Premier League Transfer News

ဂျေဆူးစ်ကို ရအပြီးမှာ ကွင်းလယ်ပစ်မှတ်နှစ်ဦးကို ကမ်းလှမ်းလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးသစ် ဂါဘရီယယ်လ် ဂျေဆူးစ်ကို မန်ချက်စတာစီးတီးကနေ ခေါ်ယူနိုင်ခဲ့အပြီးမှာ သူတို့ရဲ့ လူပြောများနေပြီး သောမတ်စ် ပါတေးကလွဲရင် အလုပ်မဖြစ်တဲ့ ကွင်းလယ်ပိုင်းအတွက် အင်အား ဖြည့်တင်းဖို့ ကစားသမားခေါ်ယူမှုနှစ်ခုကို ချိတ်ဆက်ကမ်းလှမ်းခဲ့သလို စီးရီးအေဘက်ကနေ ငွေကြေးအမြောက်အမြား သုံးစွဲခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

အီတလီဘက်က လာတဲ့ သတင်းတွေအရတော့ အာဆင်နယ်တို့အနေနဲ့ လာဇီယိုကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို ဒီရာသီ ပြုပြင်ပြောင်းလဲရေးတွေမှာ ဒုတိယမြောက် နာမည်ကြီးကစားသမား ခေါ်ယူမှုအဖြစ် ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပြီး သူ့ရဲ့ နည်းပြ မော်ရီဇီယို ဆာရီကတော့ သဘောမကျဖြစ်နေတယ်လို့လည်း ဆိုတာပါ။

ဂန်းနားတွေအနေနဲ့ သူ့နည်းပြက အသင်းဟောင်း ချဲလ်ဆီးနဲ့ ပိုမိုကိုက်ညီမယ်လို့ ဆိုထားတဲ့ ဆားဘီးယားလက်ရွေးစင်အတွက် ယူရိုသန်း ၅၀ (ပေါင် ၄၃ သန်း)နဲ့ စတင်ကမ်းလှမ်းခဲ့ပြီး ခံစားခွင့်တွေအရ နောက်ထပ် ယူရို ၅ သန်း (ပေါင် ၄.၃)သန်း ထပ်ဆောင်းပေးထားသလို လာဇီယိုက ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ကစားသမားကြောင့် အပြောင်းအရွှေ့က ဖြစ်မြောက်လာနိုင်တာပါ။

စပိန်နိုင်ငံမှာ မွေးဖွားခဲ့လို့ အဖေအမေနာမည်နှစ်ခုတွဲပြီး မှည့်ခေါ်ခဲ့ရတဲ့ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ အေးဂျင့်အဖြစ်တော့ ပီအက်စ်ဗီနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း မက်တီယာ ကက်ဇ်မန်းက ဆောင်ရွက်နေပြီး ကစားသမားရဲ့ ကွင်းလယ်ကို ထိန်းချုပ်နိုင်စွမ်းနဲ့ အတွေ့အကြုံအရ ဘယ်အသင်းမှာမဆို အံဝင်နိုင်ချိန်မှာ လာဇီယိုနည်းပြ ဆာရီကတော့ ချဲလ်ဆီးရဲ့ ရူဘင် လော့ဖ်တပ်စ်-ချိခ်ကို အလိုရှိနေတာကြောင့် အာဆင်နယ်ကို ကန့်ကွက်နေတာလည်း ဖြစ်ပါတယ်။

ကွင်းလယ်မှာ တိုက်စစ်ရော ခံစစ်ပါ နေရာစုံ ကစားနိုင်သလို လာဇီယိုမှာ တစ်ပတ်လုပ်ခ ပေါင်ကိုးသောင်းခွဲ ရရှိနေတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ အီတလီကလပ်အတွက် ပြိုင်ပွဲစုံ ၃၃၄ ပွဲမှာ ၆၇ ဂိုးသွင်း ၅၃ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပြီး ဆားဘီးယားလက်ရွေးစင်အသင်းအတွက်တော့ ၃၄ ပွဲကစား ၆ ဂိုးသွင်း ၇ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ နောက်ထပ် ကွင်းလယ်ခေါ်မှုအဖြစ် လက်စတာစီးတီးအသင်းရဲ့ ယူရီ တီးလီးမန်းစ်ဘက်ကိုလည်း ဖိဖိစီးစီး ဆွေးနွေးဖို့ လုပ်ဆောင်နေပြီး ပေါင် ၂၅ သန်းနဲ့ ရရှိနိုင်ဖို့ ကြိုးစားနေသလို ကစားသမားရဲ့ တစ်နှစ်သာ ကျန်ရှိတော့တဲ့ စာချုပ်သက်တမ်းကြောင့် ဒီထက် ပိုပေးဖို့တော့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယမ်လက်ရွေးစင်ဟာ ကင်းပါဝါ စတေဒီယမ်မှာ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနှစ်သောင်း ရရှိနေတာဖြစ်ပြီး မြေခွေးတွေနဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း ဆန္ဒမရှိတော့ချိန်မှာ အာဆင်နယ်တို့အနေနဲ့ လုပ်ခလစာ ပိုပေးပြီး စည်းရုံးထားမှုကြောင့် သူ့ရဲ့ ဆန္ဒက အမ်းမရိတ်ကွင်းမှာ ကစားဖို့ဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ထိပါးမှုကနေလည်း ကာကွယ်နိုင်ဖို့ ရှိနေတာပါ။

ဂန်းနားတွေအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ ၆ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးထားနိုင်ခဲ့တဲ့ တီးလီးမန်းစ်ကို ကွင်းလယ်မှာ သောမတ်စ် ပါတေးနဲ့ တွဲဖက်ပေးဖို့ ဆန္ဒရှိနေပြီး ပရိသတ်တွေကလည်း သူ့ကို အလိုရှိနေသလို လေးလံတဲ့ ဂရာနစ် ချာကာအစား လုပ်အားနှုန်းကောင်းတဲ့ ဘယ်လ်ဂျီယမ်+ဂါနာ အတွဲကို မြင်တွေ့လိုနေကြတာဖြစ်ပါတယ်။

လက်စတာတို့အနေနဲ့ ဒီထက် ဈေးပိုမရနိုင်တော့တဲ့ ကွင်းလယ်လူအတွက် ကြာရှည်တောင့်ခံဖို့တော့ မဖြစ်နိုင်ဘူးလို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး အာဆင်နယ်ဘက်ကတော့ ဒီရာသီ မစတင်ခင်မှာ ခေါ်ယူသွားနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် ဂါဘရီယယ်လ် ဂျေဆူးစ်အပြီးမှာ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်နဲ့ တီးလီးမန်းစ် ဘယ်သူက အကောင်အထည်ပေါ်လာမလဲ စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္မႉးသစ္ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို မန္ခ်က္စတာစီးတီးကေန ေခၚယူႏိုင္ခဲ့အၿပီးမွာ သူတို႔ရဲ႕ လူေျပာမ်ားေနၿပီး ေသာမတ္စ္ ပါေတးကလြဲရင္ အလုပ္မျဖစ္တဲ့ ကြင္းလယ္ပိုင္းအတြက္ အင္အား ျဖည့္တင္းဖို႔ ကစားသမားေခၚယူမႈႏွစ္ခုကို ခ်ိတ္ဆက္ကမ္းလွမ္းခဲ့သလို စီးရီးေအဘက္ကေန ေငြေၾကးအေျမာက္အျမား သုံးစြဲေခၚယူဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

အီတလီဘက္က လာတဲ့ သတင္းေတြအရေတာ့ အာဆင္နယ္တို႔အေနနဲ႔ လာဇီယိုကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ကို ဒီရာသီ ျပဳျပင္ေျပာင္းလဲေရးေတြမွာ ဒုတိယေျမာက္ နာမည္ႀကီးကစားသမား ေခၚယူမႈအျဖစ္ ေပါင္သန္း ၅၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ ဆိုၿပီး သူ႔ရဲ႕ နည္းျပ ေမာ္ရီဇီယို ဆာရီကေတာ့ သေဘာမက်ျဖစ္ေနတယ္လို႔လည္း ဆိုတာပါ။

ဂန္းနားေတြအေနနဲ႔ သူ႔နည္းျပက အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ပိုမိုကိုက္ညီမယ္လို႔ ဆိုထားတဲ့ ဆားဘီးယားလက္ေ႐ြးစင္အတြက္ ယူ႐ိုသန္း ၅၀ (ေပါင္ ၄၃ သန္း)နဲ႔ စတင္ကမ္းလွမ္းခဲ့ၿပီး ခံစားခြင့္ေတြအရ ေနာက္ထပ္ ယူ႐ို ၅ သန္း (ေပါင္ ၄.၃)သန္း ထပ္ေဆာင္းေပးထားသလို လာဇီယိုက ထြက္ခြာဖို႔ ဆႏၵရွိေနတဲ့ ကစားသမားေၾကာင့္ အေျပာင္းအေ႐ႊ႕က ျဖစ္ေျမာက္လာႏိုင္တာပါ။

စပိန္ႏိုင္ငံမွာ ေမြးဖြားခဲ့လို႔ အေဖအေမနာမည္ႏွစ္ခုတြဲၿပီး မွည့္ေခၚခဲ့ရတဲ့ မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ရဲ႕ ေအးဂ်င့္အျဖစ္ေတာ့ ပီအက္စ္ဗီနဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း မက္တီယာ ကက္ဇ္မန္းက ေဆာင္႐ြက္ေနၿပီး ကစားသမားရဲ႕ ကြင္းလယ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းနဲ႔ အေတြ႕အႀကဳံအရ ဘယ္အသင္းမွာမဆို အံဝင္ႏိုင္ခ်ိန္မွာ လာဇီယိုနည္းျပ ဆာရီကေတာ့ ခ်ဲလ္ဆီးရဲ႕ ႐ူဘင္ ေလာ့ဖ္တပ္စ္-ခ်ိခ္ကို အလိုရွိေနတာေၾကာင့္ အာဆင္နယ္ကို ကန႔္ကြက္ေနတာလည္း ျဖစ္ပါတယ္။

ကြင္းလယ္မွာ တိုက္စစ္ေရာ ခံစစ္ပါ ေနရာစုံ ကစားႏိုင္သလို လာဇီယိုမွာ တစ္ပတ္လုပ္ခ ေပါင္ကိုးေသာင္းခြဲ ရရွိေနတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ အီတလီကလပ္အတြက္ ၿပိဳင္ပြဲစုံ ၃၃၄ ပြဲမွာ ၆၇ ဂိုးသြင္း ၅၃ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့ၿပီး ဆားဘီးယားလက္ေ႐ြးစင္အသင္းအတြက္ေတာ့ ၃၄ ပြဲကစား ၆ ဂိုးသြင္း ၇ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ေနာက္ထပ္ ကြင္းလယ္ေခၚမႈအျဖစ္ လက္စတာစီးတီးအသင္းရဲ႕ ယူရီ တီးလီးမန္းစ္ဘက္ကိုလည္း ဖိဖိစီးစီး ေဆြးေႏြးဖို႔ လုပ္ေဆာင္ေနၿပီး ေပါင္ ၂၅ သန္းနဲ႔ ရရွိႏိုင္ဖို႔ ႀကိဳးစားေနသလို ကစားသမားရဲ႕ တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ စာခ်ဳပ္သက္တမ္းေၾကာင့္ ဒီထက္ ပိုေပးဖို႔ေတာ့ ဆႏၵမရွိဘူးလို႔ ဆိုပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္ဟာ ကင္းပါဝါ စေတဒီယမ္မွာ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းႏွစ္ေသာင္း ရရွိေနတာျဖစ္ၿပီး ေျမေခြးေတြနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔လည္း ဆႏၵမရွိေတာ့ခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ လုပ္ခလစာ ပိုေပးၿပီး စည္း႐ုံးထားမႈေၾကာင့္ သူ႔ရဲ႕ ဆႏၵက အမ္းမရိတ္ကြင္းမွာ ကစားဖို႔ျဖစ္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ထိပါးမႈကေနလည္း ကာကြယ္ႏိုင္ဖို႔ ရွိေနတာပါ။

ဂန္းနားေတြအေနနဲ႔ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီမွာ ၆ ဂိုးသြင္းၿပီး ၄ ဂိုးဖန္တီးထားႏိုင္ခဲ့တဲ့ တီးလီးမန္းစ္ကို ကြင္းလယ္မွာ ေသာမတ္စ္ ပါေတးနဲ႔ တြဲဖက္ေပးဖို႔ ဆႏၵရွိေနၿပီး ပရိသတ္ေတြကလည္း သူ႔ကို အလိုရွိေနသလို ေလးလံတဲ့ ဂရာနစ္ ခ်ာကာအစား လုပ္အားႏႈန္းေကာင္းတဲ့ ဘယ္လ္ဂ်ီယမ္+ဂါနာ အတြဲကို ျမင္ေတြ႕လိုေနၾကတာျဖစ္ပါတယ္။

လက္စတာတို႔အေနနဲ႔ ဒီထက္ ေဈးပိုမရႏိုင္ေတာ့တဲ့ ကြင္းလယ္လူအတြက္ ၾကာရွည္ေတာင့္ခံဖို႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကၿပီး အာဆင္နယ္ဘက္ကေတာ့ ဒီရာသီ မစတင္ခင္မွာ ေခၚယူသြားႏိုင္ဖို႔ ပစ္မွတ္ထားေနတာေၾကာင့္ ဂါဘရီယယ္လ္ ေဂ်ဆူးစ္အၿပီးမွာ မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္နဲ႔ တီးလီးမန္းစ္ ဘယ္သူက အေကာင္အထည္ေပၚလာမလဲ ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.