Premier League Transfer News

အာဆင်နယ်မခေါ်နိုင်ခဲ့တဲ့ ပေါင်သန်း ၅၀ တန်ကြယ်ပွင့်ကို ကမ်းလှမ်းမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ လိဒ်စ်ယူနိုက်တက်ရဲ့ အဓိကကစားသမားဖြစ်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၁၁ ဂိုးနဲ့ ရာသီကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားဟာ အဲလန်းရုဒ်ကို ယခုနွေရာသီမှာ စွန့်ခွာချင်နေပြီး ဘာစီလိုနာအသင်းက ၎င်းရဲ့ ပြောင်းရွှေ့ချင်တဲ့နေရာဖြစ်ပေမယ့် ကတ်တလန်အသင်းကြီးဟာ လိဒ်စ်ယူနိုက်တက်သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်တဲ့ဘဏ္ဍာရေးအခြေအနေမှာ ရှိမနေတာဖြစ်ပါတယ်။

ယခုအပတ်မှာ ဖော်ပြခဲ့တဲ့ သတင်းတွေအရ အာဆင်နယ်ဟာ ရာဖင်ညာအတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း လိဒ်စ်ယူနိုက်တက်အသင်းက ၎င်းတို့ သတ်မှတ်ထားတဲ့ ပေါင်သန်း ၅၀ နီးနီးတောင် မရှိတာကြောင့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ချဲလ်ဆီးအသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမားကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ဝင်ရောက်လာပြီဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ကို ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ အလေးအနက် လုပ်ဆောင်နေတယ်လို့ MailOnline က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းကလည်း ရာဖင်ညာအတွက် ချဉ်းကပ်မှု ပြုလုပ်ခဲ့တယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပြီး တစ်ဆက်တည်းမှာပဲ The Athletic ရဲ့ ဘောလုံးဂျာနယ်လစ် ဒေးဗစ် အွန်းစတိုင်းက အာတီတာဟာ ရာဖင်ညာရဲ့အမာခံပရိသတ်ဖြစ်ပေမယ့် အာဆင်နယ်အသင်းက ဘရာဇီးလ်ကြယ်ပွင့်အတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်ရဲ့ ကနဦး ကမ်းလှမ်းချက်ကို လိဒ်စ်ယူနိုက်တက်က ငြင်းပယ်ခဲ့ပါတယ်။ သူတို့သတ်မှတ်ထားတဲ့ တန်ဖိုးထက် တော်တော်လေး လျော့နည်းနေခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှု အခိုင်အမာရှိနေဆဲဖြစ်ပြီး သူက အာတီတာ ခေါ်ယူချင်တဲ့ ကစားသမားပါ”

“နောက်ထပ်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ အချိန်တော်တော်များများ ယူရနိုင်ပြီး လွယ်ကူမှာမဟုတ်ပါဘူး။ အထူးသဖြင့် တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့လို အသင်းတွေဆီကနေ ယှဉ်ပြိုင်မှုတွေရှိနေတာကြောင့်ပါ။ သူ့ရဲ့ အချိန်အတော်ကြာရှိနေခဲ့တဲ့ ဆန္ဒ ဒါမှမဟုတ် ပြောင်းရွှေ့ဖွယ်အရှိဆုံးနေရာ၊ သတင်းအခိုင်အမာအထွက်ပေါ်ခဲ့ဆုံးအသင်းကတော့ ဘာစီလိုနာပါ”

“လိဒ်စ်သာ တန်းဆင်းခဲ့ရင် သူတို့တွေ ဒီအပြောင်းအရွှေ့ကို ကျိန်းသေပေါက် လုပ်မှာဖြစ်ပြီး လိဒ်စ်က ပရီးမီးယားလိဂ်မှာ ဆက်ရှိနေတဲ့အတွက် သူတို့ဘက်က အမြင်မှာ ဖြစ်နိုင်ခြေနည်းသွားပုံရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ အာဆင္နယ္အသင္းက ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္ ေတာင္ပံကစားသမား ရာဖင္ညာကို ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဘရာဇီးလ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီ လိဒ္စ္ယူႏိုက္တက္ရဲ႕ အဓိကကစားသမားျဖစ္ခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ သြင္းဂိုး ၁၁ ဂိုးနဲ႔ ရာသီကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အဲလန္း႐ုဒ္ကို ယခုေႏြရာသီမွာ စြန႔္ခြာခ်င္ေနၿပီး ဘာစီလိုနာအသင္းက ၎ရဲ႕ ေျပာင္းေ႐ႊ႕ခ်င္တဲ့ေနရာျဖစ္ေပမယ့္ ကတ္တလန္အသင္းႀကီးဟာ လိဒ္စ္ယူႏိုက္တက္သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေပးႏိုင္တဲ့ဘ႑ာေရးအေျခအေနမွာ ရွိမေနတာျဖစ္ပါတယ္။

ယခုအပတ္မွာ ေဖာ္ျပခဲ့တဲ့ သတင္းေတြအရ အာဆင္နယ္ဟာ ရာဖင္ညာအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေပမယ့္လည္း လိဒ္စ္ယူႏိုက္တက္အသင္းက ၎တို႔ သတ္မွတ္ထားတဲ့ ေပါင္သန္း ၅၀ နီးနီးေတာင္ မရွိတာေၾကာင့္ ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ ဘရာဇီးလ္ေတာင္ပံကစားသမားကို ေခၚယူဖို႔ ၿပိဳင္ပြဲထဲ ဝင္ေရာက္လာၿပီျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္ကို ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ အေလးအနက္ လုပ္ေဆာင္ေနတယ္လို႔ MailOnline က ေဖာ္ျပခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကလည္း ရာဖင္ညာအတြက္ ခ်ဥ္းကပ္မႈ ျပဳလုပ္ခဲ့တယ္လို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ၿပီး တစ္ဆက္တည္းမွာပဲ The Athletic ရဲ႕ ေဘာလုံးဂ်ာနယ္လစ္ ေဒးဗစ္ အြန္းစတိုင္းက အာတီတာဟာ ရာဖင္ညာရဲ႕အမာခံပရိသတ္ျဖစ္ေပမယ့္ အာဆင္နယ္အသင္းက ဘရာဇီးလ္ၾကယ္ပြင့္အတြက္ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈေတြကို ရင္ဆိုင္ေနရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္ရဲ႕ ကနဦး ကမ္းလွမ္းခ်က္ကို လိဒ္စ္ယူႏိုက္တက္က ျငင္းပယ္ခဲ့ပါတယ္။ သူတို႔သတ္မွတ္ထားတဲ့ တန္ဖိုးထက္ ေတာ္ေတာ္ေလး ေလ်ာ့နည္းေနခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ရဲ႕ စိတ္ဝင္စားမႈ အခိုင္အမာရွိေနဆဲျဖစ္ၿပီး သူက အာတီတာ ေခၚယူခ်င္တဲ့ ကစားသမားပါ”

“ေနာက္ထပ္ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္ဖို႔ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ယူရႏိုင္ၿပီး လြယ္ကူမွာမဟုတ္ပါဘူး။ အထူးသျဖင့္ ေတာ့တင္ဟမ္နဲ႔ ခ်ဲလ္ဆီးတို႔လို အသင္းေတြဆီကေန ယွဥ္ၿပိဳင္မႈေတြရွိေနတာေၾကာင့္ပါ။ သူ႔ရဲ႕ အခ်ိန္အေတာ္ၾကာရွိေနခဲ့တဲ့ ဆႏၵ ဒါမွမဟုတ္ ေျပာင္းေ႐ႊ႕ဖြယ္အရွိဆုံးေနရာ၊ သတင္းအခိုင္အမာအထြက္ေပၚခဲ့ဆုံးအသင္းကေတာ့ ဘာစီလိုနာပါ”

“လိဒ္စ္သာ တန္းဆင္းခဲ့ရင္ သူတို႔ေတြ ဒီအေျပာင္းအေ႐ႊ႕ကို က်ိန္းေသေပါက္ လုပ္မွာျဖစ္ၿပီး လိဒ္စ္က ပရီးမီးယားလိဂ္မွာ ဆက္ရွိေနတဲ့အတြက္ သူတို႔ဘက္က အျမင္မွာ ျဖစ္ႏိုင္ေျခနည္းသြားပုံရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.