Bundesliga La Liga Premier League Transfer News

ဟာဗတ္ဇ္နဲ႔ စတုန္းစ္တုိ႔ကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီး ေဈးကြက္ထဲ အလုပ္မ်ားဦးမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဝက္စ္ဟမ္းအသင္းရဲ႕ ေဈးႀကီးတဲ့ ပစ္မွတ္ ဒက္ကလန္ ႐ုိက္စ္နဲ႔ လက္စတာရဲ႕ ဘန္ ေခ်းလ္ဝဲလ္တုိ႔လို အဂၤလန္ လက္ေရြးစင္ကစားသမားေတြကို စြန္႔လႊတ္ၿပီး ေဈးသက္သာတဲ့ ကစားသမားေတြကို ပစ္မွတ္ထားေနရာမွာ မန္ခ်က္စတာစီးတီးရဲ႕ ဂၽြန္စတုန္းစ္နဲ႔ ရီးရဲလ္ မက္ဒရစ္ရဲ႕ ဆာဂ်ီယို ရက္ဂီလြန္တုိ႔ကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနခဲ့ပါတယ္။

တုိက္စစ္ပုိင္းမွာလည္း ေလဗာကူဆင္ရဲ႕ ခိုင္ ဟာဗတ္ဇ္အတြက္ သေဘာတူညီမွဳ ရရွိဖို႔ နီးစပ္ေနၿပီလို႔ သတင္းေတြက ထုတ္ေဖာ္ခဲ့ၾကၿပီး အသက္ ၂၁ ႏွစ္အရြယ္ ဂ်ာမန္လက္ေရြးစင္ကြင္းလယ္တုိက္စစ္သမားအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ စာခ်ဳပ္သက္တမ္း ငါးႏွစ္ကို ပုဂၢဳိလ္ေရး သေဘာတူညီႏုိင္ခဲ့ၿပီလို႔လည္း ဆုိပါတယ္။

ေလဗာကူဆင္အသင္းကေတာ့ သူတုိ႔ရဲ႕ ကစားသမားအတြက္ ခ်ဲလ္ဆီးအသင္းဆီ ခပ္မာမာပဲ သတိေပးထားခဲ့ၿပီး ေပါင္သန္း ၉၀ မေပးရင္ ဟာဗတ္ဇ္ကို ေမ့လုိက္ေတာ့လုိ႔ ဆုိထားခဲ့တာေၾကာင့္ အေနာက္လန္ဒန္အသင္းအေနနဲ႔ လိုအပ္တဲ့ အသုံးစရိတ္ကို ဖန္တီးၿပီး ဘယ္လိုေျပလည္ေအာင္ ညႇိႏွဳိင္းသြားမလဲဆုိတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ခံစစ္ပုိင္းအတြက္ေတာ့ ခ်ဲလ္ဆီးအေနနဲ႔ ေဈးႀကီးတဲ့ ပစ္မွတ္ေတြကို ေရွာင္ရွားဖို႔ ရွိေနၿပီး အသင္းရဲ႕ လက္စြမ္းမတည္ၿငိမ္ဘဲ ယုံၾကည္မွဳ မရွိေတာ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတြက္ပါဆုိရင္ ခံစစ္မွာ ဗဟို၊ ဘယ္ျခမ္းနဲ႔ ဂိုးသမားေနရာေတြကို သုံးဦးအထိ ေခၚယူအားျဖည့္သြားရဖို႔ ရွိေနလို႔ မန္စီးတီးရဲ႕ ဂၽြန္စတုန္းစ္ကေတာ့ ေပါင္သန္း ၂၀ တန္ ေခၚယူမွဳျဖစ္လာဖို႔ ရွိေနပါတယ္။

ဘယ္ေနာက္ခံအတြက္ေတာ့ ဆီဗီလာမွာ အငွားနဲ႔ ကစားေနတဲ့ ရက္ဂီလြန္ကို ေပါင္ ၁၈ သန္းနဲ႔ ေခၚယူႏိုင္ဖို႔ ေဆြးေႏြးေနတယ္လုိ႔ သိရၿပီး ကစားသမားဘက္ကလည္း ဒီသတင္းေတြကို ပယ္ခ်ျခင္းမရွိတာေၾကာင့္ မီဒီယာေတြရဲ႕ ခန္႔မွန္းမွဳေတြ ပုိမိုျမင့္တက္လာခဲ့ၿပီး နည္းျပ ဖရန္႔ လမ္းပတ္ အတြက္ေတာ့ စိတ္ခ်မ္းသာစရာ သတင္းေတြ ျဖစ္ႏုိင္ေပမယ့္ ခ်ဲလ္ဆီးတာဝန္ရွိသူေတြအေနနဲ႔ေတာ့ ဘဏၰာေရးခ်ိန္ညႇိဖို႔ ကစားသမားအေရာင္းဘက္ကို အထူးအာ႐ုံစိုက္လုပ္ေဆာင္သြားရဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ဈေးကြီးတဲ့ ပစ်မှတ် ဒက်ကလန် ရိုက်စ်နဲ့ လက်စတာရဲ့ ဘန် ချေးလ်ဝဲလ်တို့လို အင်္ဂလန် လက်ရွေးစင်ကစားသမားတွေကို စွန့်လွှတ်ပြီး ဈေးသက်သာတဲ့ ကစားသမားတွေကို ပစ်မှတ်ထားနေရာမှာ မန်ချက်စတာစီးတီးရဲ့ ဂျွန်စတုန်းစ်နဲ့ ရီးရဲလ် မက်ဒရစ်ရဲ့ ဆာဂျီယို ရက်ဂီလွန်တို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာလည်း လေဗာကူဆင်ရဲ့ ခိုင် ဟာဗတ်ဇ်အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သတင်းတွေက ထုတ်ဖော်ခဲ့ကြပြီး အသက် ၂၁ နှစ်အရွယ် ဂျာမန်လက်ရွေးစင်ကွင်းလယ်တိုက်စစ်သမားအတွက် ချဲလ်ဆီးအသင်းအနေနဲ့ စာချုပ်သက်တမ်း ငါးနှစ်ကို ပုဂ္ဂိုလ်ရေး သဘောတူညီနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။

လေဗာကူဆင်အသင်းကတော့ သူတို့ရဲ့ ကစားသမားအတွက် ချဲလ်ဆီးအသင်းဆီ ခပ်မာမာပဲ သတိပေးထားခဲ့ပြီး ပေါင်သန်း ၉၀ မပေးရင် ဟာဗတ်ဇ်ကို မေ့လိုက်တော့လို့ ဆိုထားခဲ့တာကြောင့် အနောက်လန်ဒန်အသင်းအနေနဲ့ လိုအပ်တဲ့ အသုံးစရိတ်ကို ဖန်တီးပြီး ဘယ်လိုပြေလည်အောင် ညှိနှိုင်းသွားမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ခံစစ်ပိုင်းအတွက်တော့ ချဲလ်ဆီးအနေနဲ့ ဈေးကြီးတဲ့ ပစ်မှတ်တွေကို ရှောင်ရှားဖို့ ရှိနေပြီး အသင်းရဲ့ လက်စွမ်းမတည်ငြိမ်ဘဲ ယုံကြည်မှု မရှိတော့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက်ပါဆိုရင် ခံစစ်မှာ ဗဟို၊ ဘယ်ခြမ်းနဲ့ ဂိုးသမားနေရာတွေကို သုံးဦးအထိ ခေါ်ယူအားဖြည့်သွားရဖို့ ရှိနေလို့ မန်စီးတီးရဲ့ ဂျွန်စတုန်းစ်ကတော့ ပေါင်သန်း ၂၀ တန် ခေါ်ယူမှုဖြစ်လာဖို့ ရှိနေပါတယ်။

ဘယ်နောက်ခံအတွက်တော့ ဆီဗီလာမှာ အငှားနဲ့ ကစားနေတဲ့ ရက်ဂီလွန်ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပြီး ကစားသမားဘက်ကလည်း ဒီသတင်းတွေကို ပယ်ချခြင်းမရှိတာကြောင့် မီဒီယာတွေရဲ့ ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး နည်းပြ ဖရန့် လမ်းပတ် အတွက်တော့ စိတ်ချမ်းသာစရာ သတင်းတွေ ဖြစ်နိုင်ပေမယ့် ချဲလ်ဆီးတာဝန်ရှိသူတွေအနေနဲ့တော့ ဘဏ္ဏာရေးချိန်ညှိဖို့ ကစားသမားအရောင်းဘက်ကို အထူးအာရုံစိုက်လုပ်ဆောင်သွားရဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.