La Liga Ligue1 Premier League UCL&UEL

လာမယ့်ရာသီမှာ အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြနိုင်ကြဦးမယ့် နှစ်ချို့ဝိုင် ၅ ဦး

ဇလာတန် အီဘရာဟီမိုဗစ်ချ်တစ်ယောက် အေစီမီလန်နဲ့ နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ သေချာသွားခဲ့ချိန်မှာ အသက်အရွယ်အရ ဒဏ်ရာတွေနဲ့ နပမ်းလုံးနေပြီဖြစ်တဲ့ ဆွီဒင်သားကြီးအနေနဲ့ ရာသီသစ်ကို ခြေစွမ်းပြနိုင်ဖို့ကတော့ သိပ်မသေချာဘဲ လူငယ်တွေကိုသာ ဦးဆောင်မှုပေးပြီး အတွေ့အကြုံတွေ မျှဝေပေးနိုင်ဖို့ ရည်ရွယ်ခဲ့တာပဲဖြစ်နိုင်ပါတယ်။

အသက် ၄၀ ကျော်ပြီး ရာသီသစ်ထဲမှာပဲ ၄၁ နှစ်ပြည့်မြောက်မယ့် ဦးအီဘရာလို မဟုတ်ဘဲ လာမယ့်ရာသီမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ် ရပ်တည်ခြေစွမ်းပြနိုင်ကြဦးမယ့်သူကတော့ ရေတွက်ကြည့်ရင် လက်နှစ်ဖက် မပြည့်တပြည့်ဖြစ်နေချိန်မှာ ထိပ်ဆုံးအဆင့်မှာ စွမ်းဆောင်နိုင်ဆဲ ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ ပီပီ
ကက်ပလာ လာဗရန် ဒီလီမာ ဖာရဲရားလို့ နာမည်အပြည့်အစုံရှိပေမယ့် ဘယ်သူကမှ သတိမထားမိဘဲ ပီပီလို့ ခေါ်ကြတဲ့ ဘရာဇီးနွယ်ဖွား ပေါ်တူဂီ ဝါရင့်နောက်ခံလူဟာ လက်ရှိအချိန်မှာ အသက် ၃၉ နှစ်ရှိနေပြီဖြစ်ပြီး ထိပ်သီးကလပ် ပေါ်တိုမှာရော ပေါ်တူဂီလက်ရွေးစင်အသင်းမှာပါ ဟိတ်နဲ့ ဟန်နဲ့ ကစားနိုင်ဆဲ ကစားသမားကြီးတစ်ဦးဖြစ်နေပါတယ်။

လက်ရှိအချိန်အထိ နည်းပြ ဖာနန်ဒို ဆန်တို့စ်ရဲ့ အားကိုးရဆဲဖြစ်တဲ့ နောက်ခံလူဟာ လာမယ့် ဆောင်းရာသီ ဖေဖော်ဝါရီလမှာ အသက် ၄၀ ကို ချဉ်းနင်းဝင်ရောက်တော့မှာဖြစ်ပေမယ့်လို့ ပေါ်တိုနဲ့ ပေါ်တူဂီတို့ရဲ့ ပွဲအများစုကို ကစားနိုင်ဆဲဖြစ်ပြီး အသက်ကြီးလာပေမယ့် မာန်မချသေးတဲ့ ဘိုးတော်ဟာ တစ်ပွဲပျမ်းမျှ ပေးပို့မှု ၈၉ ရာခိုင်နှုန်း တိကျသလို ဖျက်ထုတ်မှုတွေမှာလည်း ၉၃ ရာခိုင်နှုန်းအထိ အောင်မြင်ဆဲဖြစ်နေတာပါ။

၄။ သီယာဂို ဆေးလ်ဗား
ချဲလ်ဆီးကို သူရောက်လာတော့ သံသယမျက်လုံးတွေနဲ့ ကြည့်ခဲ့ကြပေမယ့် လူငယ်တွေတောင် ရုန်းကန်ရလေ့ရှိတဲ့ ပရီးမီးယားလိဂ်က သူ့အတွက် ငှက်ပျောသီး အခွံနွှာစားသလို လွယ်ကူနေခဲ့ပါတယ်။ အဓိကအားဖြင့်တော့ သိပ်ပြီး ဆန်းပြားတဲ့ ပုံစံမျိုးနဲ့ မကစားဘဲ No Nonsense လို့ခေါ်တဲ့ ဒိုင်ခံရှင်းပုံစံကိုပဲ ကျင့်သုံးတဲ့ ၃၇ နှစ်သားကြီးဟာ ပြီးခဲ့တဲ့ ရာသီမှာ ခေါင်းတိုက်ရှင်းထုတ်မှု ၁၀၈ ကြိမ်နဲ့ ဖျက်ထုတ်မှု ၁၀၈ ကြိမ်တို့ကို ပြုလုပ်နိုင်ခဲ့တာပါ။

လာမယ့် ရာသီမှာတော့ သူနဲ့ တွဲဖက်ညီခဲ့တဲ့သူတွေဖြစ်ကြတဲ့ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ စပိန်မြေကို ပြောင်းရွှေ့သွားကြတဲ့အတွက် သီယာဂို ဆေးလ်ဗားအနေနဲ့ လူသစ်တွေနဲ့ အသားမကျခင် အရင်ကထက် ပိုမိုရုန်းကန်ရနိုင်တယ်လို့တော့ ခန့်မှန်းထားကြပေမယ့် သူ့ရဲ့ အတွေ့အကြုံနဲ့ သမ္ဘာတွေက ဘယ်သူ့ကိုပဲဖြစ်ဖြစ် သင်ကြားပို့ချပြီး ဆွဲခေါ်ပေးဦးမှာကတော့ သေချာနေပါတယ်။

၃။ ခရစ္စတီယာနို ရော်နယ်လ်ဒို
အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခွင့်တောင်းထားခဲ့တဲ့ ပေါ်တူဂီသား GOAT ကြီးဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် မန်ချက်စတာယူနိုက်တက်နဲ့ ပူးပေါင်းမှုမှာ ထင်သလို အောင်မြင်မှု မရခဲ့ပေမယ့်လည်း တစ်ဦးချင်း စွမ်းရည်မှာတော့ မှတ်ကျောက်တင်ခံနိုင်ဆဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ ၃၈ ပွဲကစား ၂၄ ဂိုးသွင်းယူပြီး ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူ့ကို အားကိုးယုံကြည်ချင်တဲ့ အသင်းကြီးတွေကတော့ နောက်က လိုက်နေကြဆဲလည်းဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုရဲ့ ကြံ့ခိုင်မှုနဲ့ သက်လုံကတော့ အဖက်ဖက်က ကောင်းမွန်ဆဲ အနေအထားမှာလည်းရှိနေပြီး ကြီးမားတဲ့ ဒဏ်ရာမျိုးတွေကိုလည်း ပရီးမီးယားလိဂ်လို နေရာမျိုးမှာတောင် ရှောင်လွှဲထားနိုင်ခဲ့တာကတော့ ချီးကျူးစရာဖြစ်နေခဲ့သလို ဒီပုံစံကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် လာမယ့် ရာသီသစ်မှာ “ဘယ်ဆီကို ရောက်ရောက်၊ ဘာတွေကို လုပ်လုပ်” သွင်းဂိုး ၂၀ အထက် အာမခံနိုင်ဖို့ သေချာနေတယ်လို့ ခန့်မှန်းထားကြတာပါ။

၂။ လူကာ မိုဒရစ်ချ်
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ ခရိုအေးရှားသားကြီးကတော့ အသက် ၃၆ နှစ်အရွယ်မှာ လူငယ်လေးတစ်ယောက်လို ကစားပြနိုင်ဆဲဖြစ်ပြီး ကွင်းလယ်မှာ မမောမပန်း လိုက်လံကစားနေခဲ့တာပါ။ အဖြူရောင် စပိန်ချန်ပီယံတွေရဲ့ ချန်ပီယံလိဂ်ခရီးမှာ ငယ်မူငယ်သွေးတွေနဲ့ ခြေစွမ်းတွေကိုလည်း တွေ့မြင်ခဲ့ရပြီး သူ့ရဲ့ ဘောလုံးဦးနှောက်ကတော့ ဘယ်အသက်အရွယ်ပဲရောက်ရောက် မြက်ခင်းစိမ်းတွေပေါ်မှာ စီးမျောနိုင်ဖို့ လွယ်ကူစေပါတယ်။

လာမယ့် စက်တင်ဘာလဆိုရင် အသက် ၃၇ နှစ် ပြည့်မြောက်မယ့် ဘယ်လွန်ဒေါဆုပိုင်ရှင် မိုဒရစ်ချ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ရီးရဲလ်တို့အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစား ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး သူ့ရဲ့ ပေးပို့မှုတွေကလည်း ၉၀ ရာခိုင်နှုန်းအထိ တိကျဆဲဖြစ်ပါတယ်။ ဒီရာသီမှာတော့ ရီးရဲလ်တို့အနေနဲ့ ကာမာဗင်ဂါနဲ့ ချွာမင်နီတို့ကို ပိုမိုအသုံးပြုပြီး သူ့ကို ပိုမိုအနားပေးနိုင်ပေမယ့် အရေးကြီးတဲ့ ပွဲတွေမှာ အဖြေကို ပြောင်းလဲဖို့ အသင့်ရှိနေဦးမယ်လို့ တစ်ထစ်ချ ဆိုထားရဦးမယ့်သူပါ။

၁။ လီယွန်နယ် မက်ဆီ
မက်ဆီကတော့ ဒီရာသီ မစတင်ခင်မှာ အသက် ၃၅ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ဒုတိယရာသီကို ဖြတ်သန်းမှာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ခြေစွမ်းမျိုး ပြင်သစ်မြေမှာ မရခဲ့ဘူးလို့ ဝေဖန်ခံခဲ့ရတဲ့ အာဂျင်တီးနားသားကြီးအနေနဲ့ ဒါဟာ မတူညီတဲ့ ပတ်ဝန်းကျင်နဲ့ တွဲဖက်တွေကြောင့်ဆိုတာကို လက်ရွေးစင်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေနဲ့အတူ ချေဖျက်ပြနိုင်ခဲ့ပြီး ရာသီသစ်အတွက်တော့ ရင်ခုန်စရာတွေဖြစ်နေခဲ့ပါတယ်။

သူနဲ့ သွင်းဂိုး၊ ဖန်တီးမှုတွေဆိုတာ ခွဲခြားမရဘူးဆိုတာကို မက်ဆီအနေနဲ့ ထပ်မံပြသဖွယ်ရှိနေပြီး လာမယ့် ရာသီမှာ ပိုမိုအသားကျလာမယ့် ခီလီယန် အမ်ဘာပေနဲ့ အတွဲအစပ်က သူတို့ကြားက သွင်းဂိုးတွေကို အများအပြား ရေတွက်ရဖို့ ရှိနေသလို ပီအက်စ်ဂျီတို့ရဲ့ မပြည့်ဝနိုင်သေးတဲ့ ဆန္ဒဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်သွားနိုင်မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇလာတန္ အီဘရာဟီမိုဗစ္ခ်္တစ္ေယာက္ ေအစီမီလန္နဲ႔ ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးဖို႔ ေသခ်ာသြားခဲ့ခ်ိန္မွာ အသက္အ႐ြယ္အရ ဒဏ္ရာေတြနဲ႔ နပမ္းလုံးေနၿပီျဖစ္တဲ့ ဆြီဒင္သားႀကီးအေနနဲ႔ ရာသီသစ္ကို ေျခစြမ္းျပႏိုင္ဖို႔ကေတာ့ သိပ္မေသခ်ာဘဲ လူငယ္ေတြကိုသာ ဦးေဆာင္မႈေပးၿပီး အေတြ႕အႀကဳံေတြ မွ်ေဝေပးႏိုင္ဖို႔ ရည္႐ြယ္ခဲ့တာပဲျဖစ္ႏိုင္ပါတယ္။

အသက္ ၄၀ ေက်ာ္ၿပီး ရာသီသစ္ထဲမွာပဲ ၄၁ ႏွစ္ျပည့္ေျမာက္မယ့္ ဦးအီဘရာလို မဟုတ္ဘဲ လာမယ့္ရာသီမွာ အသင္းရဲ႕ အေကာင္းဆုံး ကစားသမားေတြအျဖစ္ ရပ္တည္ေျခစြမ္းျပႏိုင္ၾကဦးမယ့္သူကေတာ့ ေရတြက္ၾကည့္ရင္ လက္ႏွစ္ဖက္ မျပည့္တျပည့္ျဖစ္ေနခ်ိန္မွာ ထိပ္ဆုံးအဆင့္မွာ စြမ္းေဆာင္ႏိုင္ဆဲ ၅ ဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၅။ ပီပီ
ကက္ပလာ လာဗရန္ ဒီလီမာ ဖာရဲရားလို႔ နာမည္အျပည့္အစုံရွိေပမယ့္ ဘယ္သူကမွ သတိမထားမိဘဲ ပီပီလို႔ ေခၚၾကတဲ့ ဘရာဇီးႏြယ္ဖြား ေပၚတူဂီ ဝါရင့္ေနာက္ခံလူဟာ လက္ရွိအခ်ိန္မွာ အသက္ ၃၉ ႏွစ္ရွိေနၿပီျဖစ္ၿပီး ထိပ္သီးကလပ္ ေပၚတိုမွာေရာ ေပၚတူဂီလက္ေ႐ြးစင္အသင္းမွာပါ ဟိတ္နဲ႔ ဟန္နဲ႔ ကစားႏိုင္ဆဲ ကစားသမားႀကီးတစ္ဦးျဖစ္ေနပါတယ္။

လက္ရွိအခ်ိန္အထိ နည္းျပ ဖာနန္ဒို ဆန္တို႔စ္ရဲ႕ အားကိုးရဆဲျဖစ္တဲ့ ေနာက္ခံလူဟာ လာမယ့္ ေဆာင္းရာသီ ေဖေဖာ္ဝါရီလမွာ အသက္ ၄၀ ကို ခ်ဥ္းနင္းဝင္ေရာက္ေတာ့မွာျဖစ္ေပမယ့္လို႔ ေပၚတိုနဲ႔ ေပၚတူဂီတို႔ရဲ႕ ပြဲအမ်ားစုကို ကစားႏိုင္ဆဲျဖစ္ၿပီး အသက္ႀကီးလာေပမယ့္ မာန္မခ်ေသးတဲ့ ဘိုးေတာ္ဟာ တစ္ပြဲပ်မ္းမွ် ေပးပို႔မႈ ၈၉ ရာခိုင္ႏႈန္း တိက်သလို ဖ်က္ထုတ္မႈေတြမွာလည္း ၉၃ ရာခိုင္ႏႈန္းအထိ ေအာင္ျမင္ဆဲျဖစ္ေနတာပါ။

၄။ သီယာဂို ေဆးလ္ဗား
ခ်ဲလ္ဆီးကို သူေရာက္လာေတာ့ သံသယမ်က္လုံးေတြနဲ႔ ၾကည့္ခဲ့ၾကေပမယ့္ လူငယ္ေတြေတာင္ ႐ုန္းကန္ရေလ့ရွိတဲ့ ပရီးမီးယားလိဂ္က သူ႔အတြက္ ငွက္ေပ်ာသီး အခြံႏႊာစားသလို လြယ္ကူေနခဲ့ပါတယ္။ အဓိကအားျဖင့္ေတာ့ သိပ္ၿပီး ဆန္းျပားတဲ့ ပုံစံမ်ိဳးနဲ႔ မကစားဘဲ No Nonsense လို႔ေခၚတဲ့ ဒိုင္ခံရွင္းပုံစံကိုပဲ က်င့္သုံးတဲ့ ၃၇ ႏွစ္သားႀကီးဟာ ၿပီးခဲ့တဲ့ ရာသီမွာ ေခါင္းတိုက္ရွင္းထုတ္မႈ ၁၀၈ ႀကိမ္နဲ႔ ဖ်က္ထုတ္မႈ ၁၀၈ ႀကိမ္တို႔ကို ျပဳလုပ္ႏိုင္ခဲ့တာပါ။

လာမယ့္ ရာသီမွာေတာ့ သူနဲ႔ တြဲဖက္ညီခဲ့တဲ့သူေတြျဖစ္ၾကတဲ့ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ စပိန္ေျမကို ေျပာင္းေ႐ႊ႕သြားၾကတဲ့အတြက္ သီယာဂို ေဆးလ္ဗားအေနနဲ႔ လူသစ္ေတြနဲ႔ အသားမက်ခင္ အရင္ကထက္ ပိုမို႐ုန္းကန္ရႏိုင္တယ္လို႔ေတာ့ ခန႔္မွန္းထားၾကေပမယ့္ သူ႔ရဲ႕ အေတြ႕အႀကဳံနဲ႔ သမာၻေတြက ဘယ္သူ႔ကိုပဲျဖစ္ျဖစ္ သင္ၾကားပို႔ခ်ၿပီး ဆြဲေခၚေပးဦးမွာကေတာ့ ေသခ်ာေနပါတယ္။

၃။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို
အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာခြင့္ေတာင္းထားခဲ့တဲ့ ေပၚတူဂီသား GOAT ႀကီးဟာ သူ႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပူးေပါင္းမႈမွာ ထင္သလို ေအာင္ျမင္မႈ မရခဲ့ေပမယ့္လည္း တစ္ဦးခ်င္း စြမ္းရည္မွာေတာ့ မွတ္ေက်ာက္တင္ခံႏိုင္ဆဲျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီမွာ ၃၈ ပြဲကစား ၂၄ ဂိုးသြင္းယူၿပီး ၃ ဂိုး ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ သူ႔ကို အားကိုးယုံၾကည္ခ်င္တဲ့ အသင္းႀကီးေတြကေတာ့ ေနာက္က လိုက္ေနၾကဆဲလည္းျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေရာ္နယ္လ္ဒိုရဲ႕ ႀကံ့ခိုင္မႈနဲ႔ သက္လုံကေတာ့ အဖက္ဖက္က ေကာင္းမြန္ဆဲ အေနအထားမွာလည္းရွိေနၿပီး ႀကီးမားတဲ့ ဒဏ္ရာမ်ိဳးေတြကိုလည္း ပရီးမီးယားလိဂ္လို ေနရာမ်ိဳးမွာေတာင္ ေရွာင္လႊဲထားႏိုင္ခဲ့တာကေတာ့ ခ်ီးက်ဴးစရာျဖစ္ေနခဲ့သလို ဒီပုံစံကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့မယ္ဆိုရင္ လာမယ့္ ရာသီသစ္မွာ “ဘယ္ဆီကို ေရာက္ေရာက္၊ ဘာေတြကို လုပ္လုပ္” သြင္းဂိုး ၂၀ အထက္ အာမခံႏိုင္ဖို႔ ေသခ်ာေနတယ္လို႔ ခန႔္မွန္းထားၾကတာပါ။

၂။ လူကာ မိုဒရစ္ခ်္
ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္း တိုးျမႇင့္ခဲ့တဲ့ ခ႐ိုေအးရွားသားႀကီးကေတာ့ အသက္ ၃၆ ႏွစ္အ႐ြယ္မွာ လူငယ္ေလးတစ္ေယာက္လို ကစားျပႏိုင္ဆဲျဖစ္ၿပီး ကြင္းလယ္မွာ မေမာမပန္း လိုက္လံကစားေနခဲ့တာပါ။ အျဖဴေရာင္ စပိန္ခ်န္ပီယံေတြရဲ႕ ခ်န္ပီယံလိဂ္ခရီးမွာ ငယ္မူငယ္ေသြးေတြနဲ႔ ေျခစြမ္းေတြကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး သူ႔ရဲ႕ ေဘာလုံးဦးေႏွာက္ကေတာ့ ဘယ္အသက္အ႐ြယ္ပဲေရာက္ေရာက္ ျမက္ခင္းစိမ္းေတြေပၚမွာ စီးေမ်ာႏိုင္ဖို႔ လြယ္ကူေစပါတယ္။

လာမယ့္ စက္တင္ဘာလဆိုရင္ အသက္ ၃၇ ႏွစ္ ျပည့္ေျမာက္မယ့္ ဘယ္လြန္ေဒါဆုပိုင္ရွင္ မိုဒရစ္ခ်္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ ရီးရဲလ္တို႔အတြက္ ၿပိဳင္ပြဲစုံ ၄၁ ပြဲကစား ၁၁ ဂိုး ဖန္တီးေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ေပးပို႔မႈေတြကလည္း ၉၀ ရာခိုင္ႏႈန္းအထိ တိက်ဆဲျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ ရီးရဲလ္တို႔အေနနဲ႔ ကာမာဗင္ဂါနဲ႔ ခြၽာမင္နီတို႔ကို ပိုမိုအသုံးျပဳၿပီး သူ႔ကို ပိုမိုအနားေပးႏိုင္ေပမယ့္ အေရးႀကီးတဲ့ ပြဲေတြမွာ အေျဖကို ေျပာင္းလဲဖို႔ အသင့္ရွိေနဦးမယ္လို႔ တစ္ထစ္ခ် ဆိုထားရဦးမယ့္သူပါ။

၁။ လီယြန္နယ္ မက္ဆီ
မက္ဆီကေတာ့ ဒီရာသီ မစတင္ခင္မွာ အသက္ ၃၅ ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ ဒုတိယရာသီကို ျဖတ္သန္းမွာျဖစ္ပါတယ္။ ဘာစီလိုနာနဲ႔ ေျခစြမ္းမ်ိဳး ျပင္သစ္ေျမမွာ မရခဲ့ဘူးလို႔ ေဝဖန္ခံခဲ့ရတဲ့ အာဂ်င္တီးနားသားႀကီးအေနနဲ႔ ဒါဟာ မတူညီတဲ့ ပတ္ဝန္းက်င္နဲ႔ တြဲဖက္ေတြေၾကာင့္ဆိုတာကို လက္ေ႐ြးစင္အသင္းမွာ ျပသခဲ့တဲ့ ေျခစြမ္းေတြနဲ႔အတူ ေခ်ဖ်က္ျပႏိုင္ခဲ့ၿပီး ရာသီသစ္အတြက္ေတာ့ ရင္ခုန္စရာေတြျဖစ္ေနခဲ့ပါတယ္။

သူနဲ႔ သြင္းဂိုး၊ ဖန္တီးမႈေတြဆိုတာ ခြဲျခားမရဘူးဆိုတာကို မက္ဆီအေနနဲ႔ ထပ္မံျပသဖြယ္ရွိေနၿပီး လာမယ့္ ရာသီမွာ ပိုမိုအသားက်လာမယ့္ ခီလီယန္ အမ္ဘာေပနဲ႔ အတြဲအစပ္က သူတို႔ၾကားက သြင္းဂိုးေတြကို အမ်ားအျပား ေရတြက္ရဖို႔ ရွိေနသလို ပီအက္စ္ဂ်ီတို႔ရဲ႕ မျပည့္ဝႏိုင္ေသးတဲ့ ဆႏၵျဖစ္တဲ့ ခ်န္ပီယံလိဂ္ဖလားကို စိန္ေခၚသြားႏိုင္မလားဆိုတာ စိတ္လႈပ္ရွားစြာနဲ႔ ေစာင့္ၾကည့္ရဖို႔ ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.