Premier League Transfer News

စတားလင်းအတွက် ချဲလ်ဆီးဆီက ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ သောမတ်စ် တူဟယ်က စတားလင်းအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘယ်လို အံဝင်နိုင်တဲ့ကစားသမားလဲလို့ ပြောကြားခဲ့ပြီးနောက် တောင်ပံကစားသမားအတွက် ချဲလ်ဆီးဆီက ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

ရာဟင်း စတားလင်းဟာ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ရဲ့ တိုက်စစ်ပစ်မှတ်တွေထဲမှာ ပါဝင်နေသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပါတယ်။

ဂွါဒီယိုလာက မပျော်မရွှင်ဖြစ်နေတဲ့ ကစားသမားတွေကို ထိန်းသိမ်းမထားချင်ဘူးလို့ ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး စတားလင်းအတွက် ပေါင်သန်း ၅၀ ဝန်းကျင် ကမ်းလှမ်းလာခဲ့ရင် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်နေရင်တောင်မှ ထွက်ခွာခွင့်ပေးသွားချင်နေတာဖြစ်ပါတယ်။

တူဟယ်ဟာ ချဲလ်ဆီးအသင်းရဲ့ ဂိုးသွင်းယူမှု ပြဿနာကို ဖြေရှင်းဖို့ တိုက်စစ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားမျိုး လိုချင်နေတာဖြစ်ပြီး ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီက စတားလင်းအတွက် မန်စီးတီးနဲ့ ဆွေးနွေးဖို့ အဆက်အသွယ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နည်းပြ တူဟယ်က စတားလင်းဟာ ချဲလ်ဆီးရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားအဖြစ် ရှုမြင်ထားသလို ခေါင်းဆောင်တစ်ဦးအဖြစ်ရော ကိုးကားစရာအချက်တစ်ချက်အဖြစ်ပါ သတ်မှတ်ထားတာဖြစ်ပါတယ်။

၂ ဖက်စလုံးက သဘောတူညီမှုကို အဆုံးသတ်ချင်နေပြီး လုပ်ငန်းစဉ်ဟာ အရမ်းကို မြင်သာပြီး ချစ်ကြည်ရင်းနှီးမှုရှိခဲ့တယ်လို့ ထင်မြင်ရပြီး အထူးသဖြင့် စတားလင်းနဲ့ မန်စီးတီးတို့ကြားမှာ ဖြစ်ပါတယ်။ စတားလင်းဟာ တူဟယ်ရဲ့အသင်းအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် စွမ်းဆောင်ပေးနိုင်ပြီး လီဗာပူးလ်နဲ့ မန်စီးတီးတို့အတွက် ပွဲပေါင်း ၃၂၀ ပါဝင်ကစားပေးခဲ့ရာမှာ ၁၆၅ ဂိုးအထိ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားဟာ ၎င်းရဲ့ ကစားသမားဘဝအတွက် အဆုံးအဖြတ်အချိန်တစ်ခုကို ရောက်ရှိနေသူဖြစ်ပြီး ကွင်းတွင်းရော ကွင်းပြင်ပမှာပါ သိသာထင်ရှားတဲ့ ကူညီမှုတွေ ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းဟာ ေသာမတ္စ္ တူဟယ္က စတားလင္းအေနနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဘယ္လို အံဝင္ႏိုင္တဲ့ကစားသမားလဲလို႔ ေျပာၾကားခဲ့ၿပီးေနာက္ ေတာင္ပံကစားသမားအတြက္ ခ်ဲလ္ဆီးဆီက ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနတယ္လို႔ သိရပါတယ္။

ရာဟင္း စတားလင္းဟာ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္ရဲ႕ တိုက္စစ္ပစ္မွတ္ေတြထဲမွာ ပါဝင္ေနသူျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံေတြနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနသူျဖစ္ပါတယ္။

ဂြါဒီယိုလာက မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ကစားသမားေတြကို ထိန္းသိမ္းမထားခ်င္ဘူးလို႔ ထပ္ခါတလဲလဲ ေျပာၾကားခဲ့ၿပီး စတားလင္းအတြက္ ေပါင္သန္း ၅၀ ဝန္းက်င္ ကမ္းလွမ္းလာခဲ့ရင္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္အသင္းျဖစ္ေနရင္ေတာင္မွ ထြက္ခြာခြင့္ေပးသြားခ်င္ေနတာျဖစ္ပါတယ္။

တူဟယ္ဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသြင္းယူမႈ ျပႆနာကို ေျဖရွင္းဖို႔ တိုက္စစ္မွာ အဆုံးအျဖတ္ေပးႏိုင္တဲ့ ကစားသမားမ်ိဳး လိုခ်င္ေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီက စတားလင္းအတြက္ မန္စီးတီးနဲ႔ ေဆြးေႏြးဖို႔ အဆက္အသြယ္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

နည္းျပ တူဟယ္က စတားလင္းဟာ ခ်ဲလ္ဆီးရဲ႕ ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းအတြက္ အဆုံးအျဖတ္ေပးႏိုင္တဲ့ ကစားသမားအျဖစ္ ရႈျမင္ထားသလို ေခါင္းေဆာင္တစ္ဦးအျဖစ္ေရာ ကိုးကားစရာအခ်က္တစ္ခ်က္အျဖစ္ပါ သတ္မွတ္ထားတာျဖစ္ပါတယ္။

၂ ဖက္စလုံးက သေဘာတူညီမႈကို အဆုံးသတ္ခ်င္ေနၿပီး လုပ္ငန္းစဥ္ဟာ အရမ္းကို ျမင္သာၿပီး ခ်စ္ၾကည္ရင္းႏွီးမႈရွိခဲ့တယ္လို႔ ထင္ျမင္ရၿပီး အထူးသျဖင့္ စတားလင္းနဲ႔ မန္စီးတီးတို႔ၾကားမွာ ျဖစ္ပါတယ္။ စတားလင္းဟာ တူဟယ္ရဲ႕အသင္းအတြက္ ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ စြမ္းေဆာင္ေပးႏိုင္ၿပီး လီဗာပူးလ္နဲ႔ မန္စီးတီးတို႔အတြက္ ပြဲေပါင္း ၃၂၀ ပါဝင္ကစားေပးခဲ့ရာမွာ ၁၆၅ ဂိုးအထိ တိုက္႐ိုက္ ပါဝင္ပတ္သက္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ ၎ရဲ႕ ကစားသမားဘဝအတြက္ အဆုံးအျဖတ္အခ်ိန္တစ္ခုကို ေရာက္ရွိေနသူျဖစ္ၿပီး ကြင္းတြင္းေရာ ကြင္းျပင္ပမွာပါ သိသာထင္ရွားတဲ့ ကူညီမႈေတြ ျပဳလုပ္ခ်င္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.