Analysis Article Premier League

ဘိုလီလက်ထက်မှာ တိုင်ပတ်ပြီး အဝေးလွင့်ဖို့ ရှိနေတဲ့ ချဲလ်ဆီးကစားသမား ၅ ဦး

ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ် တော့ဒ် ဘိုလီအနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာကို ထုတ်ပယ်ခဲ့ပြီး သူ့ရဲ့ တာဝန်နဲ့ အခန်းကဏ္ဍကို လွှဲပြောင်းရယူခဲ့အပြီးမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ငွေသုံးသွားမယ်လို့ဆိုခဲ့တဲ့ ကတိစကားတွေက ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

ရိုမီလူ လူကာကူး၊ တီမို ဗာနာတို့ကို ခေါ်ယူအပြီးမှာ လုံလောက်တဲ့ ခြေစွမ်းမျိုး မပြနိုင်ခဲ့တာနဲ့ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားတို့ရဲ့ စစ်ပွဲဆင်နွှဲမှုတွေကြောင့် အရင်က ဖူးဖူးမှုတ်ခဲ့ကြတဲ့ ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်နဲ့ မာရီနာတို့ရဲ့ ထွက်ခွာမှုဟာ အကျယ်အကျယ်မဖြစ်ဘဲ ပြီးဆုံးသွားခဲ့ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အာဏာလွှဲပြောင်းမှုက ခပ်အေးအေးပဲဖြစ်ခဲ့တာပါ။

ကစားသမားသစ်တွေ ဝင်လာဖို့ ရှိနေပြီး လက်ရှိအချိန်အထိတော့ တစ်ဦးမှ တရားဝင် ကြေငြာနိုင်ခြင်း မရှိသေးပေမယ့် ချိန်ရွယ်နေတဲ့ ပစ်မှတ်တွေအရ ကစားသမား ၅ ဦးကတော့ ပွဲထွက်ခွင့်ကို ကြီးကြီးမားမား ထိခိုက်ဖို့ ရှိနေပြီး အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေသလို နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ပစ်ပယ်ခြင်းကိုပါ ခံရဖို့ ရှိနေခဲ့ပါတယ်။

၅။ တီမို ဗာနာ
တိုက်စစ်မှူး တီမို ဗာနာကတော့ သူ့ကို မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုးကို မဖြည့်ဆည်းနိုင်ခဲ့တာပါ။ RB လိုက်ပ်ဇစ်ကနေ ခေါ်ယူခဲ့တုန်းက သွားလေသူတွေဖြစ်ကြတဲ့ မာရီနာနဲ့ ပီတာချက်တို့ကို ဖူးဖူးမှုတ် ချီးကျူးခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ လူကာကူးလောက်မဆိုးတဲ့ ဂျင်းလို့ပဲ သတ်မှတ်ဖို့ ဖြစ်သွားခဲ့ပြီး အသင်းနဲ့ နှစ်ရာသီ ဖြတ်သန်းပြီးချိန်မှာ ဂျာမန်မြေ ပြန်ဖို့ဖြစ်လာခဲ့သလို ပရီးမီးယားလိဂ် ၅၆ ပွဲမှာ ၁၀ ဂိုးသာ ရရှိခဲ့မှုက သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်းနဲ့တော့ မျက်ရည်ကျချင်စရာကောင်းနေခဲ့တာလည်းဖြစ်ပါတယ်။

၄။ ဟာကင်းမ် ဇီးယက်ရှ်
အိုင်းယက်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)အထိ ကျသင့်ခဲ့တဲ့ မော်ရိုကိုသားဟာ ပရီးမီးယားလိဂ်ရဲ့ တောင်းဆိုမှုတွေမှာတော့ နှစ်ရာသီတိုင် ရုန်းကန်နေခဲ့ရပါတယ်။ ဇီးယက်ရှ်ရဲ့ သွယ်လျလွန်းတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံက ပြိုင်ဘက်တွေရဲ့ အင်အားသုံး ဖိနှိပ်မှုတွေမှာ အခက်အခဲဖြစ်စေပြီး သူ့ဆီကနေ သွင်းဂိုးတွေ မမျှော်လင့်ကြပေမယ့် ဖန်တီးမှုတွေကို အလိုရှိနေချိန်မှာ နှစ်ရာသီအတွင်း ၁၀ ဂိုးသာ ထောက်ပံ့ပေးခဲ့တာက ပြောင်းလဲချိန်တန်ပြီလို့ ဆိုစရာပါ။ တောင်ပံသမားတွေ ခေါ်ယူဦးမယ့် ချဲလ်ဆီးအတွက်တော့ သူ့ကို အေစီမီလန်ဆီ ကနဦး အငှားနဲ့ ရှင်းထုတ်သွားဖို့ များနေပါတယ်။

၃။ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်း
တူဟယ်လ်တစ်ယောက် ဘယ်လောက်ပဲ ပုံပြောကောင်းကောင်း မောင်ချို(CHO)ရဲ့ အခန်းကဏ္ဍက ပြီးခဲ့တဲ့ရာသီမှာ အရန်ထက်တော့ မပိုခဲ့တာပါ။ ဗာနာရဲ့ ခြေစွမ်းလေး နည်းနည်းလောက် ပြန်ကောင်းလာတာနဲ့ အရန်ခုံရောက်ခဲ့ရတဲ့ ဂါနာနွယ်ဖွား အင်္ဂလိပ် တောင်ပံကစားသမားဟာ Inside Forward Style အတွင်းဝင် ကစားမှုတွေမှာ အလုပ်ဖြစ်မှုနည်းတာက လက်ရှိ ၃-၄-၃ ကစားကွက်မှာ ဘေးရောက်စေခဲ့တာလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နီးစပ်ခဲ့ဖူးချိန်မှာ အတင်းတားဆီးပြီးမှ အရန်ခုံပို့ထားခဲ့တဲ့ ချဲလ်ဆီးတို့ရဲ့ လုပ်ရပ် ဟဒ်ဆန်-အိုဒွိုင်းအတွက်တော့ စိတ်ပျက်စရာဖြစ်စေခဲ့ပြီး ဒီရာသီမှာတော့ အနည်းဆုံး အငှားထွက်ဖို့ ဖြစ်လာနိုင်တာပါ။

၂။ ခရစ္စတီယန် ပူလီရှစ်ချ်
ချဲလ်ဆီးတို့ရဲ့ ချန်ပီယံလိဂ်အောင်ပွဲမှာ ဒီဖလားကို ကိုင်မြှောက်ဖူးတဲ့ ပထမဆုံး အမေရိကန်သားဖြစ်လာတဲ့ ပူလီရှစ်ချ်ဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ Wing Back လိုလို တောင်ပံတိုက်စစ်လိုလို တိုက်စစ်မှူးနောက်က Link Man လိုလိုနဲ့ ဒုက္ခရောက်နေခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးတို့အနေနဲ့ ဂျူဗင်တပ်စ်နောက်ခံလူ မက်သိုက်စ် ဒီလစ်ချ်ကို ခေါ်ယူရာမှာ သူ့ကို အလိုက်ပေးသွားဖို့ စီစဉ်နေပြီး ဒီဆွေးနွေးမှုသာ အပြုသဘောဆောင်ခဲ့ရင် ဒတ်ချ်လက်ရွေးစင်အတွက် ဘိုလီ့အိတ်ထဲက ပေါင်သန်းအနည်းငယ်သာ ကုန်ကျဖို့ ရှိနေတာကြောင့် အသင်းမှာ ပိုလျှံကစားသမားဖြစ်လာနိုင်တဲ့ ပူလီရှစ်ချ်ကို အကောင်းဆုံး အသုံးချမှုလည်းဖြစ်လာနိုင်တာပါ။

၁။ ဂျော်ဂျင်ညို
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦး၊ ဥရောပရဲ့ အလင်းလက်ဆုံး ကြယ်ပွင့်တစ်ဦးဖြစ်နေခဲ့ပေမယ့် အီတလီနဲ့ ပင်နယ်တီသုံးလုံးလွဲပြီး ခြေစစ်ပွဲမအောင်စေတာကတော့ သူ့အတွက် ဇာတာကျစေခဲ့ပါတယ်။ ဘရာဇီးလ်နွယ်ဖွား ဂျော်ဂျင်ညိုအနေနဲ့ လုပ်အားနှုန်းကို ပိုမိုအလိုရှိတဲ့ တူဟယ်လ်ရဲ့ ကွင်းလယ်မှာ အန်ဂိုလို ကွန်တေ၊ မက်တီယို ကိုဗာချစ်တို့ရဲ့ ပွဲထွက်နေရာကို လုယူမှုကြောင့် ကစားခွင့်လျော့ကျလာခဲ့ပြီး လာမယ့် ဒီဇင်ဘာမှာ အသက် ၃၁ နှစ် ပြည့်မြောက်တော့မယ့်အဖြစ်ကလည်း သူ့ကို ရှင်းထုတ်ဖို့ စဉ်းစားလာစေခဲ့တာပါ။

ဘယ်လွန်ဒေါဆုနဲ့ လွဲချော်ခဲ့ရတဲ့ ဂျော်ဂျင်ညိုအနေနဲ့ ပရီးမီးယားလိဂ်ကနေ စီးရီးအေကို ပြန်ဖို့ပဲ များနေပြီး ဂျူဗင်တပ်စ်နဲ့ လာဇီယိုတို့က စိတ်ဝင်စားနေခဲ့လို့ တူဟယ်လ်နဲ့ ဘိုလီတို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ဝေးလွင့်သွားမယ့် ကစားသမား ၅ ဦးစာရင်းမှာ ပါဝင်နေခဲ့တာဖြစ်ပြီး ကစားသမားသစ်တွေ စတင်ရောက်ရှိလာတာနဲ့ ရုံခါရှင်းလင်းရေးလည်း စတင်တော့မှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းရဲ႕ ပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီအေနနဲ႔ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကားယာကို ထုတ္ပယ္ခဲ့ၿပီး သူ႔ရဲ႕ တာဝန္နဲ႔ အခန္းက႑ကို လႊဲေျပာင္းရယူခဲ့အၿပီးမွာ ကစားသမားသစ္ေတြ ေခၚယူဖို႔ ေငြသုံးသြားမယ္လို႔ဆိုခဲ့တဲ့ ကတိစကားေတြက ပရိသတ္ေတြအတြက္ေတာ့ စိတ္ေက်နပ္စရာျဖစ္ခဲ့ပါတယ္။

႐ိုမီလူ လူကာကူး၊ တီမို ဗာနာတို႔ကို ေခၚယူအၿပီးမွာ လုံေလာက္တဲ့ ေျခစြမ္းမ်ိဳး မျပႏိုင္ခဲ့တာနဲ႔ ယူကရိန္းကို က်ဴးေက်ာ္ခဲ့တဲ့ ႐ုရွားတို႔ရဲ႕ စစ္ပြဲဆင္ႏႊဲမႈေတြေၾကာင့္ အရင္က ဖူးဖူးမႈတ္ခဲ့ၾကတဲ့ ပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္နဲ႔ မာရီနာတို႔ရဲ႕ ထြက္ခြာမႈဟာ အက်ယ္အက်ယ္မျဖစ္ဘဲ ၿပီးဆုံးသြားခဲ့ၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ အာဏာလႊဲေျပာင္းမႈက ခပ္ေအးေအးပဲျဖစ္ခဲ့တာပါ။

ကစားသမားသစ္ေတြ ဝင္လာဖို႔ ရွိေနၿပီး လက္ရွိအခ်ိန္အထိေတာ့ တစ္ဦးမွ တရားဝင္ ေၾကျငာႏိုင္ျခင္း မရွိေသးေပမယ့္ ခ်ိန္႐ြယ္ေနတဲ့ ပစ္မွတ္ေတြအရ ကစားသမား ၅ ဦးကေတာ့ ပြဲထြက္ခြင့္ကို ႀကီးႀကီးမားမား ထိခိုက္ဖို႔ ရွိေနၿပီး အသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနသလို နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ပစ္ပယ္ျခင္းကိုပါ ခံရဖို႔ ရွိေနခဲ့ပါတယ္။

၅။ တီမို ဗာနာ
တိုက္စစ္မႉး တီမို ဗာနာကေတာ့ သူ႔ကို ေမွ်ာ္လင့္ထားတဲ့ ေျခစြမ္းမ်ိဳးကို မျဖည့္ဆည္းႏိုင္ခဲ့တာပါ။ RB လိုက္ပ္ဇစ္ကေန ေခၚယူခဲ့တုန္းက သြားေလသူေတြျဖစ္ၾကတဲ့ မာရီနာနဲ႔ ပီတာခ်က္တို႔ကို ဖူးဖူးမႈတ္ ခ်ီးက်ဴးခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ လူကာကူးေလာက္မဆိုးတဲ့ ဂ်င္းလို႔ပဲ သတ္မွတ္ဖို႔ ျဖစ္သြားခဲ့ၿပီး အသင္းနဲ႔ ႏွစ္ရာသီ ျဖတ္သန္းၿပီးခ်ိန္မွာ ဂ်ာမန္ေျမ ျပန္ဖို႔ျဖစ္လာခဲ့သလို ပရီးမီးယားလိဂ္ ၅၆ ပြဲမွာ ၁၀ ဂိုးသာ ရရွိခဲ့မႈက သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၇.၅ သန္းနဲ႔ေတာ့ မ်က္ရည္က်ခ်င္စရာေကာင္းေနခဲ့တာလည္းျဖစ္ပါတယ္။

၄။ ဟာကင္းမ္ ဇီးယက္ရွ္
အိုင္းယက္စ္အသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၄၀ (ေပါင္ ၃၄ သန္း)အထိ က်သင့္ခဲ့တဲ့ ေမာ္႐ိုကိုသားဟာ ပရီးမီးယားလိဂ္ရဲ႕ ေတာင္းဆိုမႈေတြမွာေတာ့ ႏွစ္ရာသီတိုင္ ႐ုန္းကန္ေနခဲ့ရပါတယ္။ ဇီးယက္ရွ္ရဲ႕ သြယ္လ်လြန္းတဲ့ ခႏၶာကိုယ္တည္ေဆာက္ပုံက ၿပိဳင္ဘက္ေတြရဲ႕ အင္အားသုံး ဖိႏွိပ္မႈေတြမွာ အခက္အခဲျဖစ္ေစၿပီး သူ႔ဆီကေန သြင္းဂိုးေတြ မေမွ်ာ္လင့္ၾကေပမယ့္ ဖန္တီးမႈေတြကို အလိုရွိေနခ်ိန္မွာ ႏွစ္ရာသီအတြင္း ၁၀ ဂိုးသာ ေထာက္ပံ့ေပးခဲ့တာက ေျပာင္းလဲခ်ိန္တန္ၿပီလို႔ ဆိုစရာပါ။ ေတာင္ပံသမားေတြ ေခၚယူဦးမယ့္ ခ်ဲလ္ဆီးအတြက္ေတာ့ သူ႔ကို ေအစီမီလန္ဆီ ကနဦး အငွားနဲ႔ ရွင္းထုတ္သြားဖို႔ မ်ားေနပါတယ္။

၃။ ကယ္လမ္ ဟဒ္ဆန္-အိုဒြိဳင္း
တူဟယ္လ္တစ္ေယာက္ ဘယ္ေလာက္ပဲ ပုံေျပာေကာင္းေကာင္း ေမာင္ခ်ိဳ(CHO)ရဲ႕ အခန္းက႑က ၿပီးခဲ့တဲ့ရာသီမွာ အရန္ထက္ေတာ့ မပိုခဲ့တာပါ။ ဗာနာရဲ႕ ေျခစြမ္းေလး နည္းနည္းေလာက္ ျပန္ေကာင္းလာတာနဲ႔ အရန္ခုံေရာက္ခဲ့ရတဲ့ ဂါနာႏြယ္ဖြား အဂၤလိပ္ ေတာင္ပံကစားသမားဟာ Inside Forward Style အတြင္းဝင္ ကစားမႈေတြမွာ အလုပ္ျဖစ္မႈနည္းတာက လက္ရွိ ၃-၄-၃ ကစားကြက္မွာ ေဘးေရာက္ေစခဲ့တာလည္းျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ နီးစပ္ခဲ့ဖူးခ်ိန္မွာ အတင္းတားဆီးၿပီးမွ အရန္ခုံပို႔ထားခဲ့တဲ့ ခ်ဲလ္ဆီးတို႔ရဲ႕ လုပ္ရပ္ ဟဒ္ဆန္-အိုဒြိဳင္းအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ေစခဲ့ၿပီး ဒီရာသီမွာေတာ့ အနည္းဆုံး အငွားထြက္ဖို႔ ျဖစ္လာႏိုင္တာပါ။

၂။ ခရစၥတီယန္ ပူလီရွစ္ခ်္
ခ်ဲလ္ဆီးတို႔ရဲ႕ ခ်န္ပီယံလိဂ္ေအာင္ပြဲမွာ ဒီဖလားကို ကိုင္ေျမႇာက္ဖူးတဲ့ ပထမဆုံး အေမရိကန္သားျဖစ္လာတဲ့ ပူလီရွစ္ခ်္ဟာ ၿပီးခဲ့တဲ့ ရာသီမွာေတာ့ Wing Back လိုလို ေတာင္ပံတိုက္စစ္လိုလို တိုက္စစ္မႉးေနာက္က Link Man လိုလိုနဲ႔ ဒုကၡေရာက္ေနခဲ့သူျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ မက္သိုက္စ္ ဒီလစ္ခ်္ကို ေခၚယူရာမွာ သူ႔ကို အလိုက္ေပးသြားဖို႔ စီစဥ္ေနၿပီး ဒီေဆြးေႏြးမႈသာ အျပဳသေဘာေဆာင္ခဲ့ရင္ ဒတ္ခ်္လက္ေ႐ြးစင္အတြက္ ဘိုလီ့အိတ္ထဲက ေပါင္သန္းအနည္းငယ္သာ ကုန္က်ဖို႔ ရွိေနတာေၾကာင့္ အသင္းမွာ ပိုလွ်ံကစားသမားျဖစ္လာႏိုင္တဲ့ ပူလီရွစ္ခ်္ကို အေကာင္းဆုံး အသုံးခ်မႈလည္းျဖစ္လာႏိုင္တာပါ။

၁။ ေဂ်ာ္ဂ်င္ညိဳ
ကမာၻ႔အေကာင္းဆုံးကြင္းလယ္လူတစ္ဦး၊ ဥေရာပရဲ႕ အလင္းလက္ဆုံး ၾကယ္ပြင့္တစ္ဦးျဖစ္ေနခဲ့ေပမယ့္ အီတလီနဲ႔ ပင္နယ္တီသုံးလုံးလြဲၿပီး ေျခစစ္ပြဲမေအာင္ေစတာကေတာ့ သူ႔အတြက္ ဇာတာက်ေစခဲ့ပါတယ္။ ဘရာဇီးလ္ႏြယ္ဖြား ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ လုပ္အားႏႈန္းကို ပိုမိုအလိုရွိတဲ့ တူဟယ္လ္ရဲ႕ ကြင္းလယ္မွာ အန္ဂိုလို ကြန္ေတ၊ မက္တီယို ကိုဗာခ်စ္တို႔ရဲ႕ ပြဲထြက္ေနရာကို လုယူမႈေၾကာင့္ ကစားခြင့္ေလ်ာ့က်လာခဲ့ၿပီး လာမယ့္ ဒီဇင္ဘာမွာ အသက္ ၃၁ ႏွစ္ ျပည့္ေျမာက္ေတာ့မယ့္အျဖစ္ကလည္း သူ႔ကို ရွင္းထုတ္ဖို႔ စဥ္းစားလာေစခဲ့တာပါ။

ဘယ္လြန္ေဒါဆုနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ပရီးမီးယားလိဂ္ကေန စီးရီးေအကို ျပန္ဖို႔ပဲ မ်ားေနၿပီး ဂ်ဴဗင္တပ္စ္နဲ႔ လာဇီယိုတို႔က စိတ္ဝင္စားေနခဲ့လို႔ တူဟယ္လ္နဲ႔ ဘိုလီတို႔ရဲ႕ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္မွာ ေဝးလြင့္သြားမယ့္ ကစားသမား ၅ ဦးစာရင္းမွာ ပါဝင္ေနခဲ့တာျဖစ္ၿပီး ကစားသမားသစ္ေတြ စတင္ေရာက္ရွိလာတာနဲ႔ ႐ုံခါရွင္းလင္းေရးလည္း စတင္ေတာ့မွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.