Premier League Transfer News

ရော်နယ်လ်ဒိုကို ခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ ချဲလ်ဆီး

အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ပေါလ် မာဆန် ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ကနေ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူမယ်ဆိုရင် အကျိုးအမြတ် ဖြစ်လိမ့်မယ်လို့ ခံစားနေရပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ ဆက်လက် ကစားချင်တာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရောက်ရှိလာခဲ့ရင် ထွက်ခွာခွင့်ပေးဖို့ မန်ချက်စတာယူနိုက်တက်ကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နှစ်မှာ အိုးထရက်ဖို့ဒ်ကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် အဆိုးရွားဆုံးရာသီကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး နည်းပြသစ် တန်ဟက်ဂ်က ၎င်းရဲ့အစီအစဉ်ထဲမှာ ရော်နယ်လ်ဒို ပါဝင်တယ်လို့ အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုကို စိတ်ပျက်နေပြီး လာမယ့်ရာသီမှာ အဓိကဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတဲ့ ပေါ်တူဂီကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အနောက်လန်ဒန်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို အဆင့် ၃ အဖြစ်နဲ့သာ ပြီးဆုံးနိုင်ခဲ့တာဖြစ်ပြီး အင်တာမီလန်ကို အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ လူကာကူးကြောင့် အားထားရတဲ့ ဂိုးသွင်းရှင်တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပေါလ် မာဆန်က ရော်နယ်လ်ဒိုဟာ ချဲလ်ဆီးအသင်းရဲ့ သွင်းဂိုးပြဿနာအတွက် အလွန်ကောင်းမွန်တဲ့ အလောင်းအစားတစ်ခုဖြစ်တယ်လို့ Sky Sports အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ ရေးသားခဲ့ပါတယ်။ “ရော်နယ်လ်ဒိုက အခုအချိန်မှာ ဖြစ်နေတဲ့ပုံစံအရဆိုရင် အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ သူက ချန်ပီယံလိဂ်မှာပဲ ကစားချင်တယ်ဆိုတာ ကျွန်တော်တို့ ကြားခဲ့ရတယ်။ အဲဒီတော့ အပြောင်းအရွှေ့က ဖြစ်နိုင်တယ်လို့ ထင်တယ်”

“သူသာ ချဲလ်ဆီးကို သွားမယ်ဆိုရင် win-win အခြေအနေလို့ ကျွန်တော် ထင်တယ်။ ရာသီပြန်စဖို့က ၄ ပတ်၊ ၅ ပတ်လောက်ပဲ လိုတော့တာဆိုတော့ အနှေးနဲ့အမြန် ဒီကိစ္စက မြန်မြန် လုပ်ဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ကြင္းလယ္ကစားသမားေဟာင္း ေပါလ္ မာဆန္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကေန ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူမယ္ဆိုရင္ အက်ိဳးအျမတ္ ျဖစ္လိမ့္မယ္လို႔ ခံစားေနရပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပဲ ဆက္လက္ ကစားခ်င္တာေၾကာင့္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ေရာက္ရွိလာခဲ့ရင္ ထြက္ခြာခြင့္ေပးဖို႔ မန္ခ်က္စတာယူႏိုက္တက္ကို ေတာင္းဆိုခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အိုးထရက္ဖို႔ဒ္ကို စိတ္လႈပ္ရွားဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲစုံမွာ ၂၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဟာ အသင္းသမိုင္းမွာ ပထမဆုံးအႀကိမ္ အဆိုး႐ြားဆုံးရာသီကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးႏိုင္ခဲ့တာေၾကာင့္ လာမယ့္ရာသီမွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာသာ ယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး နည္းျပသစ္ တန္ဟက္ဂ္က ၎ရဲ႕အစီအစဥ္ထဲမွာ ေရာ္နယ္လ္ဒို ပါဝင္တယ္လို႔ အတည္ျပဳထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈကို စိတ္ပ်က္ေနၿပီး လာမယ့္ရာသီမွာ အဓိကဆုဖလားေတြအတြက္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိလာမွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္ေနတဲ့ ေပၚတူဂီၾကယ္ပြင့္ကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့တဲ့အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး အေနာက္လန္ဒန္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကို အဆင့္ ၃ အျဖစ္နဲ႔သာ ၿပီးဆုံးႏိုင္ခဲ့တာျဖစ္ၿပီး အင္တာမီလန္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားတဲ့ လူကာကူးေၾကာင့္ အားထားရတဲ့ ဂိုးသြင္းရွင္တစ္ဦး ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ေပါလ္ မာဆန္က ေရာ္နယ္လ္ဒိုဟာ ခ်ဲလ္ဆီးအသင္းရဲ႕ သြင္းဂိုးျပႆနာအတြက္ အလြန္ေကာင္းမြန္တဲ့ အေလာင္းအစားတစ္ခုျဖစ္တယ္လို႔ Sky Sports အတြက္ ေရးသားခဲ့တဲ့ ေကာ္လံထဲမွာ ေရးသားခဲ့ပါတယ္။ “ေရာ္နယ္လ္ဒိုက အခုအခ်ိန္မွာ ျဖစ္ေနတဲ့ပုံစံအရဆိုရင္ အသင္းကို စြန႔္ခြာဖို႔ ႀကိဳးပမ္းေကာင္း ႀကိဳးပမ္းႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ခ်န္ပီယံလိဂ္မွာပဲ ကစားခ်င္တယ္ဆိုတာ ကြၽန္ေတာ္တို႔ ၾကားခဲ့ရတယ္။ အဲဒီေတာ့ အေျပာင္းအေ႐ႊ႕က ျဖစ္ႏိုင္တယ္လို႔ ထင္တယ္”

“သူသာ ခ်ဲလ္ဆီးကို သြားမယ္ဆိုရင္ win-win အေျခအေနလို႔ ကြၽန္ေတာ္ ထင္တယ္။ ရာသီျပန္စဖို႔က ၄ ပတ္၊ ၅ ပတ္ေလာက္ပဲ လိုေတာ့တာဆိုေတာ့ အေႏွးနဲ႔အျမန္ ဒီကိစၥက ျမန္ျမန္ လုပ္ဖို႔ လိုတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.