Premier League Transfer News

24 Jun နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့များ

– ဂါဘရီယယ်လ် ဂျေဆူးစ်အတွက် မန်ချက်စတာစီးတီး၊ အာဆင်နယ်နဲ့ ကစားသမားတို့ သုံးဦးကြား ပြောင်းရွှေ့ကြေးနဲ့ ပုဂ္ဂိုလ်ရေး ဆွေးနွေး ညှိနှိုင်းမှုတွေကို နှုတ်အားဖြင့် သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့် ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာ တရားဝင် အပြီးသတ်ဖို့ ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် ဂျာနယ်လစ်တွေ ဖော်ပြခဲ့ကြပြီး ဘရာဇီးလ်သားအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၂၀,၀၀၀ ရဖွယ်ရှိနေ။

– လိဒ်စ်ယူနိုက်တက်အသင်းဘက်က ရာဖင်ညာအတွက် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ကို ပေးချေမယ့် အသင်း ပေါ်ထွက်လာပြီလို့ စပိန်အခြေစိုက် အယ်လ်မွန်ဒိုသတင်းဌာနက အသင်းရဲ့ အမည်ကိုတော့ မဖော်ပြဘဲ ရေးသားခဲ့ချိန်မှာ ဂျာနယ်လစ်တစ်ဦးက အာဆင်နယ်ပဲလို့ ထုတ်ဖော်သွားခဲ့။

– ဒီရာသီ ယူရိုပါလိဂ်ကိုပါ ယှဉ်ပြိုင်ကစားရမယ့် အာဆင်နယ်အသင်းအနေနဲ့ ဂါဘရီယယ်လ် မာတီနယ်လီတစ်ယောက်တည်း ရှိနေတဲ့ ဘယ်တောင်ပံတိုက်စစ်ပိုင်းအတွက် နောက်ထပ် ကစားသမားသစ်တစ်ဦး ရှာဖွေနေပြီး နယူးကာဆယ်လ်နဲ့ အဆင်မပြေတဲ့ လိဂန်ကလပ် ရင်းမ်စ်တောင်ပံသမား ဟျူဂို အက်ကီတီကီကို စောင့်ကြည့်နေ။

– အာဆင်နယ်အသင်းအနေနဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံပြီးတဲ့ ရာဖင်ညာကို ခေါ်ယူတာဟာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ပေမယ့် ငွေကြေးချွေတာနိုင်ဖို့အတွက်တော့ သူတို့တွေရဲ့ ပြန်အစားထိုးဖို့ ရှုမြင်ထားတဲ့ ပီအက်စ်ဗီလူငယ်ကစားသမား ကိုဒီ ဂက်ခ်ပိုကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူတာကလည်း သင့်တော်တဲ့ ရွေးချယ်မှုလို့ အကြံပေးခံထားရ။

– အိုင်းယက်စ်အသင်းရဲ့ ဈေးတောင်းကြမ်းလွန်းနေပြီး ပေါင် ၅၁.၅ သန်းအထိ ပေးရမယ်လို့ ဆိုနေတဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို အာဆင်နယ်တို့ လက်လျှော့ဖွယ်ရှိနေပြီး ရှာဖွေနေတာက ပွဲထွက်ဦးစားပေးမဟုတ်တဲ့ ခေါ်ယူမှုမျိုးဖြစ်နေချိန်မှာ တခြားပစ်မှတ်တွေကိုပဲ ပြောင်းလဲကမ်းလှမ်းဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကို ဆာဒီယို မာနေး ရောက်ရှိသွားတာကြောင့် အသင်းကနေ ပြန်လည်ထွက်ခွာနိုင်ဖွယ်ရှိနေတဲ့ ကစားသမားဟောင်း ဆာ့ဂျ် ဂနာဘရီကို တစ်ကျော့ပြန် ခေါ်ယူဖို့ အခွင့်အရေးသာနေခဲ့ပြီး ရာဖင်ညာအစား ဈေးထက်ဝက်နီးပါး သက်သာတဲ့ ရွေးချယ်မှုကို လုပ်လာနိုင်တယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းရဲ့ ခံစစ်မှာ နေရာရလာဖို့ မရှိတဲ့ နောက်ခံလူ ပါဘလို မာရီကို ခေါ်ယူဖို့ စီးရီးအေကလပ် ဗီရိုနာအသင်းက စိတ်ဝင်စားမှု ပြသခဲ့ပြီး သူတို့ရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဂါဘရီယယ်လ် စီယော့ဖီဟာ စပိန်သားနဲ့ အူဒီးနီးစ်အသင်းမှာ လက်တွဲခဲ့ဖူးသူဖြစ်လို့ ပြန်လည် ပူးပေါင်းဖို့ ရှိနေသလို ပေါင် ၅ သန်းကနေ ၁၀ သန်းကြားမှာ အလုပ်ဖြစ်နိုင်မယ်လို့ ဆိုနေကြ။

– အာဆင်နယ်အသင်းက အငှားချဖွယ်ရှိနေပြီး အတ္တလန်တာအသင်းအပြင် မာဆေးလ်အသင်းကပါ စိတ်ဝင်စားလာခဲ့တဲ့ နောက်ခံလူ နူနို တာဗာရက်စ်အတွက် အလျင်စလို ဆုံးဖြတ်ဖို့မရှိဘဲ သူ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားသစ်ရရှိမှသာ အသင်းကနေ ထွက်ခွာခွင့် ပေးသွားမယ်လို့ သိရ။

– တန်းဆင်း ဘန်လေအသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဗင်းဆန့် ကွန်ပနီအနေနဲ့ သူ့ရဲ့ အသင်းက ထွက်ခွာသွားတဲ့ နောက်ခံလူတွေဖြစ်ကြတဲ့ ဘန်မီးနဲ့ ဂျိမ်းစ် တာကော့ဗ်စကီးတို့နေရာတွေမှာ အစားထိုးနိုင်ဖို့ အာဆင်နယ်လူငယ်နောက်ခံလူ ဒန်နီယယ်လ် ဘောလာ့ဒ်ကို ပေါင် ၂ သန်းနဲ့ သဘောတူညီနိုင်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဂါဘရီယယ္လ္ ေဂ်ဆူးစ္အတြက္ မန္ခ်က္စတာစီးတီး၊ အာဆင္နယ္နဲ႔ ကစားသမားတို႔ သုံးဦးၾကား ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ပုဂၢိဳလ္ေရး ေဆြးေႏြး ညႇိႏႈိင္းမႈေတြကို ႏႈတ္အားျဖင့္ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ ၇ ရက္ကေန ၁၀ ရက္အတြင္းမွာ တရားဝင္ အၿပီးသတ္ဖို႔ ရွိေနတယ္လို႔ ၿဗိတိန္အေျခစိုက္ ဂ်ာနယ္လစ္ေတြ ေဖာ္ျပခဲ့ၾကၿပီး ဘရာဇီးလ္သားအေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၂၂၀,၀၀၀ ရဖြယ္ရွိေန။

– လိဒ္စ္ယူႏိုက္တက္အသင္းဘက္က ရာဖင္ညာအတြက္ အလိုရွိေနတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၇၀ ကို ေပးေခ်မယ့္ အသင္း ေပၚထြက္လာၿပီလို႔ စပိန္အေျခစိုက္ အယ္လ္မြန္ဒိုသတင္းဌာနက အသင္းရဲ႕ အမည္ကိုေတာ့ မေဖာ္ျပဘဲ ေရးသားခဲ့ခ်ိန္မွာ ဂ်ာနယ္လစ္တစ္ဦးက အာဆင္နယ္ပဲလို႔ ထုတ္ေဖာ္သြားခဲ့။

– ဒီရာသီ ယူ႐ိုပါလိဂ္ကိုပါ ယွဥ္ၿပိဳင္ကစားရမယ့္ အာဆင္နယ္အသင္းအေနနဲ႔ ဂါဘရီယယ္လ္ မာတီနယ္လီတစ္ေယာက္တည္း ရွိေနတဲ့ ဘယ္ေတာင္ပံတိုက္စစ္ပိုင္းအတြက္ ေနာက္ထပ္ ကစားသမားသစ္တစ္ဦး ရွာေဖြေနၿပီး နယူးကာဆယ္လ္နဲ႔ အဆင္မေျပတဲ့ လိဂန္ကလပ္ ရင္းမ္စ္ေတာင္ပံသမား ဟ်ဴဂို အက္ကီတီကီကို ေစာင့္ၾကည့္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ လိဒ္စ္ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္မွာ အစမ္းသပ္ခံၿပီးတဲ့ ရာဖင္ညာကို ေခၚယူတာဟာ မွန္ကန္တဲ့ လုပ္ရပ္ ျဖစ္ေပမယ့္ ေငြေၾကးေခြၽတာႏိုင္ဖို႔အတြက္ေတာ့ သူတို႔ေတြရဲ႕ ျပန္အစားထိုးဖို႔ ရႈျမင္ထားတဲ့ ပီအက္စ္ဗီလူငယ္ကစားသမား ကိုဒီ ဂက္ခ္ပိုကို ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ေခၚယူတာကလည္း သင့္ေတာ္တဲ့ ေ႐ြးခ်ယ္မႈလို႔ အႀကံေပးခံထားရ။

– အိုင္းယက္စ္အသင္းရဲ႕ ေဈးေတာင္းၾကမ္းလြန္းေနၿပီး ေပါင္ ၅၁.၅ သန္းအထိ ေပးရမယ္လို႔ ဆိုေနတဲ့ ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္ကို အာဆင္နယ္တို႔ လက္ေလွ်ာ့ဖြယ္ရွိေနၿပီး ရွာေဖြေနတာက ပြဲထြက္ဦးစားေပးမဟုတ္တဲ့ ေခၚယူမႈမ်ိဳးျဖစ္ေနခ်ိန္မွာ တျခားပစ္မွတ္ေတြကိုပဲ ေျပာင္းလဲကမ္းလွမ္းဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကို ဆာဒီယို မာေနး ေရာက္ရွိသြားတာေၾကာင့္ အသင္းကေန ျပန္လည္ထြက္ခြာႏိုင္ဖြယ္ရွိေနတဲ့ ကစားသမားေဟာင္း ဆာ့ဂ်္ ဂနာဘရီကို တစ္ေက်ာ့ျပန္ ေခၚယူဖို႔ အခြင့္အေရးသာေနခဲ့ၿပီး ရာဖင္ညာအစား ေဈးထက္ဝက္နီးပါး သက္သာတဲ့ ေ႐ြးခ်ယ္မႈကို လုပ္လာႏိုင္တယ္လို႔ ခန႔္မွန္းေနၾက။

– အာဆင္နယ္အသင္းရဲ႕ ခံစစ္မွာ ေနရာရလာဖို႔ မရွိတဲ့ ေနာက္ခံလူ ပါဘလို မာရီကို ေခၚယူဖို႔ စီးရီးေအကလပ္ ဗီ႐ိုနာအသင္းက စိတ္ဝင္စားမႈ ျပသခဲ့ၿပီး သူတို႔ရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ဂါဘရီယယ္လ္ စီေယာ့ဖီဟာ စပိန္သားနဲ႔ အူဒီးနီးစ္အသင္းမွာ လက္တြဲခဲ့ဖူးသူျဖစ္လို႔ ျပန္လည္ ပူးေပါင္းဖို႔ ရွိေနသလို ေပါင္ ၅ သန္းကေန ၁၀ သန္းၾကားမွာ အလုပ္ျဖစ္ႏိုင္မယ္လို႔ ဆိုေနၾက။

– အာဆင္နယ္အသင္းက အငွားခ်ဖြယ္ရွိေနၿပီး အတၱလန္တာအသင္းအျပင္ မာေဆးလ္အသင္းကပါ စိတ္ဝင္စားလာခဲ့တဲ့ ေနာက္ခံလူ ႏူႏို တာဗာရက္စ္အတြက္ အလ်င္စလို ဆုံးျဖတ္ဖို႔မရွိဘဲ သူ႔ေနရာကို အစားထိုးႏိုင္မယ့္ ကစားသမားသစ္ရရွိမွသာ အသင္းကေန ထြက္ခြာခြင့္ ေပးသြားမယ္လို႔ သိရ။

– တန္းဆင္း ဘန္ေလအသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ဗင္းဆန႔္ ကြန္ပနီအေနနဲ႔ သူ႔ရဲ႕ အသင္းက ထြက္ခြာသြားတဲ့ ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဘန္မီးနဲ႔ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးတို႔ေနရာေတြမွာ အစားထိုးႏိုင္ဖို႔ အာဆင္နယ္လူငယ္ေနာက္ခံလူ ဒန္နီယယ္လ္ ေဘာလာ့ဒ္ကို ေပါင္ ၂ သန္းနဲ႔ သေဘာတူညီႏိုင္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.