La Liga Premier League

လီဗာပူးလ်ကြယ်ပွင့်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူနိုင်မယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားကို ခေါ်ယူနိုင်ဖို့ ပေါင်သန်း ၆၀ ကုန်ကျမယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ မိုဟာမက် ဆာလားကို ခေါ်ယူချင်တဲ့အသင်းက ပေါင်သန်း ၆၀ ပေးမယ်ဆိုရင် ယခုနွေရာသီမှာပဲ အန်းဖီးကနေ ထွက်ခွာခွင့်ပေးသွားဖို့ အံ့အားသင့်ဖွယ် စဉ်းစားနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၂၂-၂၀၂၃ ရာသီမတိုင်ခင် ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၅ နှစ်စလုံးမှာ လီဗာပူးလ်ရဲ့အောင်မြင်မှုတွေမှာ အခရာကျခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၂၅၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၅၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၃ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အဲဒီအခြေအနေက ရီးရဲလ်မက်ဒရစ်အသင်းအတွက် အချက်ပေးသံ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို မခေါ်ယူနိုင်ခဲ့တဲ့နောက် အစပိုင်းတုန်းက တောင်ပံတိုက်စစ်နေရာအတွက် ယခုနွေရာသီမှာ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အဆန်စီယိုရဲ့ ဘာနေဗျူးက အနာဂတ်က မရေရာတော့တာကြောင့် ယခုနွေရာသီမှာပဲ ရင်းနှီးမြှုပ်နှံရဖွယ်ရှိနေတာဖြစ်ပါတယ်။ စပိန်တောင်ပံတိုက်စစ်ကစားသမားဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ လီဗာပူးလ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပြီး မာဆေးဆိုဒ်အသင်းအနေနဲ့ မိုဟာမက် ဆာလားကိုသာ ထွက်ခွာခွင့်ပေးလိုက်ရင် အစားထိုးခေါ်ယူနိုင်မယ့်ကစားသမားဖြစ်ပါတယ်။

မကြာသေးမီက သတင်းတွေရဲ့ သတင်းတွေအရ လီဗာပူးလ်ဟာ ဆာလားကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်ခဲ့တယ်ဆိုပေမယ့် ၂ ဖက်စလုံးက စာချုပ်သစ် ချုပ်ဖို့အတွက် သဘောတူညီမှုရဖို့ မနီးစပ်တော့တာကြောင့် လီဗာပူးလ်အသင်းက ကြယ်ပွင့်တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မိုဟာမက် ဆာလားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ တောင်းဆိုသွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသက် ၃၀ အရွယ် ကစားသမားကို ပေါင်သန်း ၆၀ အထိ ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားမလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မိုဟာမက် ဆာလားလိုမျိုး ကစားသမားကို ပေါင်သန်း ၆၀ လောက်နဲ့ ခေါ်ယူနိုင်မှာကတော့ တန်တယ်လို့ ပြောရမှာဖြစ်ပေမယ့်လည်း ဆာလားအနေနဲ့ မာနေးနဲ့အတူ တူညီတဲ့ အပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်ကို စွန့်ခွာဖို့က မဖြစ်နိုင်ဖို့ များတယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားကို ေခၚယူႏိုင္ဖို႔ ေပါင္သန္း ၆၀ ကုန္က်မယ္လို႔ သိရပါတယ္။

လီဗာပူးလ္အသင္းဟာ မိုဟာမက္ ဆာလားကို ေခၚယူခ်င္တဲ့အသင္းက ေပါင္သန္း ၆၀ ေပးမယ္ဆိုရင္ ယခုေႏြရာသီမွာပဲ အန္းဖီးကေန ထြက္ခြာခြင့္ေပးသြားဖို႔ အံ့အားသင့္ဖြယ္ စဥ္းစားေနတယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။ အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၂၀၂၂-၂၀၂၃ ရာသီမတိုင္ခင္ ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရသူျဖစ္ၿပီး အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ၅ ႏွစ္စလုံးမွာ လီဗာပူးလ္ရဲ႕ေအာင္ျမင္မႈေတြမွာ အခရာက်ခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းကို ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ၿပီး စုစုေပါင္း ၂၅၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၅၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆၃ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး အဲဒီအေျခအေနက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ အခ်က္ေပးသံ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပကို မေခၚယူႏိုင္ခဲ့တဲ့ေနာက္ အစပိုင္းတုန္းက ေတာင္ပံတိုက္စစ္ေနရာအတြက္ ယခုေႏြရာသီမွာ ရင္းႏွီးျမႇဳပ္ႏွံမႈမျပဳလုပ္ဖို႔ ဆုံးျဖတ္ထားခဲ့ေပမယ့္ အဆန္စီယိုရဲ႕ ဘာေနဗ်ဴးက အနာဂတ္က မေရရာေတာ့တာေၾကာင့္ ယခုေႏြရာသီမွာပဲ ရင္းႏွီးျမႇဳပ္ႏွံရဖြယ္ရွိေနတာျဖစ္ပါတယ္။ စပိန္ေတာင္ပံတိုက္စစ္ကစားသမားဟာ တိုက္တိုက္ဆိုင္ဆိုင္ပဲ လီဗာပူးလ္ရဲ႕ ပစ္မွတ္စာရင္းထဲမွာ ပါဝင္ေနၿပီး မာေဆးဆိုဒ္အသင္းအေနနဲ႔ မိုဟာမက္ ဆာလားကိုသာ ထြက္ခြာခြင့္ေပးလိုက္ရင္ အစားထိုးေခၚယူႏိုင္မယ့္ကစားသမားျဖစ္ပါတယ္။

မၾကာေသးမီက သတင္းေတြရဲ႕ သတင္းေတြအရ လီဗာပူးလ္ဟာ ဆာလားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ နီးစပ္ခဲ့တယ္ဆိုေပမယ့္ ၂ ဖက္စလုံးက စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔အတြက္ သေဘာတူညီမႈရဖို႔ မနီးစပ္ေတာ့တာေၾကာင့္ လီဗာပူးလ္အသင္းက ၾကယ္ပြင့္တိုက္စစ္မႉးကို ေရာင္းထုတ္ဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ မိုဟာမက္ ဆာလားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၆၀ ေတာင္းဆိုသြားမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ အသက္ ၃၀ အ႐ြယ္ ကစားသမားကို ေပါင္သန္း ၆၀ အထိ ေပးၿပီး ေခၚယူဖို႔ ႀကိဳးပမ္းသြားမလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မိုဟာမက္ ဆာလားလိုမ်ိဳး ကစားသမားကို ေပါင္သန္း ၆၀ ေလာက္နဲ႔ ေခၚယူႏိုင္မွာကေတာ့ တန္တယ္လို႔ ေျပာရမွာျဖစ္ေပမယ့္လည္း ဆာလားအေနနဲ႔ မာေနးနဲ႔အတူ တူညီတဲ့ အေျပာင္းအေ႐ႊ႕ကာလမွာ လီဗာပူးလ္ကို စြန႔္ခြာဖို႔က မျဖစ္ႏိုင္ဖို႔ မ်ားတယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.