Premier League Serie A Transfer News

ယခုနွေရာသီမှာ လီဗာပူးလ်ကို ပြောင်းရွှေ့ချင်နေတဲ့ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်

ဂျူဗင်တပ် ကွင်းလယ်ကြယ်ပွင့် အက်ဒရီယန် ဟာဗျိုဟာ ယခုနွေရာသီမှာ လီဗာပူးလ်၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး သို့မဟုတ် တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ပေါင် ၁၃ သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူလို့ရနိုင်တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်နေတာဖြစ်ပြီး ၎င်းရဲ့ တူရင်ကို စွန့်ခွာချင်တဲ့ ဆန္ဒကို ဂျူဗင်တပ်အသင်းကို အသိပေးခဲ့ပြီးဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရာသီကြို လေ့ကျင့်ရေးအတွက် ဂျူဗင်တပ်ကို မပြန်မီမှာ ၎င်းရဲ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ ၅ လသာ လိုတော့တာကြောင့် လိဂ်ပြောင်းကစားတာက ဟာဗျိုရဲ့ လက်ရှိ ပြင်သစ်လက်ရွေးစင်အသင်းက နေရာအတွက် စွန့်စားရာ ကျမယ့်ပုံပေါ်ပေမယ့်လည်း ဂျူဗင်တပ်ကွင်းလယ်လူက နည်းပြ ဒက်စ်ချမ့်ဟာ ၎င်းရဲ့အမာခံပရိသတ်ဖြစ်တာကြောင့် ပြဿနာလို့ မမြင်တာဖြစ်ပါတယ်။

ဟာဗျိုဟာ ၂၀၁၉ ခုနှစ်မှာ ဂျူဗင်တပ်ကို အလွတ်နဲ့ မပြောင်းရွှေ့မီ ပီအက်စ်ဂျီမှာ အောင်မြင်တဲ့အချိန်ကာလတွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ပြင်သစ်မှာ ပြသခဲ့တဲ့ အဆင့်အတန်းအတိုင်း အီတလီမှာ ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ကလည်း ဟာဗျိုရဲ့ အမာခံပရိသတ်ဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ ပြင်သစ်ကွင်းလယ်လူရဲ့ အေးဂျင့်တွေကို ဆက်သွယ်ခြင်းမရှိသေးပေမယ့်လည်း လာမယ့်ရက်သတ္တပတ်တွေမှာ လုပ်ဆောင်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

အခုအချိန်အထိတော့ လီဗာပူးလ်အသင်းက ဟာဗျိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း မပြသသေးပေမယ့် ဂျူဗင်တပ်ကွင်းလယ်ကစားသမားလိုမျိုး အရည်အသွေးရှိတဲ့ ကစားသမားကို ပေါင် ၁၃ သန်းတည်းနဲ့ ခေါ်ယူနိုင်မှာက မာဆေးဆိုဒ်အသင်းအတွက် ပါးနပ်တဲ့ အပြောင်းအရွှေ့ဖြစ်နိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဟာဗျို ဂျူဗင်တပ်ကို မပြောင်းရွှေ့မီ ၂၀၁၉ ခုနှစ်တုန်းက ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ဖူးပြီး လက်ရှိမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ချိန်ဘာလိန်တို့ရဲ့အနာဂတ်က မရေမရာဖြစ်နေတာကြောင့် ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စဉ်းစားသွားဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂျူဗင်တပ် ကွင်းလယ်ကြယ်ပွင့် အက်ဒရီယန် ဟာဗျိုဟာ ယခုနွေရာသီမှာ လီဗာပူးလ်၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး သို့မဟုတ် တော့တင်ဟမ်ဟော့စပါးကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ပေါင် ၁၃ သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူလို့ရနိုင်တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။







REF: INTERNET SOURCES
SPORTS A2Z.