Premier League

စာချုပ်သစ်ကြောင့် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လစာအမြင့်ဆုံးကစားသမားဖြစ်လာတဲ့ ဆာလား

မိုဟာမက် ဆာလားဟာ လီဗာပူးလအသင်းနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၄၀၀၀၀၀ တန်ကြေးရှိတဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် အသင်းသမိုင်းတလျှောက်မှာ လစာအမြင့်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ သောကြာနေ့ညနေမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေအားလုံးကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဆာလားရဲ့ အရင်တစ်ခေါက် ချုပ်ဆိုထားတဲ့စာချုပ်ဟာ လာမယ့်နှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာကို စိုးရိမ်ပူပင်မှုတွေ ရှိခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ မိုဟာမက် ဆာလားရဲ့အေးဂျင့်တို့ကြား ပြောဆိုဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရပ်တန့်သွားခဲ့ပေမယ့် အီဂျစ်လက်ရွေးစင်ကြယ်ပွင့်က အန်းဖီးမှာ ဆက်နေဖို့နဲ့ပတ်သက်ပြီး အကောင်းမြင်နေခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရိုးမားကနေ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဆာလားဟာ လီဗာပူးလ်အတွက် ၂၅၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၅၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ကာရာဘောင်းဖလား၊ အက်ဖ်အေဖလားတို့ကို ရရှိခဲ့တာဖြစ်ပါတယ်။

အန်းဖီးမှာ အရင်တုန်းက ဗန်ဒိုက်က လစာအမြင့်ဆုံးကစားသမားဖြစ်ခဲ့တယ်လို့ ယုံကြည်ရပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် တစ်ပတ်လုပ်ခလစာ ပေါင် ၂၂၀၀၀၀ ရရှိနေခဲ့တာဖြစ်ပါတယ်။ ဆာလားရဲ့ စာချုပ်သစ်က အဲဒီ ပမာဏထက်ကို များစွာ မြင့်မားနေခဲ့ပြီး အီဂျစ်ကြယ်ပွင့်တိုက်စစ်မှူးဟာ ယာဂန် ကလော့ပ်ရဲ့အသင်းအတွက် ဘယ်လောက်အထိတောင် အရေးပါလဲဆိုတာကို မြင်သာစေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်ဟာ လက်ရှိမှာတော့ ရာသီကြိုခရီးစဉ်မတိုင်ခင် အပန်းဖြေ အနားယူနေတာဖြစ်ပေမယ့်လည်း အသင်းအတွက် ပြန်လည် ပါဝင်ကစားပေးနိုင်ဖို့ ခဲယဉ်းနေတာဖြစ်ပါတယ်။

“စာချုပ်သစ် ချုပ်ဖို့ အချိန်နည်းနည်းတော့ ယူခဲ့ရတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အခု အရာအားလုံး ပြီးသွားပါပြီ။ အဲဒီတော့ ကျွန်တော်တို့ ရှေ့လာမယ့်ဟာတွေကိုပဲ အာရုံစိုက်ဖို့ လိုပါတော့တယ်။ အသင်းက လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်အတွင်းမှာ အပေါ်ကိုပဲ အမြဲတမ်း တက်နေတာကို ခင်ဗျားမြင်နိုင်မယ်လို့ ကျွန်တော် ထင်တယ်”

“ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ ဖလား ၄ လုံးရရှိဖို့ နီးစပ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ရာသီရဲ့ နောက်ဆုံးအပတ်မှာ ကျွန်တော်တို့ ဖလား ၂ လုံး ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်တို့မှာ ကစားသမားသစ် ခေါ်ယူမှုတွေည်း ရှိပါတယ်။ ကျွန်တော်တို့ ဆက်ကြိုးစားသွားဖို့ လိုအပ်ပြီး ကောင်းမွန်တဲ့ ရည်မှန်းချက်ရှိရမယ်။ အကောင်းမြင်ရမှာဖြစ်ပြီး နောက်ထပ်တစ်ကြိမ် အရာအားလုံးအတွက် တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မိုဟာမက် ဆာလားဟာ လီဗာပူးလ်နဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ်သစ်ကြောင့် ကမ္ဘာပေါ်မှာ စတုတ္ထမြောက်လစာအမြင့်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး လစာအမြင့်ဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံး ၃ နေရာကို ပီအက်စ်ဂျီကြယ်ပွင့်တွေက သိမ်းပိုက်ထားကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပြီးခဲ့တဲ့လမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်အရ တစ်ပတ်လုပ်ခလစာ ပေါင် ၁၀ သိန်းအထိ တိုးမြင့် ရရှိခဲ့ပြီး လီယွန်နယ် မက်ဆီက ပေါင် ၉၆၀၀၀၀၊ နေမာက ပေါင် ၆၀၆၀၀၀ ရရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ ဆာလားဟာ လီဗာပူးလအသင္းနဲ႔ တစ္ပတ္လုပ္ခလစာ ေပါင္ ၄၀၀၀၀၀ တန္ေၾကးရွိတဲ့ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ အသင္းသမိုင္းတေလွ်ာက္မွာ လစာအျမင့္ဆုံးကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ေသာၾကာေန႔ညေနမွာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေကာလာဟလေတြအားလုံးကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ ဆာလားရဲ႕ အရင္တစ္ေခါက္ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ဟာ လာမယ့္ႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးကို အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရမွာကို စိုးရိမ္ပူပင္မႈေတြ ရွိခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ မိုဟာမက္ ဆာလားရဲ႕ေအးဂ်င့္တို႔ၾကား ေျပာဆိုေဆြးေႏြးမႈေတြဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ရပ္တန႔္သြားခဲ့ေပမယ့္ အီဂ်စ္လက္ေ႐ြးစင္ၾကယ္ပြင့္က အန္းဖီးမွာ ဆက္ေနဖို႔နဲ႔ပတ္သက္ၿပီး အေကာင္းျမင္ေနခဲ့တာျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ႐ိုးမားကေန ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ဆာလားဟာ လီဗာပူးလ္အတြက္ ၂၅၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၅၆ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္၊ ကာရာေဘာင္းဖလား၊ အက္ဖ္ေအဖလားတို႔ကို ရရွိခဲ့တာျဖစ္ပါတယ္။

အန္းဖီးမွာ အရင္တုန္းက ဗန္ဒိုက္က လစာအျမင့္ဆုံးကစားသမားျဖစ္ခဲ့တယ္လို႔ ယုံၾကည္ရၿပီး ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ တစ္ပတ္လုပ္ခလစာ ေပါင္ ၂၂၀၀၀၀ ရရွိေနခဲ့တာျဖစ္ပါတယ္။ ဆာလားရဲ႕ စာခ်ဳပ္သစ္က အဲဒီ ပမာဏထက္ကို မ်ားစြာ ျမင့္မားေနခဲ့ၿပီး အီဂ်စ္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းအတြက္ ဘယ္ေလာက္အထိေတာင္ အေရးပါလဲဆိုတာကို ျမင္သာေစခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ၾကယ္ပြင့္ဟာ လက္ရွိမွာေတာ့ ရာသီႀကိဳခရီးစဥ္မတိုင္ခင္ အပန္းေျဖ အနားယူေနတာျဖစ္ေပမယ့္လည္း အသင္းအတြက္ ျပန္လည္ ပါဝင္ကစားေပးႏိုင္ဖို႔ ခဲယဥ္းေနတာျဖစ္ပါတယ္။

“စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ အခ်ိန္နည္းနည္းေတာ့ ယူခဲ့ရတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အခု အရာအားလုံး ၿပီးသြားပါၿပီ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေရွ႕လာမယ့္ဟာေတြကိုပဲ အာ႐ုံစိုက္ဖို႔ လိုပါေတာ့တယ္။ အသင္းက လြန္ခဲ့တဲ့ ၅ ႏွစ္၊ ၆ ႏွစ္အတြင္းမွာ အေပၚကိုပဲ အၿမဲတမ္း တက္ေနတာကို ခင္ဗ်ားျမင္ႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္”

“ၿပီးခဲ့တဲ့ရာသီမွာ ကြၽန္ေတာ္တို႔ ဖလား ၄ လုံးရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ ရာသီရဲ႕ ေနာက္ဆုံးအပတ္မွာ ကြၽန္ေတာ္တို႔ ဖလား ၂ လုံး ဆုံးရႈံးခဲ့ရတယ္။ ကြၽန္ေတာ္တို႔မွာ ကစားသမားသစ္ ေခၚယူမႈေတြည္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ ဆက္ႀကိဳးစားသြားဖို႔ လိုအပ္ၿပီး ေကာင္းမြန္တဲ့ ရည္မွန္းခ်က္ရွိရမယ္။ အေကာင္းျမင္ရမွာျဖစ္ၿပီး ေနာက္ထပ္တစ္ႀကိမ္ အရာအားလုံးအတြက္ တိုက္ပြဲဝင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မိုဟာမက္ ဆာလားဟာ လီဗာပူးလ္နဲ႔ ခ်ဳပ္ဆိုခဲ့တဲ့စာခ်ဳပ္သစ္ေၾကာင့္ ကမာၻေပၚမွာ စတုတၳေျမာက္လစာအျမင့္ဆုံးကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး လစာအျမင့္ဆုံးကစားသမားစာရင္းရဲ႕ ထိပ္ဆုံး ၃ ေနရာကို ပီအက္စ္ဂ်ီၾကယ္ပြင့္ေတြက သိမ္းပိုက္ထားၾကတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္ တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ၿပီးခဲ့တဲ့လမွာ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္သစ္အရ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၀ သိန္းအထိ တိုးျမင့္ ရရွိခဲ့ၿပီး လီယြန္နယ္ မက္ဆီက ေပါင္ ၉၆၀၀၀၀၊ ေနမာက ေပါင္ ၆၀၆၀၀၀ ရရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.