Premier League Serie A Transfer News
ဂျူဗင်တပ်ကို စွန့်ခွာပြီး ချဲလ်ဆီးကို ဘာကြောင့် ဒီလစ်ချ် ပြောင်းရွှေ့ချင်နေတာလဲ
သောမတ်စ် တူဟယ်ရဲ့ နောက်ခံကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံကို ရရှိအောင် လုပ်နိုင်စွမ်းက ဂျူဗင်တပ်နောက်ခံလူ ဒီလစ်ချ်ကို ချဲလ်ဆီးက ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ အခရာကျနေတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ နယ်သာလန် နောက်ခံကစားသမားရဲ့ နည်းပြ တူဟယ်အပေါ်မှာ လေးစားမှုကြောင့် ဂျူဗင်တပ်အသင်းနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးဖို့ ခွန်အားတွေ ရှိနေတာလို့ ထင်မြင်ရပါတယ်။ ဒီလစ်ချ်ဟာ နည်းပြ တူဟယ်လက်အောက်မှာ အလုပ်လုပ်ချင်နေတယ်လို့ နားလည်ရပြီး ဂျာမန်လူမျိုးနည်းပြဟာ ချဲလ်ဆီးမှာ ခြေစွမ်းမမှန်တဲ့ အန်တိုနီယို ရူဒီဂါကို အကောင်းဆုံးပုံစံရရှိအောင် ကူညီပေးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဒတ်ချ် နောက်ခံကစားသမားအနေနဲ့ ယခုနွေရာသီမှာ ဂျူဗင်တပ်ကို စွန့်ခွာခဲ့မယ်ဆိုရင် ချဲလ်ဆီးက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရှိနေတာဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကြီးရဲ့ တာဝန်ရှိသူတွေဟာ ဒတ်ချ်နောက်ခံလူရဲ့ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်တဲ့ဆန္ဒကို လက်ခံထားတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီလစ်ချ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုမှာ ခရစ်ရှန် ပူလီရှစ်ရော တီမို ဗာနာကိုပါ ထည့်သွင်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ယူဆရပြီး ဂျူဗင်တပ်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
ဒီလစ်ချ်ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒဟာ ဂျူဗင်တပ်ရဲ့ ပြောင်းရွှေ့ကြေးအပေါ် သဘောထားကို ပျော့ပျောင်းလာစေမယ်လို့ ထင်မြင်ရပြီး အီတလီထိပ်သီးအသင်းကြီးဟာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းရဲ့ စာချုပ်လျော်ကြေး ပေါင် ၁၀၂ သန်းလောက်အထိ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားလို့မရနိုင်ဘူးဆိုတာကို သတိပြုမိနေတာဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေဟာ အိုင်းယက်စ်အသင်းမှာ ဆယ်ကျော်သက်အရွယ်နဲ့ တောက်ပနေတဲ့အချိန်ကတည်းက ဒီလစ်ချ်ကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း အဲဒီအချိန်ကတည်းက ဒတ်ချ်နောက်ခံလူကို စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီက လွှဲပြောင်းရယူပြီးနောက်ပိုင်း စိတ်ဝင်စားနေတဲ့နေရာမှာတင် ရပ်မနေတော့ဘဲ လက်တွေ့လုပ်ဆောင်လာခဲ့တာဖြစ်ပြီး အမေရိကန်လုပ်ငန်းရှင်သူဌေးဟာ ယခုနွေရာသီမှာ တူဟယ်ရဲ့ လူစာရင်းကို ပြန်လည်ပုံသွင်းဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:သောမတ်စ် တူဟယ်ရဲ့ နောက်ခံကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံကို ရရှိအောင် လုပ်နိုင်စွမ်းက ဂျူဗင်တပ်နောက်ခံလူ ဒီလစ်ခ်ျကို ချဲလ်ဆီးက ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ အခရာကျနေတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဒတ်ခ်ျ နောက်ခံကစားသမားအနေနဲ့ ယခုနွေရာသီမှာ ဂျူဗင်တပ်ကို စွန့်ခွာခဲ့မယ်ဆိုရင် ချဲလ်ဆီးက ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရှိနေတာဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကြီးရဲ့ တာဝန်ရှိသူတွေဟာ ဒတ်ခ်ျနောက်ခံလူရဲ့ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်တဲ့ဆန္ဒကို လက်ခံထားတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဒီလစ်ခ်ျကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုမှာ ခရစ်ရှန် ပူလီရှစ်ရော တီမို ဗာနာကိုပါ ထည့်သွင်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ယူဆရပြီး ဂျူဗင်တပ်နဲ့ ပြောဆိုဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
ဒီလစ်ခ်ျရဲ့ စတမ်းဖို့ဒ် ဘရစ်ခ်ျကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒဟာ ဂျူဗင်တပ်ရဲ့ ပြောင်းရွှေ့ကြေးအပေါ် သဘောထားကို ပျော့ပျောင်းလာစေမယ်လို့ ထင်မြင်ရပြီး အီတလီထိပ်သီးအသင်းကြီးဟာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းရဲ့ စာချုပ်လျော်ကြေး ပေါင် ၁၀၂ သန်းလောက်အထိ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားလို့မရနိုင်ဘူးဆိုတာကို သတိပြုမိနေတာဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေဟာ အိုင်းယက်စ်အသင်းမှာ ဆယ်ကျော်သက်အရွယ်နဲ့ တောက်ပနေတဲ့အချိန်ကတည်းက ဒီလစ်ခ်ျကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးအသင်းကလည်း အဲဒီအချိန်ကတည်းက ဒတ်ခ်ျနောက်ခံလူကို စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.