Premier League

ထိပ်ဆုံး ၄ နေရာဝင်တာက အောင်မြင်မှုလို့ထင်ရင် လေးပဲလို့ ဒဲ့ဆဲသွားတဲ့ အီဒူး

အာဆင်နယ်နည်းစနစ် ဒါရိုက်တာ အီဒူးက အသင်းက ထိပ်တန်း ၄ နေရာကို ပစ်မှတ်အဖြစ် အသားကျနေတာကို ဒေါသပေါက်ကွဲနေခဲ့ပြီး အဲဒါကို အောင်မြင်မှုလို့ ထင်တဲ့ကောင်တွေကိုလည်း လေးပဲလို့ ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာနဲ့ ၂ ရာသီဆက်တိုက် ပြီးဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၅ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၆ ရာသီစလုံး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ခြင်းမရှိခဲ့တာကြောင့် ၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ဥရောပထိပ်တန်းပြိုင်ပွဲနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်ရဲ့ နည်းစနစ် ဒါရိုက်တာဖြစ်လာခဲ့တဲ့ အီဒူးက အာတီတာရဲ့ အသင်းဟာ ဒီထက်အများကြီး မြင့်မြင့် မှန်းသင့်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

မြောက်လန်ဒန်မှာ အာစင်ဝင်းဂါးရဲ့ ကာလရှည် အုပ်စိုးမှုအောက် အာဆင်နယ်အသင်းဟာ ပုံမှန် ထိပ်ဆုံး ၄ နေရာဝင်တဲ့ အင်အားကြီး အသင်းကြီးတစ်သင်းဖြစ်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ ဂန္တဝင်နည်းပြကြီး ထွက်ခွာပြီးနောက်ပိုင်း အူနိုင်း အမ်မရီ လက်ထက်မှာ အဆင့် ၅ နေရာအထိသာ အမြင့်ဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်အနေနဲ့ ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်ရုံလောက်နဲ့ မတည်ဆောက်သင့်ပါဘူး။ ကျွန်တော်တို့အသင်းရဲ့ အရွယ်အစားအရ ဒါကို လက်မခံနိုင်ပါဘူး။ အဲဒါက လွန်ခဲ့တဲ့ ၃ နှစ်မှာ ကျွန်တော် ပြန်လာတဲ့အခါမှာ တကယ်နာကျင်ခဲ့ရတဲ့အရာပါ”

“ကျွန်တော် မေးခဲ့တယ်။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲလို့။ အားလုံးက သက်တောင့်သက်သာဖြစ်နေပြီး သူတို့တွေက ဒီလောက်နဲ့ ကျေနပ်နေကြတာလားဆိုပြီး မေးခဲ့တယ်။ အဲဒါဆိုလည်း လေးပဲလေ။ ဘာလို့လဲဆိုတော့ ဒါက ဒီအသင်းရဲ့ စိတ်ဓာတ်မျိုးမဟုတ်လို့ပါ”

“ကျွန်တော် အားလုံးကို ဒီလို ဖြစ်နေတာက သောက်ငရဲကျနေတာလို့ ခံစားစေချင်တယ်။ အခု ကျွန်တော်တို့ အောင်မြင်မှုတွေအတွက် တကယ်ကို တိုက်ပွဲဝင်သွားတော့မှာပါ။ အဲဒီတော့ ကျွန်တော်တို့ ‘ငါတော့ ဒီပွဲရှုံးလို့မရဘူး။ တစ်စုံတယောက်ကို အရင်ဆုံးသတ်ထားလိုက်ရင် ငါ မရှုံးနိမ့်တော့ဘူး’ဆိုတဲ့ စိတ်မျိုးနဲ့ လူစာရင်းကို လိုအပ်ပါတယ်။ ဒီနွေရာသီမှာ ကျွန်တော်တို့ အဲဒီလို စိတ်မျိုးရှိတဲ့ ကစားသမားတွေ ပိုပြီး အားဖြည့်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းစနစ္ ဒါ႐ိုက္တာ အီဒူးက အသင္းက ထိပ္တန္း ၄ ေနရာကို ပစ္မွတ္အျဖစ္ အသားက်ေနတာကို ေဒါသေပါက္ကြဲေနခဲ့ၿပီး အဲဒါကို ေအာင္ျမင္မႈလို႔ ထင္တဲ့ေကာင္ေတြကိုလည္း ေလးပဲလို႔ ဆဲဆိုႀကိမ္းေမာင္းခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၈ ေနရာနဲ႔ ၂ ရာသီဆက္တိုက္ ၿပီးဆုံးခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၅ ေနရာနဲ႔ ရာသီၿပီးဆုံးႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ ၆ ရာသီစလုံး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ၂၀၁၆-၂၀၁၇ ရာသီေနာက္ပိုင္း ဥေရာပထိပ္တန္းၿပိဳင္ပြဲနဲ႔ ေဝးကြာေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ၂၀၁၉ ခုႏွစ္မွာ အာဆင္နယ္ရဲ႕ နည္းစနစ္ ဒါ႐ိုက္တာျဖစ္လာခဲ့တဲ့ အီဒူးက အာတီတာရဲ႕ အသင္းဟာ ဒီထက္အမ်ားႀကီး ျမင့္ျမင့္ မွန္းသင့္တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။

ေျမာက္လန္ဒန္မွာ အာစင္ဝင္းဂါးရဲ႕ ကာလရွည္ အုပ္စိုးမႈေအာက္ အာဆင္နယ္အသင္းဟာ ပုံမွန္ ထိပ္ဆုံး ၄ ေနရာဝင္တဲ့ အင္အားႀကီး အသင္းႀကီးတစ္သင္းျဖစ္ခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္မွာ ဂႏၲဝင္နည္းျပႀကီး ထြက္ခြာၿပီးေနာက္ပိုင္း အူႏိုင္း အမ္မရီ လက္ထက္မွာ အဆင့္ ၅ ေနရာအထိသာ အျမင့္ဆုံး စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္အေနနဲ႔ ထိပ္ဆုံး ၄ ေနရာအတြက္ တိုက္ပြဲဝင္႐ုံေလာက္နဲ႔ မတည္ေဆာက္သင့္ပါဘူး။ ကြၽန္ေတာ္တို႔အသင္းရဲ႕ အ႐ြယ္အစားအရ ဒါကို လက္မခံႏိုင္ပါဘူး။ အဲဒါက လြန္ခဲ့တဲ့ ၃ ႏွစ္မွာ ကြၽန္ေတာ္ ျပန္လာတဲ့အခါမွာ တကယ္နာက်င္ခဲ့ရတဲ့အရာပါ”

“ကြၽန္ေတာ္ ေမးခဲ့တယ္။ ဒီမွာ ဘာေတြ ျဖစ္ေနတာလဲလို႔။ အားလုံးက သက္ေတာင့္သက္သာျဖစ္ေနၿပီး သူတို႔ေတြက ဒီေလာက္နဲ႔ ေက်နပ္ေနၾကတာလားဆိုၿပီး ေမးခဲ့တယ္။ အဲဒါဆိုလည္း ေလးပဲေလ။ ဘာလို႔လဲဆိုေတာ့ ဒါက ဒီအသင္းရဲ႕ စိတ္ဓာတ္မ်ိဳးမဟုတ္လို႔ပါ”

“ကြၽန္ေတာ္ အားလုံးကို ဒီလို ျဖစ္ေနတာက ေသာက္ငရဲက်ေနတာလို႔ ခံစားေစခ်င္တယ္။ အခု ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈေတြအတြက္ တကယ္ကို တိုက္ပြဲဝင္သြားေတာ့မွာပါ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ‘ငါေတာ့ ဒီပြဲရႈံးလို႔မရဘူး။ တစ္စုံတေယာက္ကို အရင္ဆုံးသတ္ထားလိုက္ရင္ ငါ မရႈံးနိမ့္ေတာ့ဘူး’ဆိုတဲ့ စိတ္မ်ိဳးနဲ႔ လူစာရင္းကို လိုအပ္ပါတယ္။ ဒီေႏြရာသီမွာ ကြၽန္ေတာ္တို႔ အဲဒီလို စိတ္မ်ိဳးရွိတဲ့ ကစားသမားေတြ ပိုၿပီး အားျဖည့္ႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.