La Liga Premier League Transfer News

မန်စီးတီးကြယ်ပွင့်ကို ပေါင် ၆၇ သန်းနဲ့ ခေါ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ ဘာဆာ

ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားကို ယခုနွေရာသီမှာ ခေါ်ယူနိုင်မယ့် အခွင့်အရေး ဘာစီလိုနာအသင်းကို ကမ်းလှမ်းလိုက်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပက် ဂွါဒီယိုလာရဲ့အသင်းဟာ ဘာနာဒို ဆေးလ်ဗားကို ဘာစီလိုနာအသင်းဆီ ပေါင် ၆၇ သန်းနဲ့ ရောင်းချချင်နေတာဖြစ်တယ်လို့ L’Equipe က ဖော်ပြခဲ့တာဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ယခုနွေရာသီမှာ ပေါ်တူဂီကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ မိုနာကိုကြယ်ပွင့်ဟောင်းအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ တွန့်ဆုတ်နေတယ်လို့ ယုံကြည်ရပြီး လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက လာလီဂါထိပ်သီးအသင်းကြီးကို သတိပေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ လက်ရှိမှာတော့ ဘာနာဒို ဆေးလ်ဗားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ပုံပေါ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ယူရို ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက မန်စီးတီးပွဲထွက်လူစာရင်းမှာ အဓိကကစားသမားတစ်ဦးဖြစ်ခဲ့သူဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ မန်ချက်စတာစီးတီးအသင်းအတွက် ၂၅၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၄၈ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလား ၄ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသှီာ မန်စီးတီးအတွက် အထူးချွန်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲ ၅၀ မှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမားနဲ့ လမ်းခွဲချင်တဲ့ ဆန္ဒရှိနေပုံပေါ်ပြီး ဂွါဒီယိုလာဟာ ယခုနွေရာသီမှာ တိုက်စစ်ကို သွေးသစ်လောင်းတဲ့အနေနဲ့ ဂျေဆူး၊ စတားလင်းတို့ကို ရောင်းထုတ်ပြီး ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ဘာနာဒို ဆေးလ်ဗားကိုပါ ရောင်းထုတ်ပြီး ၎င်းရဲ့ လူစာရင်းကို အပြောင်းအလဲတွေ ပိုမိုလုပ်ဆောင်ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပြီး နောက်ထပ် ထိပ်တန်းအပြောင်းအရွှေ့ ပစ်မှတ်ကို ခေါ်ယူဖို့အတွက် လိုအပ်တဲ့ ငွေကြေးကို ရှာဖွေသွားမှာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ တောက်ပတဲ့ စွမ်းဆောင်ရည်ဟာ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး ကတ်တလန် ထိပ်သီးအသင်းကြီးဟာ မန်စီးတီးကြယ်ပွင့်ကို မန်ချက်စတာယူနိုက်တက်အသင်းကို ရောင်းချဖို့ ကြိုးပမ်းနေတဲ့ ဖရန်ကီ ဒီ ယုံးရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဖရန်ကီ ဒီ ယုံးကိုသာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းမထုတ်နိုင်ခဲ့ဘူးဆိုရင် ဘာနာဒို ဆေးလ်ဗားအတွက် မန်ချက်စတာစီးတီးအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့ ရုန်းကန်ရမှာဖြစ်ပြီး ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေပေမယ့်လည်း ယခုနွေရာသီမှာ လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာ၊ ဂျူးစ် ကွန်ဒေးတို့ကို ယူရိုသန်း ၁၅၀ ကျော်အထိ သုံးစွဲပြီး ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းဟာ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ ဘာနာဒို ေဆးလ္ဗားကို ယခုေႏြရာသီမွာ ေခၚယူႏိုင္မယ့္ အခြင့္အေရး ဘာစီလိုနာအသင္းကို ကမ္းလွမ္းလိုက္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ပက္ ဂြါဒီယိုလာရဲ႕အသင္းဟာ ဘာနာဒို ေဆးလ္ဗားကို ဘာစီလိုနာအသင္းဆီ ေပါင္ ၆၇ သန္းနဲ႔ ေရာင္းခ်ခ်င္ေနတာျဖစ္တယ္လို႔ L’Equipe က ေဖာ္ျပခဲ့တာျဖစ္ၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ယခုေႏြရာသီမွာ ေပၚတူဂီကြင္းလယ္ကစားသမားကို ေခၚယူဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ မိုနာကိုၾကယ္ပြင့္ေဟာင္းအတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားဖို႔ တြန႔္ဆုတ္ေနတယ္လို႔ ယုံၾကည္ရၿပီး လြန္ခဲ့တဲ့ ၁၀ ရက္တုန္းက လာလီဂါထိပ္သီးအသင္းႀကီးကို သတိေပး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ လက္ရွိမွာေတာ့ ဘာနာဒို ေဆးလ္ဗားရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ၎တို႔ရဲ႕ ရပ္တည္ခ်က္ကို ေျပာင္းလဲခဲ့ပုံေပၚၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၂၀၁၇ ခုႏွစ္မွာ မိုနာကိုကေန ယူ႐ို ၄၂.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္စီးတီးပြဲထြက္လူစာရင္းမွာ အဓိကကစားသမားတစ္ဦးျဖစ္ခဲ့သူျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ၂၅၁ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၄၈ ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္၊ အက္ဖ္ေအဖလားနဲ႔ လိဂ္ဖလား ၄ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသွီာ မန္စီးတီးအတြက္ အထူးခြၽန္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံ ပြဲ ၅၀ မွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ တည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားခဲ့ေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းဟာ ၎တို႔ရဲ႕ ကြင္းလယ္ကစားသမားနဲ႔ လမ္းခြဲခ်င္တဲ့ ဆႏၵရွိေနပုံေပၚၿပီး ဂြါဒီယိုလာဟာ ယခုေႏြရာသီမွာ တိုက္စစ္ကို ေသြးသစ္ေလာင္းတဲ့အေနနဲ႔ ေဂ်ဆူး၊ စတားလင္းတို႔ကို ေရာင္းထုတ္ၿပီး ဟာလန္းနဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ကို ေခၚယူခဲ့တာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ ဘာနာဒို ေဆးလ္ဗားကိုပါ ေရာင္းထုတ္ၿပီး ၎ရဲ႕ လူစာရင္းကို အေျပာင္းအလဲေတြ ပိုမိုလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနၿပီး ေနာက္ထပ္ ထိပ္တန္းအေျပာင္းအေ႐ႊ႕ ပစ္မွတ္ကို ေခၚယူဖို႔အတြက္ လိုအပ္တဲ့ ေငြေၾကးကို ရွာေဖြသြားမွာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားရဲ႕ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ဟာ ဘာစီလိုနာအသင္းရဲ႕ စိတ္ဝင္စားမႈကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီး ကတ္တလန္ ထိပ္သီးအသင္းႀကီးဟာ မန္စီးတီးၾကယ္ပြင့္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေရာင္းခ်ဖို႔ ႀကိဳးပမ္းေနတဲ့ ဖရန္ကီ ဒီ ယုံးရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ရႈျမင္ထားတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ဖရန္ကီ ဒီ ယုံးကိုသာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေရာင္းမထုတ္ႏိုင္ခဲ့ဘူးဆိုရင္ ဘာနာဒို ေဆးလ္ဗားအတြက္ မန္ခ်က္စတာစီးတီးအသင္း ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေပးေခ်ႏိုင္ဖို႔ ႐ုန္းကန္ရမွာျဖစ္ၿပီး ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ဘ႑ာေရးအေျခအေန ဆိုး႐ြားေနေပမယ့္လည္း ယခုေႏြရာသီမွာ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာ၊ ဂ်ဴးစ္ ကြန္ေဒးတို႔ကို ယူ႐ိုသန္း ၁၅၀ ေက်ာ္အထိ သုံးစြဲၿပီး ေခၚယူထားခဲ့ၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.