Premier League

အသင်းဖော်သစ်ဖြစ်လာနိုင်တဲ့ တိုက်စစ်မှူးကို သတိပေးစကားပြောလိုက်တဲ့ နကီးတီးယား

အာဆင်နယ်တိုက်စစ်မှူး နကီးတီးယားဟာ အသင်းဖော်သစ်ဖြစ်လာနိုင်ခြေရှိတဲ့ ဂါဘရီယယ်လ် ဂျေဆူးကို ၎င်းအနေနဲ့ စိန်ခေါ်မှုတွေကို နှစ်သက်ပြီး ပွဲထွက်ခွင့်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပဲလို့ ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူဖို့က အာတီတာရဲ့ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ နံပါတ် ၁ ဦးစားပေးဖြစ်ပြီး အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ကို ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးက အာဆင်နယ်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ မန်စီးတီးနဲ့ ပေါင်သန်း ၅၀ တန် သဘောတူညီမှု ရရှိဖို့ နောက်တဆင့်တက် ပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့်လည်း နကီးတီးယားသာ ပုံမှန်ခြေစွမ်းပြသနေမယ်ဆိုရင် ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ အာဆင်နယ်အသင်း ပွဲထွက်လူစာရင်းထဲမှာ တန်းပါနိုင်မှာမဟုတ်တာ ဖြစ်ကောင်းဖြစ်နိုင်ပြီး အာဆင်နယ်လူငယ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ရာသီကုန်ပိုင်းမှာ ရရှိခဲ့တဲ့ ပွဲထွက်ကစားသမားနေရာကို ဆက်လက်ထိန်းသိမ်းချင်တဲ့အကြောင်းကို ရှင်းရှင်းလင်းလင်းပဲ ပြောခဲ့တာဖြစ်ပါတယ်။

“အသင်းတိုင်းက ပြီပြည့်စုံဖို့ လူစာရင်းလိုအပ်ပါတယ်။ အသင်းက အမြဲတမ်း အင်အားတောင့်တင်းအောင်လုပ်ဖို့ နည်းလမ်းတွေကို ရှာဖွေနေတာပါ။ သူတို့တွေ ကျွန်တော့်စာချုပ်ကို သက်တမ်းတိုးခဲ့ပြီး အဲဒါကလည်း အကြောင်းရှိလို့ သက်တမ်းတိုးခဲ့တာပါ”

“အသင်းထဲကို ဘယ်သူပဲ ရောက်လာလာ ခင်ဗျား စိန်ခေါ်မှုတွေကို မြည်းစမ်းရမှာပါ။ ခင်ဗျား သူတို့ကို ကြိုဆိုတယ်လို့ ခံစားရအောင် လုပ်ရမှာဖြစ်ပြီး ပြီးရင်တော့ ခင်ဗျား တိုက်ပွဲဝင်ပြီး ယှဉ်ပြိုင်ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နကီးတီယားဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ အာဆင်နယ်အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့သလို ရာသီပိတ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာသီချိန်အများစုကို အရန်ကစားသမားအဖြစ်သာ ဝင်ကစားခဲ့ရပေမယ့်လည်း အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံမှာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပြီး တစ်ဂိုးသွင်းယူဖို့ ပျမ်းမျှ ၁၁၃ မိနစ်သာ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့တဲ့ ဂျေဆူးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘရာဇီးလ်တိုက်စစ်မှူးဟာ ပျမ်းမျှ ၁၀၇ မိနစ်တိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု ရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္တိုက္စစ္မႉး နကီးတီးယားဟာ အသင္းေဖာ္သစ္ျဖစ္လာႏိုင္ေျခရွိတဲ့ ဂါဘရီယယ္လ္ ေဂ်ဆူးကို ၎အေနနဲ႔ စိန္ေခၚမႈေတြကို ႏွစ္သက္ၿပီး ပြဲထြက္ခြင့္ေနရာကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ တိုက္ပြဲဝင္ဖို႔ အဆင္သင့္ပဲလို႔ ေျပာၾကားခဲ့ပါတယ္။

တိုက္စစ္မႉးသစ္တစ္ဦး ေခၚယူဖို႔က အာတီတာရဲ႕ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ နံပါတ္ ၁ ဦးစားေပးျဖစ္ၿပီး အာဆင္နယ္အသင္းဟာ တိုက္စစ္မႉး ၂ ဦးျဖစ္တဲ့ အူဘာမီယန္းနဲ႔ လာကာဇက္တို႔ကို ထြက္ခြာခြင့္ေပးခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးက အာဆင္နယ္အသင္းရဲ႕ ထိပ္တန္းပစ္မွတ္ျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ မန္စီးတီးနဲ႔ ေပါင္သန္း ၅၀ တန္ သေဘာတူညီမႈ ရရွိဖို႔ ေနာက္တဆင့္တက္ ေျပာဆိုမႈေတြ ျပဳလုပ္ေနတယ္လို႔ ယုံၾကည္ရပါတယ္။

ဒါေပမယ့္လည္း နကီးတီးယားသာ ပုံမွန္ေျခစြမ္းျပသေနမယ္ဆိုရင္ ဘရာဇီးလ္တိုက္စစ္မႉးအေနနဲ႔ အာဆင္နယ္အသင္း ပြဲထြက္လူစာရင္းထဲမွာ တန္းပါႏိုင္မွာမဟုတ္တာ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အာဆင္နယ္လူငယ္တိုက္စစ္မႉးက ၿပီးခဲ့တဲ့ရာသီကုန္ပိုင္းမွာ ရရွိခဲ့တဲ့ ပြဲထြက္ကစားသမားေနရာကို ဆက္လက္ထိန္းသိမ္းခ်င္တဲ့အေၾကာင္းကို ရွင္းရွင္းလင္းလင္းပဲ ေျပာခဲ့တာျဖစ္ပါတယ္။

“အသင္းတိုင္းက ၿပီျပည့္စုံဖို႔ လူစာရင္းလိုအပ္ပါတယ္။ အသင္းက အၿမဲတမ္း အင္အားေတာင့္တင္းေအာင္လုပ္ဖို႔ နည္းလမ္းေတြကို ရွာေဖြေနတာပါ။ သူတို႔ေတြ ကြၽန္ေတာ့္စာခ်ဳပ္ကို သက္တမ္းတိုးခဲ့ၿပီး အဲဒါကလည္း အေၾကာင္းရွိလို႔ သက္တမ္းတိုးခဲ့တာပါ”

“အသင္းထဲကို ဘယ္သူပဲ ေရာက္လာလာ ခင္ဗ်ား စိန္ေခၚမႈေတြကို ျမည္းစမ္းရမွာပါ။ ခင္ဗ်ား သူတို႔ကို ႀကိဳဆိုတယ္လို႔ ခံစားရေအာင္ လုပ္ရမွာျဖစ္ၿပီး ၿပီးရင္ေတာ့ ခင္ဗ်ား တိုက္ပြဲဝင္ၿပီး ယွဥ္ၿပိဳင္ရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

နကီးတီယားဟာ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ အာဆင္နယ္အသင္းအတြက္ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့သလို ရာသီပိတ္ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ အဲဗာတန္နဲ႔ပြဲစဥ္မွာလည္း ဂိုးသြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ရာသီခ်ိန္အမ်ားစုကို အရန္ကစားသမားအျဖစ္သာ ဝင္ကစားခဲ့ရေပမယ့္လည္း အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပိဳင္ပြဲစုံမွာ ၁၀ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး တစ္ဂိုးသြင္းယူဖို႔ ပ်မ္းမွ် ၁၁၃ မိနစ္သာ ၾကာျမင့္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီ မန္စီးတီးအတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္ျပဳလုပ္ခဲ့တဲ့ ေဂ်ဆူးနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ဘရာဇီးလ္တိုက္စစ္မႉးဟာ ပ်မ္းမွ် ၁၀၇ မိနစ္တိုင္းမွာ ဂိုးပါဝင္ပတ္သက္မႈ ရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.