La Liga Premier League Transfer News

ချဲလ်ဆီးတိုက်စစ်မှူးကို ပစ်မှတ်ထားလာတဲ့ ရီးရဲလ်မက်ဒရစ်

ချဲလ်ဆီးအသင်းတိုက်စစ်မှူး အာမန်ဒို ဘရိုဂျာဟာ ယခုနွေရာသီအတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။

ဥရောပချန်ပီယံတွေဟာ ယခုနွေရာသီမှာ အန်တိုနီယို ရူဒီဂါနဲ့ ချူအာမေနီတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးပမ်းမှုကတော့ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ ပထမဦးစားပေး ပွဲထွက်တိုက်စစ်မှူးဖြစ်ပြီး မာရီယာနို ဒီယက်ဇ်နဲ့ ဘော်ဟာ မာယော်ရယ်တို့က အရန်ခုံမှာ ရှိနေတာဖြစ်ပါတယ်။

AS ရဲ့ သတင်းအရ ရီးရဲလ်မက်ဒရစ်ဟာ အဆန်စီယို၊ မာယော်ရယ် သို့မဟုတ် ဆီဘယ်လော့စ်တို့ထဲက တစ်ဦးဦး ယခုနွေရာသီမှာ ထွက်ခွာခဲ့မယ်ဆိုရင် ဘန်ဇီးမားနေရာမှာ အရန်သင့်အသုံးပြုနိုင်မယ့် တိုက်စစ်မှူးအသစ်ကို ခေါ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူး ဘရိုဂျာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ နာမည်တွေထဲက တစ်ခု ဖြစ်လိမ့်မယ်လို့ ယုံကြည်ရပြီး ဆဲလ်ဘတ်တိုက်စစ်မှူး နိုအာ အိုကာဖော်ကလည်း လာလီဂါချန်ပီယံတွေ စောင့်ကြည့်နေတဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဘရိုဂျာဟာ ၂၀၂၁-၂၀၂၂ ရာသီကို ဆောက်သမ်တန်အသင်းမှာ အငှားကစားသမားဘဝနဲ့ ကုန်ဆုံးခဲ့သူဖြစ်ပြီး လူငယ်တိုက်စစ်မှူးဟာ စိန့်တ်စ်တွေအတွက် ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၃၈ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ချဲလ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အာမန်ဒို ဘရိုဂျာဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေသေးပြီး Transfermarkt ရဲ့ ဖော်ပြချက်အရ လက်ရှိ ဈေးကွက်ပေါက်ဈေး ယူရို ၂၂ သန်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းတိုက္စစ္မႉး အာမန္ဒို ဘ႐ိုဂ်ာဟာ ယခုေႏြရာသီအတြက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတယ္လို႔ AS က ေဖာ္ျပခဲ့ပါတယ္။

ဥေရာပခ်န္ပီယံေတြဟာ ယခုေႏြရာသီမွာ အန္တိုနီယို ႐ူဒီဂါနဲ႔ ခ်ဴအာေမနီတို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔ ႀကိဳးပမ္းမႈကေတာ့ မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမားဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ လက္ရွိ ပထမဦးစားေပး ပြဲထြက္တိုက္စစ္မႉးျဖစ္ၿပီး မာရီယာႏို ဒီယက္ဇ္နဲ႔ ေဘာ္ဟာ မာေယာ္ရယ္တို႔က အရန္ခုံမွာ ရွိေနတာျဖစ္ပါတယ္။

AS ရဲ႕ သတင္းအရ ရီးရဲလ္မက္ဒရစ္ဟာ အဆန္စီယို၊ မာေယာ္ရယ္ သို႔မဟုတ္ ဆီဘယ္ေလာ့စ္တို႔ထဲက တစ္ဦးဦး ယခုေႏြရာသီမွာ ထြက္ခြာခဲ့မယ္ဆိုရင္ ဘန္ဇီးမားေနရာမွာ အရန္သင့္အသုံးျပဳႏိုင္မယ့္ တိုက္စစ္မႉးအသစ္ကို ေခၚယူသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီး တိုက္စစ္မႉး ဘ႐ိုဂ်ာဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနတဲ့ နာမည္ေတြထဲက တစ္ခု ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ရၿပီး ဆဲလ္ဘတ္တိုက္စစ္မႉး ႏိုအာ အိုကာေဖာ္ကလည္း လာလီဂါခ်န္ပီယံေတြ ေစာင့္ၾကည့္ေနတဲ့ ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္ပါတယ္။

ဘ႐ိုဂ်ာဟာ ၂၀၂၁-၂၀၂၂ ရာသီကို ေဆာက္သမ္တန္အသင္းမွာ အငွားကစားသမားဘဝနဲ႔ ကုန္ဆုံးခဲ့သူျဖစ္ၿပီး လူငယ္တိုက္စစ္မႉးဟာ စိန႔္တ္စ္ေတြအတြက္ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၃၈ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

ခ်ဲလ္ဆီးအကယ္ဒမီကေန ေပၚထြက္လာခဲ့တဲ့ အာမန္ဒို ဘ႐ိုဂ်ာဟာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၄ ႏွစ္ က်န္ရွိေနေသးၿပီး Transfermarkt ရဲ႕ ေဖာ္ျပခ်က္အရ လက္ရွိ ေဈးကြက္ေပါက္ေဈး ယူ႐ို ၂၂ သန္းဝန္းက်င္ရွိေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.