Analysis Premier League Transfer News

ငှက်ကျားတွေရဲ့ လူခေါ်မှုအစွမ်းကြောင့် မက်ဂွိုင်းယားရှေ့က တိုက်စစ်ဆယ်ဦး ထားရမယ့် မန်ယူ

နယူးကာဆယ်လ်ယူနိုက်တက်အသင်းရဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီနဲ့ ဒီနွေရာသီမှာ အံ့မခန်း ကျွမ်းကျင်ပါးနပ်တဲ့ ကစားသမား ခေါ်ယူမှုအစွမ်းက သူတို့ ပရိသတ်တွေအတွက်တော့ ဝင့်ကြွားစရာဖြစ်ခဲ့ပြီး တစ်ချိန်က ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချိန်ထိုးကြည့်ရင် လှောင်ပြောင်စရာ ဖြစ်ခဲ့သလို ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း Troll စရာဖြစ်လာခဲ့ပါတယ်။

ငှက်ကျားတွေအနေနဲ့ အသင်းရဲ့ အာဏာပါဝါအရပ်ရပ်ကို ဆော်ဒီတွေ သိမ်းယူအပြီးမှာ အသင်းရဲ့ အထာမကျလှတဲ့ ခံစစ်ပိုင်းကို အဓိကအားဖြင့် ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ အဓိက ကစားသမား ၅ ဦးအထိ ခေါ်ယူခဲ့ရာမှာ တန်ကြေးကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ခေါင်းကြီးလို့ လူသိများတဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားလောက်တောင် ကျသင့်မနေခဲ့တာပါ။

ဒီထဲမှာ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ညာနောက်ခံလူ ကီရန် ထရစ်ပီယာကို ပေါင် ၁၂ သန်း၊ ဗဟိုနောက်ခံလူ ဒန်ဘန်းကို ပေါင် ၁၂ သန်း၊ ဘယ်နောက်ခံလူ မတ် တားဂက်ကို အငှားနဲ့ခေါ်ယူပြီး ဒီနွေရာသီမှာ အပြီးသတ် ပေါင် ၁၀ သန်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘန်လေဂိုးသမား နစ်ခ် ပုပ်ကို ပေါင် ၁၀ သန်း၊ လီလ်နောက်ခံလူ ဆဗင် ဘော့တ်မန်ကို ပေါင် ၃၅ သန်းနဲ့ အသီးသီး စိန့်ဂျိမ်းစ်ပါ့ခ်ကို ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ထရစ်ပီယာ၊ ဒန်ဘန်း၊ တားဂက်တို့ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နောက်ခံလူတွေဖြစ်ကြသလို ဂိုးသမား နစ်ခ် ပုပ်ကလည်း အင်္ဂလန် လက်ရွေးစင်တစ်ဦးဖြစ်တာကြောင့် သိပ်ကို တန်လွန်းခဲ့ပြီး ဥရောပရဲ့ အဟော့ဆုံးနောက်ခံလူတစ်ဦးဖြစ်တဲ့ ဘော့တ်မန်က အိုင်းယက်စ်အကယ်ဒမီထွက် နယ်သာလန်လက်ရွေးစင်အဖြစ် အသက်အရွယ်နဲ့ အလားအလာအရ ပေါင် ၃၅ သန်းကတော့ မများလှဘူးလို့လည်း ဆိုရမှာပါ။

ဒီကစားသမားတွေ အားလုံးအတွက် ကျသင့်တဲ့ ပြောင်းရွှေ့ကြေးကတော့ စုစုပေါင်း ပေါင် ၈၁ သန်းသာ ရှိခဲ့ပြီး အသုံးဝင် ထက်မြက်သလို ခံစစ်တန်းတစ်ခုလုံးကို တည်ဆောက်နိုင်တဲ့ ကစားသမား ၅ ဦးစလုံးကို ငှက်ကျားတို့ တင်းပြည့်ကျပ်ပြည့် ရရှိခဲ့ချိန်မှာ သရဲနီတွေကတော့ လက်စတာကနေ အမှားတွေ တစ်သီကြီးလုပ်တတ်တဲ့ ခေါင်းကြီးကို ပေါင်သန်း ၈၀ (တချို့က ၈၅ သန်းဟုဆို) ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ခံစစ်တစ်ခုလုံးကို တည်ဆောက်နိုင်ခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက်တို့ကတော့ သူ့ကိုတောင် အရိပ်တကြည့်ကြည့်နဲ့ ဖေးကူနေရတဲ့ မက်ဂွိုင်းယားအတွက် ဝိုင်းဝန်းဂရုစိုက်ပေးနေခဲ့ရတာဖြစ်ပြီး ပရိသတ်တချို့ကတော့ ဒီအတိုင်းဆိုရင် သူ့ရှေ့က ကျန်တဲ့ ၁၀ ယောက်ကို ထားမှ ညီမျှတော့မလိုပဲလို့ အတွေးပွားခဲ့ကြတာပါ။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဂိုးသမားနဲ့ ခံစစ် ၄ ယောက်စာအတွက် မက်ဂွိုင်းယားကို နေရာချပြီးရင်တော့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ကျန်တဲ့ ၁၀ ယောက်ကို နေရာချထားသင့်နေတာဖြစ်ပြီး အသင်းရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေနဲ့ လက်စတာဆီကနေ ဥရောပမှာ ယူရိုပါလိဂ်လောက်တောင် မကစားဖူးတဲ့သူကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ယူမိခဲ့တာက မြင်သာထင်သာ ရှိစေခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း သူတို့ရဲ့ ဟိုလူလိုလို ဒီလူလိုလိုနဲ့ တကယ်ငွေသုံးသင့်တဲ့နေရာမှာ ပုံအောပြီး မသုံးနိုင်တဲ့ မရေမရာ Management တွေက ထင်ရှားနေဆဲဖြစ်သလို အသင်းရဲ့ ဘောလုံးအော်ပရေးရှင်းတွေကို မူလကိုင်တွယ်တဲ့ အက်ဒ် ဝုဒ်ဝဒ်အစား ရစ်ချတ် အာနိုးလ်ဒ်က CEO ဖြစ်လာခဲ့ပေမယ့် နည်းပြသစ် အဲရစ် တန်ဟတ် စိတ်ကျေနပ်အောင် အလုပ်မဖြစ်သေးတာကိုလည်း တွေ့နေခဲ့ရတာပါ။

ဒါကြောင့် နယူးကာဆယ်လ်ဖန်တွေရဲ့ ပခုံးချင်းယှဉ်ပြီး လှောင်ပြောင်ခံလိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ သူတို့တွေရဲ့ အစဉ်အလာ သမိုင်းကြောင်းနဲ့ ဆုဖလားအောင်မြင်မှုတွေအရ မာနနဲ့ သိက္ခာကို ပြပြီး တကယ်လိုအပ်နေတဲ့ ဖရင်ကီ ဒီယုံး၊ အန်တိုနီနဲ့ ခံစစ်ကစားသမားတွေကို ခေါ်ယူပြီး အမောက်ထောင်ပြနိုင်ဖို့တော့ လိုအပ်နေပြီလည်းဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္ယူႏိုက္တက္အသင္းရဲ႕ ၿပီးခဲ့တဲ့ ေဆာင္းရာသီနဲ႔ ဒီေႏြရာသီမွာ အံ့မခန္း ကြၽမ္းက်င္ပါးနပ္တဲ့ ကစားသမား ေခၚယူမႈအစြမ္းက သူတို႔ ပရိသတ္ေတြအတြက္ေတာ့ ဝင့္ႂကြားစရာျဖစ္ခဲ့ၿပီး တစ္ခ်ိန္က ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်ိန္ထိုးၾကည့္ရင္ ေလွာင္ေျပာင္စရာ ျဖစ္ခဲ့သလို ဆိုရွယ္မီဒီယာေတြေပၚမွာလည္း Troll စရာျဖစ္လာခဲ့ပါတယ္။

ငွက္က်ားေတြအေနနဲ႔ အသင္းရဲ႕ အာဏာပါဝါအရပ္ရပ္ကို ေဆာ္ဒီေတြ သိမ္းယူအၿပီးမွာ အသင္းရဲ႕ အထာမက်လွတဲ့ ခံစစ္ပိုင္းကို အဓိကအားျဖင့္ ျပင္ဆင္ေနတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အဓိက ကစားသမား ၅ ဦးအထိ ေခၚယူခဲ့ရာမွာ တန္ေၾကးကေတာ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေခါင္းႀကီးလို႔ လူသိမ်ားတဲ့ ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားေလာက္ေတာင္ က်သင့္မေနခဲ့တာပါ။

ဒီထဲမွာ ၿပီးခဲ့တဲ့ ေဆာင္းရာသီမွာ ညာေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေပါင္ ၁၂ သန္း၊ ဗဟိုေနာက္ခံလူ ဒန္ဘန္းကို ေပါင္ ၁၂ သန္း၊ ဘယ္ေနာက္ခံလူ မတ္ တားဂက္ကို အငွားနဲ႔ေခၚယူၿပီး ဒီေႏြရာသီမွာ အၿပီးသတ္ ေပါင္ ၁၀ သန္း၊ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ ဘန္ေလဂိုးသမား နစ္ခ္ ပုပ္ကို ေပါင္ ၁၀ သန္း၊ လီလ္ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ကို ေပါင္ ၃၅ သန္းနဲ႔ အသီးသီး စိန႔္ဂ်ိမ္းစ္ပါ့ခ္ကို ေခၚယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ထရစ္ပီယာ၊ ဒန္ဘန္း၊ တားဂက္တို႔ဟာ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရင့္ ေနာက္ခံလူေတြျဖစ္ၾကသလို ဂိုးသမား နစ္ခ္ ပုပ္ကလည္း အဂၤလန္ လက္ေ႐ြးစင္တစ္ဦးျဖစ္တာေၾကာင့္ သိပ္ကို တန္လြန္းခဲ့ၿပီး ဥေရာပရဲ႕ အေဟာ့ဆုံးေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေဘာ့တ္မန္က အိုင္းယက္စ္အကယ္ဒမီထြက္ နယ္သာလန္လက္ေ႐ြးစင္အျဖစ္ အသက္အ႐ြယ္နဲ႔ အလားအလာအရ ေပါင္ ၃၅ သန္းကေတာ့ မမ်ားလွဘူးလို႔လည္း ဆိုရမွာပါ။

ဒီကစားသမားေတြ အားလုံးအတြက္ က်သင့္တဲ့ ေျပာင္းေ႐ႊ႕ေၾကးကေတာ့ စုစုေပါင္း ေပါင္ ၈၁ သန္းသာ ရွိခဲ့ၿပီး အသုံးဝင္ ထက္ျမက္သလို ခံစစ္တန္းတစ္ခုလုံးကို တည္ေဆာက္ႏိုင္တဲ့ ကစားသမား ၅ ဦးစလုံးကို ငွက္က်ားတို႔ တင္းျပည့္က်ပ္ျပည့္ ရရွိခဲ့ခ်ိန္မွာ သရဲနီေတြကေတာ့ လက္စတာကေန အမွားေတြ တစ္သီႀကီးလုပ္တတ္တဲ့ ေခါင္းႀကီးကို ေပါင္သန္း ၈၀ (တခ်ိဳ႕က ၈၅ သန္းဟုဆို) ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

နယူးကာဆယ္လ္တို႔အေနနဲ႔ ေပါင္သန္း ၈၀ ဝန္းက်င္နဲ႔ ခံစစ္တစ္ခုလုံးကို တည္ေဆာက္ႏိုင္ခဲ့ခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ သူ႔ကိုေတာင္ အရိပ္တၾကည့္ၾကည့္နဲ႔ ေဖးကူေနရတဲ့ မက္ဂြိဳင္းယားအတြက္ ဝိုင္းဝန္းဂ႐ုစိုက္ေပးေနခဲ့ရတာျဖစ္ၿပီး ပရိသတ္တခ်ိဳ႕ကေတာ့ ဒီအတိုင္းဆိုရင္ သူ႔ေရွ႕က က်န္တဲ့ ၁၀ ေယာက္ကို ထားမွ ညီမွ်ေတာ့မလိုပဲလို႔ အေတြးပြားခဲ့ၾကတာပါ။

မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဂိုးသမားနဲ႔ ခံစစ္ ၄ ေယာက္စာအတြက္ မက္ဂြိဳင္းယားကို ေနရာခ်ၿပီးရင္ေတာ့ ကြင္းလယ္နဲ႔ တိုက္စစ္မွာ က်န္တဲ့ ၁၀ ေယာက္ကို ေနရာခ်ထားသင့္ေနတာျဖစ္ၿပီး အသင္းရဲ႕ မွားယြင္းတဲ့ စီမံခန႔္ခြဲမႈေတြနဲ႔ လက္စတာဆီကေန ဥေရာပမွာ ယူ႐ိုပါလိဂ္ေလာက္ေတာင္ မကစားဖူးတဲ့သူကို ကမာၻ႔စံခ်ိန္တင္ေၾကးနဲ႔ ေခၚယူမိခဲ့တာက ျမင္သာထင္သာ ရွိေစခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာလည္း သူတို႔ရဲ႕ ဟိုလူလိုလို ဒီလူလိုလိုနဲ႔ တကယ္ေငြသုံးသင့္တဲ့ေနရာမွာ ပုံေအာၿပီး မသုံးႏိုင္တဲ့ မေရမရာ Management ေတြက ထင္ရွားေနဆဲျဖစ္သလို အသင္းရဲ႕ ေဘာလုံးေအာ္ပေရးရွင္းေတြကို မူလကိုင္တြယ္တဲ့ အက္ဒ္ ဝုဒ္ဝဒ္အစား ရစ္ခ်တ္ အာႏိုးလ္ဒ္က CEO ျဖစ္လာခဲ့ေပမယ့္ နည္းျပသစ္ အဲရစ္ တန္ဟတ္ စိတ္ေက်နပ္ေအာင္ အလုပ္မျဖစ္ေသးတာကိုလည္း ေတြ႕ေနခဲ့ရတာပါ။

ဒါေၾကာင့္ နယူးကာဆယ္လ္ဖန္ေတြရဲ႕ ပခုံးခ်င္းယွဥ္ၿပီး ေလွာင္ေျပာင္ခံလိုက္ရတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ သူတို႔ေတြရဲ႕ အစဥ္အလာ သမိုင္းေၾကာင္းနဲ႔ ဆုဖလားေအာင္ျမင္မႈေတြအရ မာနနဲ႔ သိကၡာကို ျပၿပီး တကယ္လိုအပ္ေနတဲ့ ဖရင္ကီ ဒီယုံး၊ အန္တိုနီနဲ႔ ခံစစ္ကစားသမားေတြကို ေခၚယူၿပီး အေမာက္ေထာင္ျပႏိုင္ဖို႔ေတာ့ လိုအပ္ေနၿပီလည္းျဖစ္ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.