Premier League

ရော်နယ်လ်ဒိုဂိုဏ်းနဲ့ ဂေါင်းကြီးဂိုဏ်းဆိုပြီး ဂိုဏ်းကွဲနေတဲ့ မန်ယူနိုက်တက်အဝတ်လဲခန်း

မန်ချက်စတာယူနိုက်တက်အသင်း အဝတ်လဲခန်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဟာရီ မက်ဂွိုင်းယားတို့ကြား အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ၂ ခြမ်းကွဲလာခဲ့တယ်လို့ သိရပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ အိုးထရက်ဖို့ဒ်ကို လက်စတာစီးတီးကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ၆ လအကြာမှာပဲ အသင်းခေါင်းဆောင်ရာထူးကို အက်ရှ်လေ ယန်းဆီကနေ လွှဲပြောင်းရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင်ဖြစ်လာတဲ့ ဟာရီ မက်ဂွိုင်းယားဟာ ၎င်းရဲ့ စွမ်းဆောင်ရည်နဲ့ ခေါင်းဆောင်မှုအရည်အသွေး ကင်းမဲ့မှုကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာချိန်မှာ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေက ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းကို အမှတ်ပေးဇယား အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်သစ်တလျှောက်မှာ အဆိုးရွားဆုံးရမှတ်နဲ့ ရာသီပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာရှိတဲ့ အရာအားလုံးက အမှန်တကယ်ကို အရုပ်ဆိုး အကျည်းတန်တဲ့အခြေအနေကို ပြောင်းလဲခဲ့ပြီး ဘီဘီစီ ဘောလုံးသတင်းထောက် ဆိုင်မွန် စတုန်းရဲ့ ပြောကြားချက်အရ ဘယ်သူ အသင်းခေါင်းဆောင်ဖြစ်သင့်လဲဆိုတဲ့ပေါ်မှာ အကြီးအကျယ် အငြင်းပွားခဲ့ကြပြီး ၂ ခြမ်းကွဲခဲ့ကြတယ်လို့ သိရပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ အသင်းခေါင်းဆောင်ဖြစ်သင့်တယ်လို့ ငြင်းခုန်ခဲ့ကြတာဖြစ်ပြီး အဲဒီ အငြင်းအခုံ ဟာရီ မက်ဂွိုင်းယားကို ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။ ယာယီနည်းပြ ရန်းနစ်ခ်လက်အောက် ပါဝါ အားပြိုင်မှုမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း အင်္ဂလန်နောက်ခံကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဆက်လက် ရှိနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြသစ် အဲရစ် တန်ဟက်ဂ်က မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ပေးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သတင်းအချို့ရဲ့ ဖော်ပြချက်အရ ဒဟေးယားဟာ အပြောင်းအလဲ လုပ်ဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ရင် အသင်းခေါင်းဆောင်သစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ဒုတိယအကြိမ် ပြန်လည်ကစားခဲ့တာ ၁ နှစ်သာ ရှိသေးပေမယ့်လည်း ၎င်းရဲ့အနာဂတ်ဟာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပြီး အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုကို စိတ်ပျက်မှုတွေ ကြီးထွားလာနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီးနောက် အံ့အားသင့်ဖွယ် ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္အသင္း အဝတ္လဲခန္းဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ဟာရီ မက္ဂြိဳင္းယားတို႔ၾကား အသင္းေခါင္းေဆာင္ရာထူးနဲ႔ပတ္သက္ၿပီး ၂ ျခမ္းကြဲလာခဲ့တယ္လို႔ သိရပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ အိုးထရက္ဖို႔ဒ္ကို လက္စတာစီးတီးကေန ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ၆ လအၾကာမွာပဲ အသင္းေခါင္းေဆာင္ရာထူးကို အက္ရွ္ေလ ယန္းဆီကေန လႊဲေျပာင္းရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသင္းေခါင္းေဆာင္ျဖစ္လာတဲ့ ဟာရီ မက္ဂြိဳင္းယားဟာ ၎ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ေခါင္းေဆာင္မႈအရည္အေသြး ကင္းမဲ့မႈေၾကာင့္ က်ယ္က်ယ္ျပန႔္ျပန႔္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေရာက္ရွိလာခ်ိန္မွာ အသင္းေခါင္းေဆာင္ရာထူးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြက ပိုမိုျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း အသင္းကို အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ေခတ္သစ္တေလွ်ာက္မွာ အဆိုး႐ြားဆုံးရမွတ္နဲ႔ ရာသီၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္မွာရွိတဲ့ အရာအားလုံးက အမွန္တကယ္ကို အ႐ုပ္ဆိုး အက်ည္းတန္တဲ့အေျခအေနကို ေျပာင္းလဲခဲ့ၿပီး ဘီဘီစီ ေဘာလုံးသတင္းေထာက္ ဆိုင္မြန္ စတုန္းရဲ႕ ေျပာၾကားခ်က္အရ ဘယ္သူ အသင္းေခါင္းေဆာင္ျဖစ္သင့္လဲဆိုတဲ့ေပၚမွာ အႀကီးအက်ယ္ အျငင္းပြားခဲ့ၾကၿပီး ၂ ျခမ္းကြဲခဲ့ၾကတယ္လို႔ သိရပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုဟာ အသင္းေခါင္းေဆာင္ျဖစ္သင့္တယ္လို႔ ျငင္းခုန္ခဲ့ၾကတာျဖစ္ၿပီး အဲဒီ အျငင္းအခုံ ဟာရီ မက္ဂြိဳင္းယားကို ေဒါသထြက္ေစခဲ့တာျဖစ္ပါတယ္။ ယာယီနည္းျပ ရန္းနစ္ခ္လက္ေအာက္ ပါဝါ အားၿပိဳင္မႈမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း အဂၤလန္ေနာက္ခံကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ ရွိေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္က မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္တာဝန္ေပးမလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ သတင္းအခ်ိဳ႕ရဲ႕ ေဖာ္ျပခ်က္အရ ဒေဟးယားဟာ အေျပာင္းအလဲ လုပ္ဖို႔ လိုအပ္တယ္လို႔ ဆုံးျဖတ္ခဲ့ရင္ အသင္းေခါင္းေဆာင္သစ္ ျဖစ္လာဖို႔ ေရပန္းအစားဆုံးျဖစ္ေနတယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုဟာ အိုးထရက္ဖို႔ဒ္မွာ ဒုတိယအႀကိမ္ ျပန္လည္ကစားခဲ့တာ ၁ ႏွစ္သာ ရွိေသးေပမယ့္လည္း ၎ရဲ႕အနာဂတ္ဟာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ၿပီး အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈကို စိတ္ပ်က္မႈေတြ ႀကီးထြားလာေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီးေနာက္ အံ့အားသင့္ဖြယ္ ထြက္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.