Premier League

အပန်းဖြေအနားယူရင်း တတ်သည့်ပညာမနေသာဆိုသလို ကလေးတွေကို ပညာပြခဲ့တဲ့ ဟာလန်း

အာလင်း ဟာလန်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ရာသီကြို လေ့ကျင့်ရေးမတိုင် မာဘယ်လာမှာ အပန်းဖြေအနားယူနေချိန်အတွင်း ဘောလုံးဝါသနာရှင် ပရိသတ်ကလေးငယ်တွေနဲ့အတူ ဘောလုံးကစားခဲ့ပါတယ်။

ဟာလန်းဟာ ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့ပြီးသားဖြစ်ပေမယ့် ယခုနွေရာသီမှာ မန်စီးတီးကို ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့မှုက ၎င်းရဲ့ အဆင့်အတန်းကို ပိုလို့တောင် မြင့်မားလာစေတော့မှာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂွါဒီယိုလာရဲ့အသင်းကို ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုလည်း ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

အားလပ်ရက် အပန်းဖြေခရီးကနေ ပြန်လာပြီး လေ့ကျင့်ရေး မဆင်းရသေးချိန်မှာ နော်ဝေကြယ်ပွင့်တိုက်စစ်မှူးက ကော်စတာ ဒယ် ဆိုးလ်က ကမ်းခြေမှာ ၎င်းရဲ့ စွမ်းရည်တွေကို ပြသခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ကမ်းခြေမှာ အပန်းဖြေအနားယူနေချိန်အတွင်း ဘောလုံးတော့တာပြိုင်နေတဲ့ ကလေးတွေနဲ့အတူ ဆော့ကစားနေခဲ့တဲ့ဗီဒီယို ရိုက်ကူးခြင်းခံခဲ့တာဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူးသစ်ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေထဲက တစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ဂရုမစိုက်ဘဲ ဘောလုံးမြင်ရင် မကန်ဘဲမနေနိုင်လောက်အောင် ရူးသွပ်တဲ့သူဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ မန်ချက်စတာစီးတီးအသင်းဖော်သစ် ဂျက် ဂရီးလစ်ရှ်ဟာ အားလပ်ရက်ကို သောက်စားမူးရူးပြီး ဖြုန်းတီးနေတဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေ ခံနေရတာဖြစ်ပြီး စတန် ကော်လီမိုးက စာချုပ်ချုုပ်ထားချိန်မှာ အရက်သောက်သုံးတဲ့ ကစားသမားတွေကို ကစားခွင့်ပိတ်ပင်ဖို့အထိ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်လ ရာသီကြိုခရီးစဉ်အဖြစ် အမေရိကားကို သွားဖို့ အဆင်သင့်ဖြစ်နေအောင် သိပ်မကြာခင်ကာလမှာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်တော့မှာဖြစ်ပြီး ကယ်လ်ဗင် ဖိလစ်ပ်စ်က အစ်တီဟတ်ကို နောက်ထပ် ရောက်ရှိလာတဲ့ ကစားသမားသစ်အဖြစ် ပူးပေါင်းသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာလင္း ဟာလန္းဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရာသီႀကိဳ ေလ့က်င့္ေရးမတိုင္ မာဘယ္လာမွာ အပန္းေျဖအနားယူေနခ်ိန္အတြင္း ေဘာလုံးဝါသနာရွင္ ပရိသတ္ကေလးငယ္ေတြနဲ႔အတူ ေဘာလုံးကစားခဲ့ပါတယ္။

ဟာလန္းဟာ ကမာၻေပၚက အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီးသားျဖစ္ေပမယ့္ ယခုေႏြရာသီမွာ မန္စီးတီးကို ေပါင္ ၅၁ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့မႈက ၎ရဲ႕ အဆင့္အတန္းကို ပိုလို႔ေတာင္ ျမင့္မားလာေစေတာ့မွာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဂြါဒီယိုလာရဲ႕အသင္းကို ပထမဆုံးေသာ ခ်န္ပီယံလိဂ္ဖလားကို ရယူေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုလည္း ထိန္းသိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

အားလပ္ရက္ အပန္းေျဖခရီးကေန ျပန္လာၿပီး ေလ့က်င့္ေရး မဆင္းရေသးခ်ိန္မွာ ေနာ္ေဝၾကယ္ပြင့္တိုက္စစ္မႉးက ေကာ္စတာ ဒယ္ ဆိုးလ္က ကမ္းေျခမွာ ၎ရဲ႕ စြမ္းရည္ေတြကို ျပသခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ကမ္းေျခမွာ အပန္းေျဖအနားယူေနခ်ိန္အတြင္း ေဘာလုံးေတာ့တာၿပိဳင္ေနတဲ့ ကေလးေတြနဲ႔အတူ ေဆာ့ကစားေနခဲ့တဲ့ဗီဒီယို ႐ိုက္ကူးျခင္းခံခဲ့တာျဖစ္ၿပီး မန္စီးတီးတိုက္စစ္မႉးသစ္ဟာ ကမာၻ႔အဆင့္ ကစားသမားေတြထဲက တစ္ဦးဆိုတဲ့ ဂုဏ္ပုဒ္ကိုလည္း ဂ႐ုမစိုက္ဘဲ ေဘာလုံးျမင္ရင္ မကန္ဘဲမေနႏိုင္ေလာက္ေအာင္ ႐ူးသြပ္တဲ့သူဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ မန္ခ်က္စတာစီးတီးအသင္းေဖာ္သစ္ ဂ်က္ ဂရီးလစ္ရွ္ဟာ အားလပ္ရက္ကို ေသာက္စားမူး႐ူးၿပီး ျဖဳန္းတီးေနတဲ့အတြက္ ျပစ္တင္ေဝဖန္မႈေတြ ခံေနရတာျဖစ္ၿပီး စတန္ ေကာ္လီမိုးက စာခ်ဳပ္ခ်ဳုပ္ထားခ်ိန္မွာ အရက္ေသာက္သုံးတဲ့ ကစားသမားေတြကို ကစားခြင့္ပိတ္ပင္ဖို႔အထိ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ လာမယ့္လ ရာသီႀကိဳခရီးစဥ္အျဖစ္ အေမရိကားကို သြားဖို႔ အဆင္သင့္ျဖစ္ေနေအာင္ သိပ္မၾကာခင္ကာလမွာ ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ေတာ့မွာျဖစ္ၿပီး ကယ္လ္ဗင္ ဖိလစ္ပ္စ္က အစ္တီဟတ္ကို ေနာက္ထပ္ ေရာက္ရွိလာတဲ့ ကစားသမားသစ္အျဖစ္ ပူးေပါင္းသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.