Premier League

စတားလင်းရဲ့နေရာမှာ အစားထိုးမယ့်သူ ၂ ဦးကို သတ်မှတ်ထားပြီးဖြစ်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာဟာ ရာဟင်း စတားလင်းသာ ယခုနွေရာသီမှာ အစ်တီဟတ်ကို စွန့်ခွာခဲ့မယ်ဆိုရင် အစားထိုးခေါ်ယူနိုင်မယ့် ကစားသမား ၂ ဦးကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဂွါဒီယိုလာဟာ လာမယ့်လ ချဲလ်ဆီးအသင်းရဲ့ ရာသီကြို ခရီးစဉ်မတိုင်ခင် စတားလင်းရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို သိနိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။ သောမတ်စ် တူဟယ်ဟာ အင်္ဂလန်တောင်ပံကစားသမားကို အလွန်နှစ်သက်သူဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာသွားတဲ့ လူကာကူးကြောင့် လစ်လပ်သွားတဲ့ နေရာကို ပြန်လည်ဖြည့်ဆည်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တောင်ပံကစားသမားဟာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက မန်စီးတီးရဲ့ အောင်မြင်မှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်နဲ့ အက်ဖ်အေဖလား တစ်ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စတားလင်းသာ အစ်တီဟတ်ကို စွန့်ခွာဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဂွါဒီယိုလာအနေနဲ့ အင်္ဂလန်တောင်ပံကစားသမားရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်မယ့် ကစားသမား ၂ ဦးကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီတုန်းက စကားပြောဆိုခဲ့ရာမှာ ဂွါဒီယိုလာက “ရာဟင်းနဲ့ပတ်သက်ပြီး ယုံကြည်မှုက အရင်အတိုင်းပါပဲ။ ကျွန်တော်တို့ ဒီကို စပြီး ရောက်ခဲ့တဲ့အချိန်တုန်းကအတိုင်းပါပဲ။ သူ ဘာကြောင့် သိပ်များများ မကစားရလဲဆိုတော့ တစ်ခါတလေ ဂါဘရီယယ်လ် ဂျေဆူး ဒါမှမဟုတ် ဖီးလ် ဖိုဒန်နဲ့ မာရက်ဇ်တို့ သူတို့ရဲ့ ထိပ်တန်းအဆင့်မှာ ရှိနေတာကြောင့်ပါ။ သူတို့တွေက ဂိုးတွေ သွင်းယူပေးပြီး တိုက်စစ်မှာ အဆုံးအဖြတ်ပေးနိုင်နေလို့ပါ။ သူ့အနေနဲ့ ယုံကြည်မှုရှိရမှာပါ။ ကျွန်တော်တို့အားလုံးရဲ့ ယုံကြည်မှုမျိုး သူ့မှာရှိရမှာပါ။ သူ့မှာ အဲဒါ ရှိနေရမှာပါ”

“ဘာလို့လဲဆိုတော့ အရည်အသွေးက ရှိနေပြီးသားမို့လို့ပါ။ ကျွန်တော် ကစားသမားတွေကို ယုံကြည်ချက်တော့ ပေးလို့မရပါဘူး။ သူတို့တွေက အဲဒါကို သူတို့ဘာသာ ရအောင်လုပ်ရမှာပါ။ ဒါပေမယ့် သူက အတွေ့အကြုံအများကြီးရှိတယ်။ ဒီ မယုံနိုင်စရာနှစ်တွေအတွင်း ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာတွေကို အကြိမ်ပေါင်းများစွာ ပြောခဲ့တယ်”

“ဆုဖလားပမာဏတွေ၊ စံချိန်တွေ ရိုက်ချိုးခဲ့တာတွေမှာ ရာဟင်းက အဓိကသော့ချက်ပါ။ သူက အဓိက ကစားသမားဖြစ်ခဲ့ပြီး အဓိကကစားသမားဆိုပေမယ့် အခုအချိန်မှာတော့ ဖီးလ်က တော်တော်ကောင်းကောင်းကစားနေပြီး မာရက်ဇ်လည်း တကယ်ကောင်းကောင်း ကစားနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျေဆူးဟာ မန်ချက်စတာစီးတီးက ပွဲထွက်ခွင့်နေရာမှာ စတားလင်းရဲ့အထက်မှာ ရှိနေပေမယ့်လည်း ယခုနွေရာသီမှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့်လည်း ဖီးလ် ဖိုဒန်နဲ့ မာရက်ဇ်တို့ကတော့ လာမယ့်ရာသီ အစ်တီဟတ်မှာ ဆက်ရှိနေမှာဖြစ်ပြီး ၎င်းတို့ရဲ့ စတားလင်းရဲ့နေရာမှာ ကောင်းကောင်း ကစားနိုင်စွမ်းရှိမှုက မန်စီးတီးအနေနဲ့ လီဗာပူးလ်ကြယ်ပွင့်ဟောင်းအတွက် သင့်တော်တဲ့ကမ်းလှမ်းမှု ရလာခဲ့ရင် လမ်းခွဲဖို့ အများကြီး စဉ်းစားစရာမလိုတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာဟာ ရာဟင္း စတားလင္းသာ ယခုေႏြရာသီမွာ အစ္တီဟတ္ကို စြန႔္ခြာခဲ့မယ္ဆိုရင္ အစားထိုးေခၚယူႏိုင္မယ့္ ကစားသမား ၂ ဦးကို သတ္မွတ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဂြါဒီယိုလာဟာ လာမယ့္လ ခ်ဲလ္ဆီးအသင္းရဲ႕ ရာသီႀကိဳ ခရီးစဥ္မတိုင္ခင္ စတားလင္းရဲ႕ အနာဂတ္က ဘယ္လိုျဖစ္လာမလဲဆိုတာကို သိႏိုင္ဖို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။ ေသာမတ္စ္ တူဟယ္ဟာ အဂၤလန္ေတာင္ပံကစားသမားကို အလြန္ႏွစ္သက္သူျဖစ္ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာသြားတဲ့ လူကာကူးေၾကာင့္ လစ္လပ္သြားတဲ့ ေနရာကို ျပန္လည္ျဖည့္ဆည္းဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ လီဗာပူးလ္အသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္စီးတီးရဲ႕ ေအာင္ျမင္မႈေတြမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္၊ လိဂ္ဖလား ၅ ႀကိမ္နဲ႔ အက္ဖ္ေအဖလား တစ္ႀကိမ္ ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း စတားလင္းသာ အစ္တီဟတ္ကို စြန႔္ခြာဖို႔ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ဂြါဒီယိုလာအေနနဲ႔ အဂၤလန္ေတာင္ပံကစားသမားရဲ႕ေနရာမွာ ျပန္လည္အစားထိုးႏိုင္မယ့္ ကစားသမား ၂ ဦးကို သတ္မွတ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီတုန္းက စကားေျပာဆိုခဲ့ရာမွာ ဂြါဒီယိုလာက “ရာဟင္းနဲ႔ပတ္သက္ၿပီး ယုံၾကည္မႈက အရင္အတိုင္းပါပဲ။ ကြၽန္ေတာ္တို႔ ဒီကို စၿပီး ေရာက္ခဲ့တဲ့အခ်ိန္တုန္းကအတိုင္းပါပဲ။ သူ ဘာေၾကာင့္ သိပ္မ်ားမ်ား မကစားရလဲဆိုေတာ့ တစ္ခါတေလ ဂါဘရီယယ္လ္ ေဂ်ဆူး ဒါမွမဟုတ္ ဖီးလ္ ဖိုဒန္နဲ႔ မာရက္ဇ္တို႔ သူတို႔ရဲ႕ ထိပ္တန္းအဆင့္မွာ ရွိေနတာေၾကာင့္ပါ။ သူတို႔ေတြက ဂိုးေတြ သြင္းယူေပးၿပီး တိုက္စစ္မွာ အဆုံးအျဖတ္ေပးႏိုင္ေနလို႔ပါ။ သူ႔အေနနဲ႔ ယုံၾကည္မႈရွိရမွာပါ။ ကြၽန္ေတာ္တို႔အားလုံးရဲ႕ ယုံၾကည္မႈမ်ိဳး သူ႔မွာရွိရမွာပါ။ သူ႔မွာ အဲဒါ ရွိေနရမွာပါ”

“ဘာလို႔လဲဆိုေတာ့ အရည္အေသြးက ရွိေနၿပီးသားမို႔လို႔ပါ။ ကြၽန္ေတာ္ ကစားသမားေတြကို ယုံၾကည္ခ်က္ေတာ့ ေပးလို႔မရပါဘူး။ သူတို႔ေတြက အဲဒါကို သူတို႔ဘာသာ ရေအာင္လုပ္ရမွာပါ။ ဒါေပမယ့္ သူက အေတြ႕အႀကဳံအမ်ားႀကီးရွိတယ္။ ဒီ မယုံႏိုင္စရာႏွစ္ေတြအတြင္း ကြၽန္ေတာ္တို႔ လုပ္ခဲ့တဲ့အရာေတြကို အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့တယ္”

“ဆုဖလားပမာဏေတြ၊ စံခ်ိန္ေတြ ႐ိုက္ခ်ိဳးခဲ့တာေတြမွာ ရာဟင္းက အဓိကေသာ့ခ်က္ပါ။ သူက အဓိက ကစားသမားျဖစ္ခဲ့ၿပီး အဓိကကစားသမားဆိုေပမယ့္ အခုအခ်ိန္မွာေတာ့ ဖီးလ္က ေတာ္ေတာ္ေကာင္းေကာင္းကစားေနၿပီး မာရက္ဇ္လည္း တကယ္ေကာင္းေကာင္း ကစားေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဂ်ဆူးဟာ မန္ခ်က္စတာစီးတီးက ပြဲထြက္ခြင့္ေနရာမွာ စတားလင္းရဲ႕အထက္မွာ ရွိေနေပမယ့္လည္း ယခုေႏြရာသီမွာ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕သြားလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။ ဒါေပမယ့္လည္း ဖီးလ္ ဖိုဒန္နဲ႔ မာရက္ဇ္တို႔ကေတာ့ လာမယ့္ရာသီ အစ္တီဟတ္မွာ ဆက္ရွိေနမွာျဖစ္ၿပီး ၎တို႔ရဲ႕ စတားလင္းရဲ႕ေနရာမွာ ေကာင္းေကာင္း ကစားႏိုင္စြမ္းရွိမႈက မန္စီးတီးအေနနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းအတြက္ သင့္ေတာ္တဲ့ကမ္းလွမ္းမႈ ရလာခဲ့ရင္ လမ္းခြဲဖို႔ အမ်ားႀကီး စဥ္းစားစရာမလိုတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.