Premier League Serie A Transfer News

အိုးထရက်ဖို့ဒ်က တပည့်ဟောင်းတစ်ဦးကို ထပ်ခေါ်ချင်နေတဲ့ မော်ရင်ညို

းမားအသင်းနည်းပြ ဟိုဆေး မော်ရင်ညိုဟာ မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား အဲရစ် ဘိုင်လီကို ယခုနွေရာသီမှာ ခေါ်ယူဖို့အတွက် ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဘိုင်လီဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းက ထွက်ခွာခွင့်ပေးသွားမယ့် နောက်ခံကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်ပြီး ဖီးလ် ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ကလည်း အိုင်းယက်စ်ကနေ မာတီနက်ဇ်ရောက်ရှိလာပြီးနောက်ပိုင်း လူပိုတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံကစားသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြိုခရီးစဉ်မှာ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဆက်နေပြီး ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ ထင်ရပါတယ်။

ရိုးမားအသင်းက အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဘိုင်လီဟာ နည်းပြ တန်ဟက်ဂ်နဲ့ စကားပြောဆိုဖို့ စီစဉ်နေပြီး ပွဲကစားချိန် အကန့်အသတ်သာ ရရှိမယ်ဆိုရင် စီးရီးအေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်သွားချင်နေတယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။

ဘိုင်လီဟာ ၂၀၁၆ ခုနှစ်မှာ ဟိုဆေး မော်ရင်ညို အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံး ကစားသမားခေါ်ယူမှုဖြစ်ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ် ၂၄ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဘိုင်လီဟာ ဒဏ်ရာပြဿနာနဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှု ရရှိဖို့ ရုန်းကန်ခဲ့ရကတည်းက ပွဲထွက်ကစားသမားအဖြစ် သက်သေပြသနိုင်ခြင်းမရှိခဲ့သူဖြစ်ပြီး အသင်းမှာ လူပိုတစ်ယောက်အဖြစ် ရှိနေခဲ့ရတာဖြစ်ပါတယ်။

မော်ရင်ညိုဟာ ယခုနွေရာသီမှာ ၎င်းရဲ့ ယူနိုက်တက်ကစားသမားခေါ်ယူမှုတစ်ခု ဖြစ်ခဲ့တဲ့ နီမန်ညာ မာတစ်ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ဘိုင်လီအနေနဲ့ စီးရီးအေကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အသင်းဖော်ဟောင်း ခရစ္စ စမောလင်း၊ မာတစ်တို့နဲ့အတူ တွဲကစားနိုင်မယ့် အခွင့်အရေး ရရှိမှာလည်း ဖြစ်ပါတယ်။

အဲရစ် ဘိုင်လီကို ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူနိုင်လိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ရိုးမားအသင်းဟာ ကနဦး အငှားနဲ့သာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး အိုင်းယက်စ်အသင်းက မာတီနက်ဇ် ရောက်ရှိလာမှုက အိုင်ဗရီကို့စ် နောက်ခံလူရဲ့ ပွဲထွက်ခွင့်ကို ပိုမို အကန့်အသတ်တွေ ရှိလာစေတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:းမားအသင္းနည္းျပ ဟိုေဆး ေမာ္ရင္ညိဳဟာ မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံကစားသမား အဲရစ္ ဘိုင္လီကို ယခုေႏြရာသီမွာ ေခၚယူဖို႔အတြက္ ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ဘိုင္လီဟာ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ထြက္ခြာခြင့္ေပးသြားမယ့္ ေနာက္ခံကစားသမား ၃ ဦးထဲက တစ္ဦးျဖစ္ၿပီး ဖီးလ္ ဂ်ဳံးစ္နဲ႔ တြမ္ဇီဘီတို႔ကလည္း အိုင္းယက္စ္ကေန မာတီနက္ဇ္ေရာက္ရွိလာၿပီးေနာက္ပိုင္း လူပိုေတြ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ေနာက္ခံကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီႀကိဳခရီးစဥ္မွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ ဆက္ေနၿပီး ပြဲထြက္ခြင့္ေနရာအတြက္ တိုက္ပြဲဝင္သြားဖို႔ကို ပထမဦးစားေပးအျဖစ္ သတ္မွတ္ထားတယ္လို႔ ထင္ရပါတယ္။

႐ိုးမားအသင္းက အသက္ ၂၈ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ဘိုင္လီဟာ နည္းျပ တန္ဟက္ဂ္နဲ႔ စကားေျပာဆိုဖို႔ စီစဥ္ေနၿပီး ပြဲကစားခ်ိန္ အကန႔္အသတ္သာ ရရွိမယ္ဆိုရင္ စီးရီးေအကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္သြားခ်င္ေနတယ္လို႔ Sky Sports က ေဖာ္ျပခဲ့ပါတယ္။

ဘိုင္လီဟာ ၂၀၁၆ ခုႏွစ္မွာ ဟိုေဆး ေမာ္ရင္ညိဳ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ပထမဆုံး ကစားသမားေခၚယူမႈျဖစ္ခဲ့သူျဖစ္ၿပီး ပထမဆုံးရာသီမွာ ပရီးမီးယားလိဂ္ ၂၄ ပြဲ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဘိုင္လီဟာ ဒဏ္ရာျပႆနာနဲ႔ ေျခစြမ္းပိုင္းတည္ၿငိမ္မႈ ရရွိဖို႔ ႐ုန္းကန္ခဲ့ရကတည္းက ပြဲထြက္ကစားသမားအျဖစ္ သက္ေသျပသႏိုင္ျခင္းမရွိခဲ့သူျဖစ္ၿပီး အသင္းမွာ လူပိုတစ္ေယာက္အျဖစ္ ရွိေနခဲ့ရတာျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ယခုေႏြရာသီမွာ ၎ရဲ႕ ယူႏိုက္တက္ကစားသမားေခၚယူမႈတစ္ခု ျဖစ္ခဲ့တဲ့ နီမန္ညာ မာတစ္ကိုလည္း ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ဘိုင္လီအေနနဲ႔ စီးရီးေအကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ အသင္းေဖာ္ေဟာင္း ခရစၥ စေမာလင္း၊ မာတစ္တို႔နဲ႔အတူ တြဲကစားႏိုင္မယ့္ အခြင့္အေရး ရရွိမွာလည္း ျဖစ္ပါတယ္။

အဲရစ္ ဘိုင္လီကို ေပါင္ ၁၀ သန္း ဝန္းက်င္နဲ႔ အၿပီးသတ္ေခၚယူႏိုင္လိမ့္မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ႐ိုးမားအသင္းဟာ ကနဦး အငွားနဲ႔သာ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရၿပီး အိုင္းယက္စ္အသင္းက မာတီနက္ဇ္ ေရာက္ရွိလာမႈက အိုင္ဗရီကို႔စ္ ေနာက္ခံလူရဲ႕ ပြဲထြက္ခြင့္ကို ပိုမို အကန႔္အသတ္ေတြ ရွိလာေစေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.