Premier League

11 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့များ စုစည်းမှု

– အာဆင်နယ်တို့အနေနဲ့ လက်ရှိအချိန်အထိ ကြံ့ခိုင်မှုပိုင်းမှာ ယုံစားလို့ မရသေးတဲ့ စကော့တလန်နောက်ခံလူ ကီရန် တီယာနီရဲ့ နေရာကို ဖိအားပေးပြီး ကစားသမားကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်နိုင်မယ့် အသက် ၂၆ နှစ်အရွယ် စပိန်နောက်ခံလူ အဲလက်စ် ဂရီမယ်လ်ဒိုကို ဘင်ဖီကာအသင်းဆီက ပေါင် ၆.၄ သန်းနဲ့ ကမ်းလှမ်းထား။

– အာဆင်နယ်သတင်းတွေကို ပင်တိုင်ရေးသားနေကျ အင်္ဂလိပ်ဂျာနယ်လစ် ချားလ်စ် ဝပ်ထ်က ဂန်းနားတွေအနေနဲ့ လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အပြင် နောက်ထပ်အနည်းဆုံး ကစားသမားတစ်ဦးကို ထပ်ခေါ်ဦးမယ်လို့ ပြောလိုက်ပြီး ဖြစ်မလာခဲ့ရင် ကိုယ့်ဦးထုပ် ကိုယ်စားပြမယ်ဆိုတဲ့ စကားနဲ့ စိန်ခေါ်သွား။

– ကွင်းလယ်ပိုင်းမှာ အသင်းကြီးတစ်သင်းနဲ့ တူညီအောင် တည်ဆောက်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိ ဈေးကွက်ထဲမှာ လှုပ်ရှားနေခဲ့သလို အရန်အစီအစဉ်အဖြစ် မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို စောင့်ကြည့်နေ။

– ဘရာဇီးလ်တိုက်စစ်ကစားသမား လူးကပ်စ် ပါကေးတာအတွက် စိတ်ဝင်စားမှုတွေ ရှိနေကြောင်း ပြင်သစ်လိဂန်ကလပ် လီယွန်အသင်းက အတည်ပြု ထုတ်ပြန်ခဲ့အပြီးမှာ အသက် ၂၅ နှစ်အရွယ် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကတော့ အာဆင်နယ်ဆီက တရားဝင် ကမ်းလှမ်းမှုမျိုး ရောက်ရှိမလာသေးကြောင်း ထုတ်ဖော်သွား။

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်ကြယ်ပွင့်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို ဒီရာသီမှာ နေရာစတင်ပေးသွားဖို့ စီစဉ်နေပေမယ့် ကစားသမားကို တစ်စုံတစ်ရာ အာမခံချက် မပေးနိုင်သေးတာကြောင့် ရောင်းချခဲ့ရရင် သူ့နေရာမှာ ပြင်သစ်သားတစ်ဦးပဲဖြစ်တဲ့ ဝုလ်ဖ်စ်ဘတ်ရဲ့ မက်ဆွန့်စ် လာခွာကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေ။

– ကွင်းလယ်အဖျက်ပိုင်းမှာ ကစားသမား အမြောက်အမြားကို ကမ်းလှမ်းသူရှိရင် ရောင်းချသွားနိုင်တဲ့ အာဆင်နယ်တို့အနေနဲ့ ပက်ထရစ် ဗီယာရာ လက်သစ်လို့ ပြင်သစ်မြေမှာ နာမည်ထွက်နေတဲ့ လိဂန်ကလပ် လီလ်အသင်းရဲ့ ကွင်းလယ်လူ အာမာဒူ အိုနာနာကို ဝက်စ်ဟမ်းအသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ရှိနေ။

– အာဆင်နယ်အသင်းရဲ့ အပယ်ခံကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ ရိုးမားအသင်းနည်းပြ ဂျိုဆေး မော်ရင်ညိုနဲ့ လက်တွဲဖို့ စကားပြောခဲ့တယ်လို့ သိရပြီး အပြောင်းအရွှေ့တစ်စုံတစ်ရာအတွက်တော့ အတိအကျ မပြောနိုင်သေးပေမယ့် အသင်းနှစ်သင်းကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိထားမှုအရ အကောင်အထည်ပေါ်လာနိုင်ဖို့ ခန့်မှန်းနေကြ။

– မာဆေးလ်အသင်းရဲ့ နည်းပြသစ် အီဂေါ် တူဒေါ်အနေနဲ့ သူ့ရဲ့ ကစားသမားစာရင်းကို အင်အားဖြည့်ဆည်းဖို့ အာဆင်နယ်အသင်းရဲ့ လူငယ် နောက်ခံလူ နူနို တာဗာရက်စ်ကို အငှားခေါ်ယူပေးဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုထားခဲ့ပြီး မြောက်လန်ဒန်ကလပ်ရဲ့ လူသစ် ခေါ်ယူနိုင်မှုပေါ် မူတည်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ဖွယ်ရှိနေ။

– လာဇီယိုနည်းပြ မော်ရီဇီယို ဆာရီအနေနဲ့ သူ့ရဲ့ အားကိုးရတဲ့ ကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ အနာဂတ်ကို ကွဲကွဲပြားပြား သိရဖို့ တနင်္လာနေ့မှာ ကစားသမား၊ ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ သုံးဦးသုံးဖလှယ် ဆွေးနွေးသွားမှာဖြစ်ပြီး အီတလီမီဒီယာတွေကတော့ ဂန်းနားတွေ အလိုရှိနေတဲ့ ဆားဘီးယားသားဟာ ထွက်ပေါက်ဆီ ခြေတစ်ဖက်လှမ်းထားပြီးဖြစ်တယ်လို့ ဖော်ပြနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔အေနနဲ႔ လက္ရွိအခ်ိန္အထိ ႀကံ့ခိုင္မႈပိုင္းမွာ ယုံစားလို႔ မရေသးတဲ့ စေကာ့တလန္ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ ေနရာကို ဖိအားေပးၿပီး ကစားသမားကို စိတ္ဓာတ္စစ္ဆင္ေရးလုပ္ႏိုင္မယ့္ အသက္ ၂၆ ႏွစ္အ႐ြယ္ စပိန္ေနာက္ခံလူ အဲလက္စ္ ဂရီမယ္လ္ဒိုကို ဘင္ဖီကာအသင္းဆီက ေပါင္ ၆.၄ သန္းနဲ႔ ကမ္းလွမ္းထား။

– အာဆင္နယ္သတင္းေတြကို ပင္တိုင္ေရးသားေနက် အဂၤလိပ္ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝပ္ထ္က ဂန္းနားေတြအေနနဲ႔ လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အျပင္ ေနာက္ထပ္အနည္းဆုံး ကစားသမားတစ္ဦးကို ထပ္ေခၚဦးမယ္လို႔ ေျပာလိုက္ၿပီး ျဖစ္မလာခဲ့ရင္ ကိုယ့္ဦးထုပ္ ကိုယ္စားျပမယ္ဆိုတဲ့ စကားနဲ႔ စိန္ေခၚသြား။

– ကြင္းလယ္ပိုင္းမွာ အသင္းႀကီးတစ္သင္းနဲ႔ တူညီေအာင္ တည္ေဆာက္ဖို႔ လိုအပ္ေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိ ေဈးကြက္ထဲမွာ လႈပ္ရွားေနခဲ့သလို အရန္အစီအစဥ္အျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ရွိေတာ့တဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ေစာင့္ၾကည့္ေန။

– ဘရာဇီးလ္တိုက္စစ္ကစားသမား လူးကပ္စ္ ပါေကးတာအတြက္ စိတ္ဝင္စားမႈေတြ ရွိေနေၾကာင္း ျပင္သစ္လိဂန္ကလပ္ လီယြန္အသင္းက အတည္ျပဳ ထုတ္ျပန္ခဲ့အၿပီးမွာ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ အာဆင္နယ္ဆီက တရားဝင္ ကမ္းလွမ္းမႈမ်ိဳး ေရာက္ရွိမလာေသးေၾကာင္း ထုတ္ေဖာ္သြား။

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္ၾကယ္ပြင့္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ဒီရာသီမွာ ေနရာစတင္ေပးသြားဖို႔ စီစဥ္ေနေပမယ့္ ကစားသမားကို တစ္စုံတစ္ရာ အာမခံခ်က္ မေပးႏိုင္ေသးတာေၾကာင့္ ေရာင္းခ်ခဲ့ရရင္ သူ႔ေနရာမွာ ျပင္သစ္သားတစ္ဦးပဲျဖစ္တဲ့ ဝုလ္ဖ္စ္ဘတ္ရဲ႕ မက္ဆြန႔္စ္ လာခြာကို ျပန္လည္ေခၚယူဖို႔ ပစ္မွတ္ထားေန။

– ကြင္းလယ္အဖ်က္ပိုင္းမွာ ကစားသမား အေျမာက္အျမားကို ကမ္းလွမ္းသူရွိရင္ ေရာင္းခ်သြားႏိုင္တဲ့ အာဆင္နယ္တို႔အေနနဲ႔ ပက္ထရစ္ ဗီယာရာ လက္သစ္လို႔ ျပင္သစ္ေျမမွာ နာမည္ထြက္ေနတဲ့ လိဂန္ကလပ္ လီလ္အသင္းရဲ႕ ကြင္းလယ္လူ အာမာဒူ အိုနာနာကို ဝက္စ္ဟမ္းအသင္းနဲ႔အၿပိဳင္ ေခၚယူသြားဖို႔ရွိေန။

– အာဆင္နယ္အသင္းရဲ႕ အပယ္ခံကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ ႐ိုးမားအသင္းနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳနဲ႔ လက္တြဲဖို႔ စကားေျပာခဲ့တယ္လို႔ သိရၿပီး အေျပာင္းအေ႐ႊ႕တစ္စုံတစ္ရာအတြက္ေတာ့ အတိအက် မေျပာႏိုင္ေသးေပမယ့္ အသင္းႏွစ္သင္းၾကားမွာ ဆက္ဆံေရးေကာင္းေတြ ရွိထားမႈအရ အေကာင္အထည္ေပၚလာႏိုင္ဖို႔ ခန႔္မွန္းေနၾက။

– မာေဆးလ္အသင္းရဲ႕ နည္းျပသစ္ အီေဂၚ တူေဒၚအေနနဲ႔ သူ႔ရဲ႕ ကစားသမားစာရင္းကို အင္အားျဖည့္ဆည္းဖို႔ အာဆင္နယ္အသင္းရဲ႕ လူငယ္ ေနာက္ခံလူ ႏူႏို တာဗာရက္စ္ကို အငွားေခၚယူေပးဖို႔ အသင္းတာဝန္ရွိသူေတြကို ေတာင္းဆိုထားခဲ့ၿပီး ေျမာက္လန္ဒန္ကလပ္ရဲ႕ လူသစ္ ေခၚယူႏိုင္မႈေပၚ မူတည္ၿပီး အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ႏိုင္ဖြယ္ရွိေန။

– လာဇီယိုနည္းျပ ေမာ္ရီဇီယို ဆာရီအေနနဲ႔ သူ႔ရဲ႕ အားကိုးရတဲ့ ကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ရဲ႕ အနာဂတ္ကို ကြဲကြဲျပားျပား သိရဖို႔ တနလၤာေန႔မွာ ကစားသမား၊ ကလပ္အသင္းတာဝန္ရွိသူေတြနဲ႔ သုံးဦးသုံးဖလွယ္ ေဆြးေႏြးသြားမွာျဖစ္ၿပီး အီတလီမီဒီယာေတြကေတာ့ ဂန္းနားေတြ အလိုရွိေနတဲ့ ဆားဘီးယားသားဟာ ထြက္ေပါက္ဆီ ေျခတစ္ဖက္လွမ္းထားၿပီးျဖစ္တယ္လို႔ ေဖာ္ျပေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.