Bundesliga Premier League

မာနေးရှိတုန်းက ဘောလုံးမပေးဘဲ မရှိတော့မှ လွမ်းပြနေတဲ့ ဆာလား

မိုဟာမက် ဆာလားဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဆာဒီယို မာနေးကို လီဗာပူးလ်တစ်သင်းလုံးက လွမ်းဆွတ်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆီနီဂေါကယ်ပွင့်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကို ပေါင် ၃၅.၁ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး အန်းဖီးမှာ အောင်မြင်ခဲ့တဲ့ ၆ နှစ်တာကာလကို ပြည်ဖုံးကားချသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ကာလအတွင်း မာနေးဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၆ လုံးအထိ ရရှိခဲ့ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဆာလားနဲ့အတူ ၂၀၁၇-၂၀၁၈ ရာသီကတည်းက ၂ ယောက်ပေါင်း ၁၉၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက် ဆာလားက အန်းဖီးကို စွန့်ခွာသွားပြီဖြစ်တဲ့ အသင်းဖော်ဟောင်း ဆာဒီယို မာနေးကို အင်စတာဂရမ်ပေါ်မှာ “တော်တော်လေး အမှတ်ရစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ အချိန်ကောင်းတွေအားလုံးအတွက် ကျေးဇူးတင်မိပြီး မင်းရဲ့ စွန့်စားခန်းအသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ မင်းကို ငါတို့တွေအားလုံး လွမ်းဆွတ်နေမှာပါ”လို့ ရေးသားခဲ့ပြီး မာနေးက “မင်းလုပ်နေကျအရာတွေကို ဆက်လုပ်နေပါ။ ညီအစ်ကို မင်းက အကောင်းဆုံးပါပဲ”လို့ ပြန်လည် ရေးသားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကလည်း ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားတဲ့ မာနေးကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး ဆီနီဂေါတိုက်စစ်မှူးဟာ ခေတ်သစ်လီဗာပူးလ်အထင်ကရပုံရိပ်တစ်ခုလို့ ချီးကျူးခဲ့ပါတယ်။

“သူက ကျွန်တော်တို့ရဲ့ ကျေးဇူးတင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့အတူ စွန့်ခွာသွားတာပါ။ သူက ကြီးမြတ်တဲ့ အာမခံချက်တွေကြား သူ့ရဲ့ ဂုဏ်သတင်းနဲ့အတူ စွန့်ခွာသွားခဲ့တာပါ။ ပြီးတော့ ဟုတ်ပါတယ်။ သူက ကမ္ဘာ့ဘောလုံးလောက က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေတဲ့အခိုက်အတန့်မှာ စွန့်ခွာသွားခဲ့တာပါ”၄

“ဒါပေမယ့်လည်း ကျွန်တော်တို့ အခု ဆုံးရှုံးခဲ့ရတဲ့အရာနဲ့ပတ်သက်ပြီး ငိုကြွေးနေရမှာမဟုတ်ပါဘူး။ အဲဒီအစား ပိုင်ဆိုင်ခွင့် ရရှိခဲ့တာကို ဂုဏ်ယူနေရမှာပါ။ သူ သွင်းပေးခဲ့တဲ့ ဂိုးတွေ၊ သူ ရရှိခဲ့တဲ့ ဆုဖလားတွေက ဂန္တဝင်တစ်ယောက်ဆိုတာ သေချာသလို ခေတ်သစ်လီဗာပူးလ်အထင်ကရပုံရိပ်တစ်ခုလည်း ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုဟာမက္ ဆာလားဟာ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕သြားၿပီျဖစ္တဲ့ ဆာဒီယို မာေနးကို လီဗာပူးလ္တစ္သင္းလုံးက လြမ္းဆြတ္ေနမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဆီနီေဂါကယ္ပြင့္ဟာ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြဆီကို ေပါင္ ၃၅.၁ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ၿပီး အန္းဖီးမွာ ေအာင္ျမင္ခဲ့တဲ့ ၆ ႏွစ္တာကာလကို ျပည္ဖုံးကားခ်သြားခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးလ္အသင္းမွာ ကစားခဲ့တဲ့ကာလအတြင္း မာေနးဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဖလား အပါအဝင္ ဆုဖလား ၆ လုံးအထိ ရရွိခဲ့ၿပီး အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ဆာလားနဲ႔အတူ ၂၀၁၇-၂၀၁၈ ရာသီကတည္းက ၂ ေယာက္ေပါင္း ၁၉၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ အေကာင္းဆုံးတိုက္စစ္အတြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ ဆာလားက အန္းဖီးကို စြန႔္ခြာသြားၿပီျဖစ္တဲ့ အသင္းေဖာ္ေဟာင္း ဆာဒီယို မာေနးကို အင္စတာဂရမ္ေပၚမွာ “ေတာ္ေတာ္ေလး အမွတ္ရစရာေကာင္းတဲ့ အေတြ႕အႀကဳံတစ္ခုျဖစ္ခဲ့ပါတယ္။ အခ်ိန္ေကာင္းေတြအားလုံးအတြက္ ေက်းဇူးတင္မိၿပီး မင္းရဲ႕ စြန႔္စားခန္းအသစ္မွာ အေကာင္းဆုံးျဖစ္ပါေစလို႔ ငါ ဆုေတာင္းေပးပါတယ္။ မင္းကို ငါတို႔ေတြအားလုံး လြမ္းဆြတ္ေနမွာပါ”လို႔ ေရးသားခဲ့ၿပီး မာေနးက “မင္းလုပ္ေနက်အရာေတြကို ဆက္လုပ္ေနပါ။ ညီအစ္ကို မင္းက အေကာင္းဆုံးပါပဲ”လို႔ ျပန္လည္ ေရးသားခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ကလည္း ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕သြားတဲ့ မာေနးကို ဂုဏ္ျပဳႏႈတ္ဆက္ခဲ့ၿပီး ဆီနီေဂါတိုက္စစ္မႉးဟာ ေခတ္သစ္လီဗာပူးလ္အထင္ကရပုံရိပ္တစ္ခုလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

“သူက ကြၽန္ေတာ္တို႔ရဲ႕ ေက်းဇူးတင္မႈေတြ၊ ခ်စ္ျခင္းေမတၱာေတြနဲ႔အတူ စြန႔္ခြာသြားတာပါ။ သူက ႀကီးျမတ္တဲ့ အာမခံခ်က္ေတြၾကား သူ႔ရဲ႕ ဂုဏ္သတင္းနဲ႔အတူ စြန႔္ခြာသြားခဲ့တာပါ။ ၿပီးေတာ့ ဟုတ္ပါတယ္။ သူက ကမာၻ႔ေဘာလုံးေလာက က အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနတဲ့အခိုက္အတန႔္မွာ စြန႔္ခြာသြားခဲ့တာပါ”၄

“ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ အခု ဆုံးရႈံးခဲ့ရတဲ့အရာနဲ႔ပတ္သက္ၿပီး ငိုေႂကြးေနရမွာမဟုတ္ပါဘူး။ အဲဒီအစား ပိုင္ဆိုင္ခြင့္ ရရွိခဲ့တာကို ဂုဏ္ယူေနရမွာပါ။ သူ သြင္းေပးခဲ့တဲ့ ဂိုးေတြ၊ သူ ရရွိခဲ့တဲ့ ဆုဖလားေတြက ဂႏၲဝင္တစ္ေယာက္ဆိုတာ ေသခ်ာသလို ေခတ္သစ္လီဗာပူးလ္အထင္ကရပုံရိပ္တစ္ခုလည္း ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.