Ligue1 Premier League

ဓားကြီးဆွဲထွက်သွားပြီးတော့ နဖူးကွဲပြီး ပြန်လာရပြန်တဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်း

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂွမ်ဒူဇီဟာ မာဆေးလ်နဲ့ ရီးရဲလ် ဘက်တစ်တို့ ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အတွင်း ရန်ပွဲမှာ ပါဝင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ လိဂန်းမှာ အငှားနဲ့ လာရောက်ကစားပြီး အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးနောက် မာဆေးလ်အသင်းရဲ့ အပြီးသတ်ခေါ်ယူခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းမှာတုန်းက ၂၀၂၀ ခုနှစ် ဇွန်လအတွင်း ဘရိုက်တန်နဲ့ပွဲစဉ်မှာ နီရယ် မူပေးနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့မှုမှာ ပါဝင်ခဲ့ပြီးနောက် အာတီတာရဲ့ လူစာရင်းကနေ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဂွမ်ဒူဇီဟာ ခိုက်ရန်ဖြစ်ပွားမှုဟာ ၎င်းရဲ့ ကစားသမားဘဝအပေါ် ထိခိုက်နစ်နာစေတာကို သိပေမယ့်လည်း ဒေါသကြီးတာကို ဖျောက်နိုင်ပုံမပေါ်သေးဘဲ မာဆေးလ်ရဲ့ နောက်ဆုံး ခြေစမ်းပွဲစဉ်အတွင်း ရန်ပွဲမှာ အဓိက ပါဝင်ပတ်သက်သူ ဖြစ်ခဲ့ပြန်တာဖြစ်ပါတယ်။

၈၇ မိနစ်မှာ မီလစ်ရဲ့ သွင်းဂိုးကြောင့် မာဆေးလ်က ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ရိုဒရီရဲ့ နောက်ထပ် ၃ မိနစ်အကြာမှာ ခေါင်းတိုက် ချေပဂိုးကြောင့် မာဆေးလ်နဲ့ ရီးရဲလ် ဘက်တစ်တို့ပွဲစဉ်ဟာ ၁-၁ နဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ် ဘက်တစ်ရဲ့ ချေပဂိုးသွင်းယူပြီးနောက် ချက်ချင်းပဲ ကွာကင်းက ဂွမ်ဒူဇီကို ဒေါသတကြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါင်းနဲ့ တွန်းထိုးခဲ့တဖြစ်ပါတယ်။ ဂွမ်ဒူဇီကလည်း ကွာကင်းရဲ့ တုံ့ပြန်မှုကို မြေကြီးပေါ် မတ်မတ်ရပ်ရင်း ရင်ဆိုင်ခဲ့ပေမယ့် အန်းဒရက်စ် ဂွါဒါဒိုက ရန်ပွဲကို ဖျန်ဖြေသလိုနဲ့ မာဆေးလ် ကွင်းလယ်ကစားသမားရဲ့ ဆံပင်အရှည်ကြီးကို ဆွဲထားခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီးက ပွဲပြီးဝီစီ မမှုတ်ခင်အချိန်အထိ ၂ ဖက်အသင်းကစားသမားတွေဟာ ဒေါသတကြီးနဲ့ ရန်စောင်နေခဲ့ကြတာဖြစ်ပြီး ပွဲအပြီးမှာတော့ ရီးရဲလ် ဘက်တစ်ကြယ်ပွင့် ကွာကင်းက အင်စတာဂရမ်မှာ ဆံပင်တုစွပ်ထားတဲ့ပုံနဲ့အတူ”မင်းက ငါ့ကို ဆံပင်ရှည် မထားရဲအောင် လုပ်နေတာပဲ”လို့ ရေးသားပြီး ဂွမ်ဒူဇီကို လှောင်ပြောင်သရော်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဂြမ္ဒူဇီဟာ မာေဆးလ္နဲ႔ ရီးရဲလ္ ဘက္တစ္တို႔ ကစားခဲ့တဲ့ ခ်စ္ၾကည္ေရးေျခစမ္းပြဲစဥ္အတြင္း ရန္ပြဲမွာ ပါဝင္ခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီ လိဂန္းမွာ အငွားနဲ႔ လာေရာက္ကစားၿပီး အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့ၿပီးေနာက္ မာေဆးလ္အသင္းရဲ႕ အၿပီးသတ္ေခၚယူျခင္း ခံခဲ့ရသူျဖစ္ပါတယ္။

ဂြမ္ဒူဇီဟာ အာဆင္နယ္အသင္းမွာတုန္းက ၂၀၂၀ ခုႏွစ္ ဇြန္လအတြင္း ဘ႐ိုက္တန္နဲ႔ပြဲစဥ္မွာ နီရယ္ မူေပးနဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့မႈမွာ ပါဝင္ခဲ့ၿပီးေနာက္ အာတီတာရဲ႕ လူစာရင္းကေန ထုတ္ပယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဂြမ္ဒူဇီဟာ ခိုက္ရန္ျဖစ္ပြားမႈဟာ ၎ရဲ႕ ကစားသမားဘဝအေပၚ ထိခိုက္နစ္နာေစတာကို သိေပမယ့္လည္း ေဒါသႀကီးတာကို ေဖ်ာက္ႏိုင္ပုံမေပၚေသးဘဲ မာေဆးလ္ရဲ႕ ေနာက္ဆုံး ေျခစမ္းပြဲစဥ္အတြင္း ရန္ပြဲမွာ အဓိက ပါဝင္ပတ္သက္သူ ျဖစ္ခဲ့ျပန္တာျဖစ္ပါတယ္။

၈၇ မိနစ္မွာ မီလစ္ရဲ႕ သြင္းဂိုးေၾကာင့္ မာေဆးလ္က ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ႐ိုဒရီရဲ႕ ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ေခါင္းတိုက္ ေခ်ပဂိုးေၾကာင့္ မာေဆးလ္နဲ႔ ရီးရဲလ္ ဘက္တစ္တို႔ပြဲစဥ္ဟာ ၁-၁ နဲ႔ ၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္ ဘက္တစ္ရဲ႕ ေခ်ပဂိုးသြင္းယူၿပီးေနာက္ ခ်က္ခ်င္းပဲ ကြာကင္းက ဂြမ္ဒူဇီကို ေဒါသတႀကီး ထိပ္တိုက္ရင္ဆိုင္ခဲ့ၿပီး ျပင္သစ္ကြင္းလယ္ကစားသမားကို ေခါင္းနဲ႔ တြန္းထိုးခဲ့တျဖစ္ပါတယ္။ ဂြမ္ဒူဇီကလည္း ကြာကင္းရဲ႕ တုံ႔ျပန္မႈကို ေျမႀကီးေပၚ မတ္မတ္ရပ္ရင္း ရင္ဆိုင္ခဲ့ေပမယ့္ အန္းဒရက္စ္ ဂြါဒါဒိုက ရန္ပြဲကို ဖ်န္ေျဖသလိုနဲ႔ မာေဆးလ္ ကြင္းလယ္ကစားသမားရဲ႕ ဆံပင္အရွည္ႀကီးကို ဆြဲထားခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီးက ပြဲၿပီးဝီစီ မမႈတ္ခင္အခ်ိန္အထိ ၂ ဖက္အသင္းကစားသမားေတြဟာ ေဒါသတႀကီးနဲ႔ ရန္ေစာင္ေနခဲ့ၾကတာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ရီးရဲလ္ ဘက္တစ္ၾကယ္ပြင့္ ကြာကင္းက အင္စတာဂရမ္မွာ ဆံပင္တုစြပ္ထားတဲ့ပုံနဲ႔အတူ”မင္းက ငါ့ကို ဆံပင္ရွည္ မထားရဲေအာင္ လုပ္ေနတာပဲ”လို႔ ေရးသားၿပီး ဂြမ္ဒူဇီကို ေလွာင္ေျပာင္သေရာ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.