La Liga Premier League Transfer News

လီဗာပူးလ်နဲ့သတင်းထွက်နေချိန်မှာ မှတ်ချက်ဟောင်း ပြန်လည်ဖော်ထုတ်ခြင်းခံခဲ့ရတဲ့ ရီးရဲလ်ကြယ်ပွင့်

ရီးရဲလ်မက်ဒရစ်တောင်ပံကြယ်ပွင့် အဆန်စီယိုရဲ့ လီဗာပူးလ်၊ မိုဟာမက် ဆာလားတို့နဲ့ပတ်သက်တဲ့ မှတ်ချက်ဟောင်းဟာ မာဆေးဆိုဒ်ကလပ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေချိန်မှာ ပြန်လည်ဖော်ထုတ်ခြင်းခံခဲ့ရပါတယ်။

အဆန်စီယိုဟာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အင်အားတိုးမြှင့်ချင်နေတဲ့ ယာဂန် ကလော့ပ်ဆီကနေ စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ ၂၀၁၆-၂၀၁၇ ရာသီမှာ ပရိသတ်တွေအားလုံးရှေ့ ထွက်ပေါ်လာခဲ့ပြီးနောက် ဥရောပဘောလုံးလောကမှာ ပါရမီအရှိဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့ ပုံမှန်ခြေစွမ်း ကျဆင်းနေမှုကြောင့် အသက် ၂၆ နှစ်အရွယ် တောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ခွင့်နေရာ ပျော်ဆုံးခဲ့ပြီး လက်ရှိမှာတော့ ယခုနွေရာသီမှာပဲ ရောင်းထုတ်မယ့်စာရင်းထဲ ထည့်သွင်းခံထားရပြီလို့ ပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့လိုအသင်းတွေဟာ အဆန်စီယိုကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းက လီဗာပူးလ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဧပြီလတုန်းက အဆန်စီယိုဟာ လီဗာပူးလ်နဲ့ မိုဟာမက် ဆာလားတို့ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ဖူးတာဖြစ်ပြီး “မိုဟာမက် ဆာလားက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ ဘောလုံးလောကရဲ့ ရှေ့ဆောင်ဖြစ်ခဲ့တဲ့သူပါ။ သူက လီဗာပူးလ်လို နှစ်ပေါင်းများစွာ အရမ်းကြီးမားတဲ့ဆုဖလားတွေကို အနိုင်ရရှိဖို့ တိုက်ပွဲဝင်နေခဲ့တဲ့ အံ့အားသင့်စရာအသင်းမှာ ကစားနေတာပါ”

“မိုဟာမက် ဆာလားကို အကျဉ်းချုံးပြောရရင် ထူးခြားပြီး အရမ်းကောင်းမွန်တဲ့အရည်အချင်း၊ ထူးခြားတဲ့ဝိသေသနဲ့ ကစားနိုင်တဲ့ အရမ်းကောင်းတဲ့ ဘယ်ခြေကို ပိုင်ဆိုင်ထားတဲ့ကစားသမားပါ။ သူ ပါဝင်ကစားတဲ့ပွဲစဉ်တိုင်းကို စောင့်ကြည့်ရတာက စိတ်ကျေနပ်စရာ အမြဲဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆန်စီယိုဟာ ပြီးခဲ့တဲ့ရာသီ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ သွင်းဂိုးအများဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်တောင်ပံကစားသမားဟာ လာလီဂါနဲ့ ဥရောပချန်ပီယံတွေအတါက် ၂၄၉ ပွဲ ကစားပေးခဲ့ရာမှာ ၄၉ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ကလော့ပ်အနေနဲ့ ဆာလား၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဖာမီနို၊ နူးညက်ဇ်တို့အပြင် တိုက်စစ်ကွင်းလယ်ကစားသမားတစ်ဦးပါ အင်အားဖြည့်တင်းဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်ပါတယ်။

အိုရီဂီနဲ့ မီနာမီနိုတို့ဟာ အန်းဖီးကို စွန့်ခွာသွားခဲ့ပြီဖြစ်တာကြောင့် လီဗာပူးလ်အသင်းဟာ တိုက်စစ်ပိုင်းမှာ အရည်အသွေးကောင်းမွန်တဲ့ကစားသမားတွေ ပိုမိုလိုအပ်လာတာဖြစ်ကောင်းဖြစ်နိုင်ပြီး အဆန်စီယိုကို ကွင်းလယ်မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္ေတာင္ပံၾကယ္ပြင့္ အဆန္စီယိုရဲ႕ လီဗာပူးလ္၊ မိုဟာမက္ ဆာလားတို႔နဲ႔ပတ္သက္တဲ့ မွတ္ခ်က္ေဟာင္းဟာ မာေဆးဆိုဒ္ကလပ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚေနခ်ိန္မွာ ျပန္လည္ေဖာ္ထုတ္ျခင္းခံခဲ့ရပါတယ္။

အဆန္စီယိုဟာ ကြင္းလယ္နဲ႔ တိုက္စစ္ပိုင္းကို အင္အားတိုးျမႇင့္ခ်င္ေနတဲ့ ယာဂန္ ကေလာ့ပ္ဆီကေန စိတ္ဝင္စားျခင္းခံေနရတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ဟာ ၂၀၁၆-၂၀၁၇ ရာသီမွာ ပရိသတ္ေတြအားလုံးေရွ႕ ထြက္ေပၚလာခဲ့ၿပီးေနာက္ ဥေရာပေဘာလုံးေလာကမွာ ပါရမီအရွိဆုံးကစားသမားေတြထဲကတစ္ဦးျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒဏ္ရာျပႆနာေတြနဲ႔ ပုံမွန္ေျခစြမ္း က်ဆင္းေနမႈေၾကာင့္ အသက္ ၂၆ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ပြဲထြက္ခြင့္ေနရာ ေပ်ာ္ဆုံးခဲ့ၿပီး လက္ရွိမွာေတာ့ ယခုေႏြရာသီမွာပဲ ေရာင္းထုတ္မယ့္စာရင္းထဲ ထည့္သြင္းခံထားရၿပီလို႔ ေျပာဆိုမႈေတြ ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔လိုအသင္းေတြဟာ အဆန္စီယိုကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း ေခၚယူမယ့္ၿပိဳင္ပြဲထဲမွာ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့အသင္းက လီဗာပူးလ္လို႔ ဆိုရမွာျဖစ္ပါတယ္။

ဧၿပီလတုန္းက အဆန္စီယိုဟာ လီဗာပူးလ္နဲ႔ မိုဟာမက္ ဆာလားတို႔ကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ဖူးတာျဖစ္ၿပီး “မိုဟာမက္ ဆာလားက ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာ ေဘာလုံးေလာကရဲ႕ ေရွ႕ေဆာင္ျဖစ္ခဲ့တဲ့သူပါ။ သူက လီဗာပူးလ္လို ႏွစ္ေပါင္းမ်ားစြာ အရမ္းႀကီးမားတဲ့ဆုဖလားေတြကို အႏိုင္ရရွိဖို႔ တိုက္ပြဲဝင္ေနခဲ့တဲ့ အံ့အားသင့္စရာအသင္းမွာ ကစားေနတာပါ”

“မိုဟာမက္ ဆာလားကို အက်ဥ္းခ်ဳံးေျပာရရင္ ထူးျခားၿပီး အရမ္းေကာင္းမြန္တဲ့အရည္အခ်င္း၊ ထူးျခားတဲ့ဝိေသသနဲ႔ ကစားႏိုင္တဲ့ အရမ္းေကာင္းတဲ့ ဘယ္ေျခကို ပိုင္ဆိုင္ထားတဲ့ကစားသမားပါ။ သူ ပါဝင္ကစားတဲ့ပြဲစဥ္တိုင္းကို ေစာင့္ၾကည့္ရတာက စိတ္ေက်နပ္စရာ အၿမဲျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဆန္စီယိုဟာ ၿပီးခဲ့တဲ့ရာသီ ရီးရဲလ္မက္ဒရစ္အတြက္ ၿပိဳင္ပြဲစုံ ၄၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၂ ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ကစားသမားဘဝ သြင္းဂိုးအမ်ားဆုံးျဖစ္ခဲ့တာျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ လာလီဂါနဲ႔ ဥေရာပခ်န္ပီယံေတြအတါက္ ၂၄၉ ပြဲ ကစားေပးခဲ့ရာမွာ ၄၉ ဂိုးသြင္းယူထားႏိုင္ခဲ့ၿပီး ကေလာ့ပ္အေနနဲ႔ ဆာလား၊ ဂ်ိဳတာ၊ ဒီယက္ဇ္၊ ဖာမီႏို၊ ႏူးညက္ဇ္တို႔အျပင္ တိုက္စစ္ကြင္းလယ္ကစားသမားတစ္ဦးပါ အင္အားျဖည့္တင္းဖို႔ ႀကိဳးပမ္းေကာင္း ႀကိဳးပမ္းႏိုင္ပါတယ္။

အိုရီဂီနဲ႔ မီနာမီႏိုတို႔ဟာ အန္းဖီးကို စြန႔္ခြာသြားခဲ့ၿပီျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းဟာ တိုက္စစ္ပိုင္းမွာ အရည္အေသြးေကာင္းမြန္တဲ့ကစားသမားေတြ ပိုမိုလိုအပ္လာတာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အဆန္စီယိုကို ကြင္းလယ္မွာလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.