Premier League Transfer News

ချဲလ်ဆီးကြယ်ပွင့်ကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လက်ရှိအချိန်အထိ အလုပ်အများဆုံး ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်နေခဲ့တာဖြစ်ပြီး အာတီတာဟာ စိတ်ပျက်ဖွယ်ရာသီနဲ့ ရင်ဆိုင်ရပြီးနောက် လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာ ခြေချော်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်မတင်လေး လွဲချော်ခဲ့တာဖြစ်ပြီး အာတီဟာ ၎င်းရဲ့ လူစာရင်းကို လျင်လျင်မြန်မြန်ပဲ အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်အထိ ဂါဘရီယယ်လ် ဂျေဆူး၊ ဖေဘီယို ဗီယာရာ၊ မာကင်ညို့စ်နဲ့ မတ် တန်နာတို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့်လည်း စပိန်ကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ကတော့ အပြီးသတ်နိုင်သေးပုံ မပေါ်တာဖြစ်ပါတယ်။

The Star ရဲ့ သတင်းအရ အာဆင်နယ်ဟာ လက်ရှိမှာ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် အန်ဂိုလို ကွန်တေကို အံ့အားသင့်ဖွယ် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပြီး ပြင်သစ်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းဆီကနေ ရဲတင်းတဲ့ကမ်းလှမ်းမှုတွေရဲ့ ပစ်မှတ်ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွန်တေဟာ ချဲလ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့သူဖြစ်ပြီး အဲဒါကြောင့် အာဆင်နယ်က လက်စတာစီးတီးကြယ်ပွင့်ဟောင်းကို ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးရမယ့်အစား ယခုနွေရာသီမှာ ရောင်းထုတ်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ကွန်တေဟာ ပြီးခဲ့တဲ့ ၆ နှစ်စလုံးမှာ ကမ္ဘာပေါ်က အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဆိုတာကို သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ လက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဂိုလို ကွန်တေဟာ နောက်နှစ်မှာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ထပ်မံ ကိုင်မြှောက်နိုင်ခဲ့ပြီး အနောက်လန်ဒန်ကလပ်အသင်းအတွက် စုစုပေါင်း ပွဲ ၂၅၀ ကျော် ပါဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ကွန်တေရဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ရာသီမှာ အနည်းငယ် ကျဆင်းနေခဲ့ပြီး ကော်နာ ဂယ်လေဂါ၊ ဘီလီ ဂီးလ်မိုး၊ အန်ပါဒူတို့လို ကစားသမားတွေက ပထမအသင်းမှာ နေရာရဖို့ တွန်းအားပေးလုပ်ဆောင်နေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ပြင်သစ်ကွင်းလယ်ကစားသမားကို ယခုနွေရာသီမှာ ရောင်းချဖို့ ရွေးချယ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း လက္ရွိအခ်ိန္အထိ အလုပ္အမ်ားဆုံး ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲက တစ္သင္းျဖစ္ေနခဲ့တာျဖစ္ၿပီး အာတီတာဟာ စိတ္ပ်က္ဖြယ္ရာသီနဲ႔ ရင္ဆိုင္ရၿပီးေနာက္ လူစာရင္းကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကုန္ပိုင္းမွာ ေျခေခ်ာ္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လက္မတင္ေလး လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အာတီဟာ ၎ရဲ႕ လူစာရင္းကို လ်င္လ်င္ျမန္ျမန္ပဲ အင္အားျဖည့္တင္းေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိအခ်ိန္အထိ ဂါဘရီယယ္လ္ ေဂ်ဆူး၊ ေဖဘီယို ဗီယာရာ၊ မာကင္ညိဳ႕စ္နဲ႔ မတ္ တန္နာတို႔ကို ေခၚယူထားၿပီးျဖစ္ေပမယ့္လည္း စပိန္ၾကယ္ပြင့္ရဲ႕ အေျပာင္းအေ႐ႊ႕ကေတာ့ အၿပီးသတ္ႏိုင္ေသးပုံ မေပၚတာျဖစ္ပါတယ္။

The Star ရဲ႕ သတင္းအရ အာဆင္နယ္ဟာ လက္ရွိမွာ ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ အန္ဂိုလို ကြန္ေတကို အံ့အားသင့္ဖြယ္ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရၿပီး ျပင္သစ္ကြင္းလယ္ကစားသမားဟာ အာဆင္နယ္အသင္းဆီကေန ရဲတင္းတဲ့ကမ္းလွမ္းမႈေတြရဲ႕ ပစ္မွတ္ျဖစ္ႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကြန္ေတဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ရွိေတာ့သူျဖစ္ၿပီး အဲဒါေၾကာင့္ အာဆင္နယ္က လက္စတာစီးတီးၾကယ္ပြင့္ေဟာင္းကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အလြတ္နဲ႔ ဆုံးရႈံးရမယ့္အစား ယခုေႏြရာသီမွာ ေရာင္းထုတ္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ကြန္ေတဟာ ၿပီးခဲ့တဲ့ ၆ ႏွစ္စလုံးမွာ ကမာၻေပၚက အေကာင္းဆုံး ကြင္းလယ္ကစားသမားေတြထဲက တစ္ဦးဆိုတာကို သက္ေသျပသႏိုင္ခဲ့သူျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ လက္စတာစီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အန္ဂိုလို ကြန္ေတဟာ ေနာက္ႏွစ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ထပ္မံ ကိုင္ေျမႇာက္ႏိုင္ခဲ့ၿပီး အေနာက္လန္ဒန္ကလပ္အသင္းအတြက္ စုစုေပါင္း ပြဲ ၂၅၀ ေက်ာ္ ပါဝင္ကစားေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

ကြန္ေတရဲ႕ ေျခစြမ္းဟာ ၿပီးခဲ့တဲ့ရာသီမွာ အနည္းငယ္ က်ဆင္းေနခဲ့ၿပီး ေကာ္နာ ဂယ္ေလဂါ၊ ဘီလီ ဂီးလ္မိုး၊ အန္ပါဒူတို႔လို ကစားသမားေတြက ပထမအသင္းမွာ ေနရာရဖို႔ တြန္းအားေပးလုပ္ေဆာင္ေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ျပင္သစ္ကြင္းလယ္ကစားသမားကို ယခုေႏြရာသီမွာ ေရာင္းခ်ဖို႔ ေ႐ြးခ်ယ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.