပါတယ္။ တစ္ဦးခ်င္းေရာ၊ အသင္းလိုက္ပါ ဆုတံဆိပ္ေတြ ရရွိခဲ့တယ္”

“ဒါေပမယ့္ ထပ္ယူစရာ ဆုဖလားေတြက အၿမဲတမ္းရွိေနၿပီး ကြၽန္ေတာ္ကလည္း ဒုတိယအႀကိမ္၊ တတိယအႀကိမ္ ဒါမွမဟုတ္ စတုတၳအႀကိမ္ဆိုရင္လည္း အၿမဲတမ္း အႏိုင္ရရွိခ်င္ေနတုန္းပါပဲ။ အဲဒါက ကြၽန္ေတာ့္ရဲ႕ ခံယူခ်က္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၀၅-၂၀၀၆ ရာသီမွာ ဝင္ဘေလကြင္း ျပန္လည္တည္ေဆာက္ေနဆဲကာလျဖစ္တာေၾကာင့္ ကာဒစ္က Millennium ကြင္းမွာ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၂-၁ နဲ႔ အႏိုင္ရရွိၿပီး ကြန္ျမဴနတီဒိုင္းကို ရရွိခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ အဲဒီရာသီေနာက္ပိုင္း ကြန္ျမဴနတီဒိုင္းကို ထပ္မံရရွိခဲ့ျခင္းမရွိေတာ့ဘဲ ခ်ဲလ္ဆီးကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂြၽန္ အာနီ ရီေဆးနဲ႔ ပီတာ ခေရာက္ခ်္တို႔က လီဗာပူးလ္အတြက္ ပထမပိုင္း ၉ မိနစ္နဲ႔ ဒုတိယပိုင္း မိနစ္ ၈၀ တို႔မွာ အသီးသီး ဂိုးေတြသြင္းယူေပးခဲ့ၾကၿပီး ခ်ဲလ္ဆီးအသင္းအတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကို ၄၄ မိနစ္မွာ ရွက္ဗ္ခ်င္ကိုက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.