Bundesliga Premier League Transfer News

ယူေကမွာ အေျပာင္းအေရႊ႕အတြက္ ေစာင့္ဆုိင္းေနၿပီး ရက္ပါေတြနဲ႔ ပါတီမွာ ေတြ႕ခဲ့ရတဲ့ ဆန္ခ်ဳိ

မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ ေတာ္ေတာ္ႀကီး ေလးေလးနက္နက္ သတင္းေတြ ထြက္ေနခဲ့တဲ့ ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိကေတာ့ အဂၤလန္ႏုိင္ငံကို ျပန္လည္ေရာက္ရွိေနၿပီး ႏွစ္ဖက္အသင္းၾကား သေဘာတူညီမွဳကို ေစာင့္ဆုိင္းေနတယ္လို႔ စေနေန႔ညက ပါတီတစ္ခုမွာ ေတြ႕ခဲ့ရတဲ့ ပုံေတြနဲ႔အတူ မီဒီယာေတြေပၚ ပ်ံ႕ႏွံ႔ေရာက္ရွိေနခဲ့ပါတယ္။

လာမယ့္ တနလၤာေန႔မွာ အၿပီးအျပတ္ သေဘာတူညီမွဳ ရရွိေအာင္ ကမ္းလွမ္းဖို႔ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္ဘက္က သတိေပးထားခဲ့တဲ့ အဂၤလန္လက္ေရြးစင္ကစားသမားရဲ႕ အေျပာင္းအေရႊ႕အတြက္ ယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ အတတ္ႏုိင္ဆုံး အဆင္ေျပေအာင္ လုပ္ေဆာင္ဖို႔ရွိေနၿပီး ပရိသတ္ေတြလည္း ေမွ်ာ္ရတာ အေတာ္ေလး လည္ပင္းရွည္ေနခဲ့ၾကၿပီျဖစ္ပါတယ္။

ဆန္ခ်ဳိကေတာ့ အေျပာင္းအေရႊ႕အတြက္ အေသးစိတ္ အခ်က္အလက္ေတြကို ေဆြးေႏြးရင္ အဆင္သင့္ျဖစ္ေနေစဖို႔ ေဒါ့မြန္အသင္းရဲ႕ ရာသီႀကဳိ ျပင္ဆင္မွဳေတြကေန အဂၤလန္ႏုိင္ငံက အိမ္ကို ျပန္လည္ေရာက္ရွိေနၿပီး ပါတီပြဲဆင္ႏႊဲခဲ့ရာမွာ ယူေကရဲ႕ နာမည္ႀကီး ရက္ပါအတြဲျဖစ္တဲ့ Krept and Konan တို႔နဲ႔အတူ ေတြ႕ျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။

သူ႕ကို ကမာၻ႕ေဈးအႀကီးဆုံး အဂၤလိပ္ကစားသမားျဖစ္လာေစမယ့္ ေပါင္ ၁၀၈ သန္း (ယူ႐ိုသန္း ၁၂၀) တန္ သေဘာတူညီမွဳအတြက္ ေစာင့္ဆုိင္းေနတဲ့ ဆန္ခ်ဳိကို အုိးလ္ထရက္ဖို႔ဒ္ရဲ႕ ဂႏၴဝင္ေတြ၊ ကစားသမားေဟာင္းေတြနဲ႔ အနာဂတ္အသင္းေဖာ္ေတြကလည္း အလိုရွိေနၾကၿပီး ဂ်ာမန္ေျမက သတင္းေတြအရေတာ့ ဆန္ခ်ဳိကို ယူႏုိက္တက္ဘက္က စိတ္ဝင္စားမွဳမ်ဳိး ဘယ္အသင္းကမွ ေဒါ့မြန္ဆီ ကမ္းလွမ္းတာမ်ဳိး မရွိဘူးလို႔လည္း ထုတ္ေဖာ္ခဲ့ၾကပါတယ္။

ေဒါ့မြန္အသင္းနဲ႔အတူ ဘြန္ဒက္စ္လီဂါမွာ ၁၇ ဂိုးသြင္း၊ ၁၇ ဂိုးဖန္တီးခဲ့တဲ့ လူငယ္ၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ Call of Duty ဂိမ္းသမားေတြျဖစ္ၾကတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ ေပါလ္ ေပါ့ဘာ၊ ဘရန္ဒန္ ဝီလီယမ္စ္တို႔အပါအဝင္ သူတုိ႔နဲ႔အတူ ပုံမွန္ ပူးေပါင္းကစားေလ့ရွိတယ္လို႔ ဂ်က္ဆီ လင္ဂတ္က ထုတ္ေဖာ္သြားခဲ့ၿပီး ဆန္ခ်ဳိအေနနဲ႔ အုိးလ္ထရက္ဖို႔မွာ ကစားခြင့္အတြက္ တျခားကစားေဖာ္ေတြအျပင္ ဂိမ္းအဖြဲ႕ကလည္း ေစာင့္ဆုိင္းေနၿပီလုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ တော်တော်ကြီး လေးလေးနက်နက် သတင်းတွေ ထွက်နေခဲ့တဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကတော့ အင်္ဂလန်နိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး နှစ်ဖက်အသင်းကြား သဘောတူညီမှုကို စောင့်ဆိုင်းနေတယ်လို့ စနေနေ့ညက ပါတီတစ်ခုမှာ တွေ့ခဲ့ရတဲ့ ပုံတွေနဲ့အတူ မီဒီယာတွေပေါ် ပျံ့နှံ့ရောက်ရှိနေခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့မှာ အပြီးအပြတ် သဘောတူညီမှု ရရှိအောင် ကမ်းလှမ်းဖို့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်ဘက်က သတိပေးထားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ဆောင်ဖို့ရှိနေပြီး ပရိသတ်တွေလည်း မျှော်ရတာ အတော်လေး လည်ပင်းရှည်နေခဲ့ကြပြီဖြစ်ပါတယ်။

ဆန်ချိုကတော့ အပြောင်းအရွှေ့အတွက် အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးရင် အဆင်သင့်ဖြစ်နေစေဖို့ ဒေါ့မွန်အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုတွေကနေ အင်္ဂလန်နိုင်ငံက အိမ်ကို ပြန်လည်ရောက်ရှိနေပြီး ပါတီပွဲဆင်နွှဲခဲ့ရာမှာ ယူကေရဲ့ နာမည်ကြီး ရက်ပါအတွဲဖြစ်တဲ့ Krept and Konan တို့နဲ့အတူ တွေ့မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။

သူ့ကို ကမ္ဘာ့ဈေးအကြီးဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာစေမယ့် ပေါင် ၁၀၈ သန်း (ယူရိုသန်း ၁၂၀) တန် သဘောတူညီမှုအတွက် စောင့်ဆိုင်းနေတဲ့ ဆန်ချိုကို အိုးလ်ထရက်ဖို့ဒ်ရဲ့ ဂန္ထဝင်တွေ၊ ကစားသမားဟောင်းတွေနဲ့ အနာဂတ်အသင်းဖော်တွေကလည်း အလိုရှိနေကြပြီး ဂျာမန်မြေက သတင်းတွေအရတော့ ဆန်ချိုကို ယူနိုက်တက်ဘက်က စိတ်ဝင်စားမှုမျိုး ဘယ်အသင်းကမှ ဒေါ့မွန်ဆီ ကမ်းလှမ်းတာမျိုး မရှိဘူးလို့လည်း ထုတ်ဖော်ခဲ့ကြပါတယ်။

ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ၁၇ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီးခဲ့တဲ့ လူငယ်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ Call of Duty ဂိမ်းသမားတွေဖြစ်ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ပေါလ် ပေါ့ဘာ၊ ဘရန်ဒန် ဝီလီယမ်စ်တို့အပါအဝင် သူတို့နဲ့အတူ ပုံမှန် ပူးပေါင်းကစားလေ့ရှိတယ်လို့ ဂျက်ဆီ လင်ဂတ်က ထုတ်ဖော်သွားခဲ့ပြီး ဆန်ချိုအနေနဲ့ အိုးလ်ထရက်ဖို့မှာ ကစားခွင့်အတွက် တခြားကစားဖော်တွေအပြင် ဂိမ်းအဖွဲ့ကလည်း စောင့်ဆိုင်းနေပြီလို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.