Premier League

၄ ဂိုးပြတ် ရှုံးတာချင်းအတူတူ ကလော့ပ်ထက် တူဟယ်ရဲ့တုံ့ပြန်ပုံကို သဘောကျနေတဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက အာဆင်နယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကစားသမားတွေကို ပြစ်တင်ဝေဖန်ပြီး ကစားသမားသစ်တွေ ထပ်ခေါ်ဖို့လိုသေးတယ်လို့ ပြောကြားခဲ့တဲ့ နည်းပြ တူဟယ်ဘက်ကနေ ကာကွယ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အမေရိကားမှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ အာဆင်နယ်ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တူဟယ်က ရှုံးပွဲအပြီးမှာ စိတ်ပျက်နေတဲ့ပုံစံနဲ့ ကစားသမားတွေကို ဝေဖန်ခဲ့သလို အသင်းကိုလည်း နောက်ထပ်လူခေါ်ပေးဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာရေဂါက တူဟယ်ရဲ့ တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး နားလည်ပြီး ကြီးမားတဲ့ရှုံးပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ ပြောခဲ့တဲ့ပုံစံကို သဘောကျနေတာဖြစ်ပါတယ်။

“သူတို့တွေ ကစားပုံမကောင်းတဲ့အချိန်မှာ ခြေစမ်းပွဲမို့လို့ပါဆိုပြီး လျှောချသွားဖို့ လွယ်ကူတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ အားလုံးလည်း အဲဒီအကွက်ကို သိကြတာပဲ။ ဒါပေမယ့် ကျွန်တော်က ကစားသမားဖြစ်ခဲ့တော့ ဒီရာသီက ဘာမှ မဟုတ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရာသီအစ ပထမဆုံးပွဲစဉ်မှသာ ဆုံးဖြတ်ရမှာမို့လို့ပါ။ ခင်ဗျား ရာသီကြိုမှာ နိုင်ရင်လည်း အရေးမပါပါဘူး။ ဒါပေမယ့် ကစားသမားတစ်ယောက် ဒါမှမဟုတ် နည်းပြတစ်ယောက်အတွက်ကတော့ အနိုင်ရတာ၊ ကစားပုံကောင်းပြီး ယုံကြည်အချို့ တည်ဆောက်နိုင်တာထက် ပိုကောင်းတာမရှိတော့ပါဘူး”

“ခင်ဗျား အာဆင်နယ်ပွဲအပြီး သောမတ်စ် တူဟယ်ရဲ့ တုံ့ပြန်ပုံကို မြင်နိုင်ပါတယ်။ ကလော့ပ်က မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် တုံ့ပြန်ပုံက နည်းနည်း ကွာခြားတယ်လို့ ထင်ပါတယ်။ သိပ်အများကြီးတော့ မကွာခြားပေမယ့် ကျွန်တော် တူဟယ်ရဲ့ တုံ့ပြန်ပုံကို တကယ် လေးစားသဘောကျမိပါတယ်”

“ခင်ဗျားက ချဲလ်ဆီးအသင်းအတွက် ကစားပေးနေဆဲဖြစ်ပြီး အာဆင်နယ်နဲ့ ကစားရရင် အဲဒါက ပွဲကြီးပဲ။ ရာသီကြိုခြေစမ်းပွဲဆိုတာ ကျွန်တော် သိပေမယ့် ခင်ဗျား ၄-၀ နဲ့တော့ အနိုင်ယူခံလို့မရဘူးလေ။ တူဟယ် အဲဒီရှုံးပွဲကို အလေးအနက်ထားတာနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို တော်တော်လေး လေးစားမိပါတယ်”

“ဘာလို့လဲဆိုတော့ သူတို့တွေ ကြီးကြီးမားမား စိတ်လှုပ်ရှားသင့်တယ်လို့ ကျွန်တော် မထင်လို့ပါ။ ဒါပေမယ့် ရာသီမစခင် ၂ ပတ်လောက်အလိုမှာ အာဆင်နယ်ရဲ့ ပြင်းပြင်းထန်ထန် အနိုင်ယူခံရတာကို သူတို့ မခံခဲ့ရသင့်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက အာဆင္နယ္အသင္းကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း ကစားသမားေတြကို ျပစ္တင္ေဝဖန္ၿပီး ကစားသမားသစ္ေတြ ထပ္ေခၚဖို႔လိုေသးတယ္လို႔ ေျပာၾကားခဲ့တဲ့ နည္းျပ တူဟယ္ဘက္ကေန ကာကြယ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အေမရိကားမွာ ကစားခဲ့တဲ့ ရာသီႀကိဳ ေျခစမ္းပြဲစဥ္မွာ အာဆင္နယ္ကို ၄-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး တူဟယ္က ရႈံးပြဲအၿပီးမွာ စိတ္ပ်က္ေနတဲ့ပုံစံနဲ႔ ကစားသမားေတြကို ေဝဖန္ခဲ့သလို အသင္းကိုလည္း ေနာက္ထပ္လူေခၚေပးဖို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကာေရဂါက တူဟယ္ရဲ႕ တုံ႔ျပန္ပုံနဲ႔ပတ္သက္ၿပီး နားလည္ၿပီး ႀကီးမားတဲ့ရႈံးပြဲအၿပီးမွာ ခ်ဲလ္ဆီးနည္းျပ ေျပာခဲ့တဲ့ပုံစံကို သေဘာက်ေနတာျဖစ္ပါတယ္။

“သူတို႔ေတြ ကစားပုံမေကာင္းတဲ့အခ်ိန္မွာ ေျခစမ္းပြဲမို႔လို႔ပါဆိုၿပီး ေလွ်ာခ်သြားဖို႔ လြယ္ကူတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ အားလုံးလည္း အဲဒီအကြက္ကို သိၾကတာပဲ။ ဒါေပမယ့္ ကြၽန္ေတာ္က ကစားသမားျဖစ္ခဲ့ေတာ့ ဒီရာသီက ဘာမွ မဟုတ္လို႔ ကြၽန္ေတာ္တို႔ ေျပာႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ရာသီအစ ပထမဆုံးပြဲစဥ္မွသာ ဆုံးျဖတ္ရမွာမို႔လို႔ပါ။ ခင္ဗ်ား ရာသီႀကိဳမွာ ႏိုင္ရင္လည္း အေရးမပါပါဘူး။ ဒါေပမယ့္ ကစားသမားတစ္ေယာက္ ဒါမွမဟုတ္ နည္းျပတစ္ေယာက္အတြက္ကေတာ့ အႏိုင္ရတာ၊ ကစားပုံေကာင္းၿပီး ယုံၾကည္အခ်ိဳ႕ တည္ေဆာက္ႏိုင္တာထက္ ပိုေကာင္းတာမရွိေတာ့ပါဘူး”

“ခင္ဗ်ား အာဆင္နယ္ပြဲအၿပီး ေသာမတ္စ္ တူဟယ္ရဲ႕ တုံ႔ျပန္ပုံကို ျမင္ႏိုင္ပါတယ္။ ကေလာ့ပ္က မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ တုံ႔ျပန္ပုံက နည္းနည္း ကြာျခားတယ္လို႔ ထင္ပါတယ္။ သိပ္အမ်ားႀကီးေတာ့ မကြာျခားေပမယ့္ ကြၽန္ေတာ္ တူဟယ္ရဲ႕ တုံ႔ျပန္ပုံကို တကယ္ ေလးစားသေဘာက်မိပါတယ္”

“ခင္ဗ်ားက ခ်ဲလ္ဆီးအသင္းအတြက္ ကစားေပးေနဆဲျဖစ္ၿပီး အာဆင္နယ္နဲ႔ ကစားရရင္ အဲဒါက ပြဲႀကီးပဲ။ ရာသီႀကိဳေျခစမ္းပြဲဆိုတာ ကြၽန္ေတာ္ သိေပမယ့္ ခင္ဗ်ား ၄-၀ နဲ႔ေတာ့ အႏိုင္ယူခံလို႔မရဘူးေလ။ တူဟယ္ အဲဒီရႈံးပြဲကို အေလးအနက္ထားတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တကယ္ကို ေတာ္ေတာ္ေလး ေလးစားမိပါတယ္”

“ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ႀကီးႀကီးမားမား စိတ္လႈပ္ရွားသင့္တယ္လို႔ ကြၽန္ေတာ္ မထင္လို႔ပါ။ ဒါေပမယ့္ ရာသီမစခင္ ၂ ပတ္ေလာက္အလိုမွာ အာဆင္နယ္ရဲ႕ ျပင္းျပင္းထန္ထန္ အႏိုင္ယူခံရတာကို သူတို႔ မခံခဲ့ရသင့္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.